January 02, 2012

နှစ်သစ်အတွက် ကချင်ပြည်နယ်၊ အင်ဂွန်ဂျာဝါမှနှုတ်ခွန်းဆက်လွှာ


During this political season let’s be reminded of these wise words:
You cannot help the poor by destroying the rich.
You cannot strengthen the weak by weakening the strong.
You cannot bring about prosperity by discouraging thrift.
You cannot lift the wage earner up by pulling the wage payer down.
You cannot further the brotherhood of man by inciting class hatred.
You cannot build character and courage by taking away men's initiative and independence.
You cannot help men permanently by doing for them, what they could and should do for themselves.
--Abraham Lincoln

အမေရိကန်သမ္မတကြီး၊ ကျွန်စနစ်ကိုတိုက်ဖြက်ခဲ့သူ အီဗရာဟင်လင်ကွန်းရဲ့စာပိုဒ်နဲ့ နှုတ်ခွန်းဆက်ပါတယ်။ သူကတော့ နိုင်ငံတည်အမေရိကန်နိုင်ငံကြီးတည်ဆောက်တဲ့အခါ၊ လူချမ်းသားများကိုအသုံးချခြင်း၊ အခွန်ပေးဆောာင်ခြင်း၊ မုန်းတီးမှုများပပျောက်ခြင်း၊ တီထွင်မှုနဲ့လွတ်လပ်မှုများကိုအားပေးခြင်း စတဲ့အချက်များဖြစ်ပါတယ်။ အင်အားကြီးသူ လူ(သို့မဟုတ်)အဖွဲ့အစည်းတခုကိုတိုက်ခိုက်ချင်လာတဲ့အခါမှာသူဟာ မိမိဘက်သားလား၊ ရန်သူ့ဘက်သားလား ..ဆိုတာခွဲခြားသိမြင်ရပါမယ်။ အမြဲတမ်းကြားနေဆိုတာတကယ်တော့ မရှိပါဘူး။ အကောင်းနဲ့အဆိုးတဖက်ဖက်မှာ ရပ်တည်ရပါတယ်။

ကမ္ဘာကျော် အိုင်ဖုန်း နဲ့ မက်ပန်းသီးကွန်ပြူတာ တီထွင်၊စီးပွားရေးဂုရုကြီး စတိဂျော့်ခ်ျ ရုတ်တရက်ကွယ်လွန်သွားလို့ တကမ္ဘာလုံးဝမ်းနည်းကြတယ်။ အသက်၅၀ကျော်ပဲရှိပေမဲ့ သေမင်းကိုမအံတုနိုင်ပါဘူး၊ သူ့ရဲ့ဆုတောင်းချက်ကို Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း ဒီဆုကိုပဲ Steve Jobs အမြဲတမ်းတောင်းခဲ့ ပါတယ်။ "ဆာလောင်မွတ်သိပ်ပါ... အရူးထပါ..." ။

ဒီလိုပါပဲ၊ ခပ်တည်တည်ကြီးနေထိုင်တတ်တဲ့ ကျွန်တော်ရဲ့ဘ၀မှာလည်း ခပ်ပေါပေါနေလိုက်ရင် စိတ်တွေပေါ့သွားပါတယ်။ ကျွန်တော့ရဲ့ လူကြီးမာန၊ ရွှေမြန်မာမြန်မာပြည်ဖွား၊တောင်ပေါ်သားမာန၊ မတောက်တခေါက်ပညာမာန၊ သေးငယ်လှတဲ့ပိုင်ဆိုင်မှုမာန၊ သူများမရောက်ဖူတဲ့နေရာငါရောက်ဖူးတယ်ဆိုတဲ့မာန၊ သူများကိုဆရာလုပ်ချင်တဲ့မာန ..စသဖြင့်သော Pride ဆိုတဲ့မာန်မာနဟာ လူဖြစ်နေတဲ့အတွက် ရှိသင့်ပါတယ်။ သို့သော် လူများစုကိုမထိခိုက်နိုင်ရင်အကောင်းဆုံးပါ။ မိမိရဲ့မာနကြောင့် မိမိကိုကူညီနေတဲ့မိသားစု၊လုပ်ဖေါ်ကိုင်ဖက်တွေကို ထိခိုက်သွားသလား နှစ်သစ်မှာ ပြန်ဆန်းဆစ်ပါတယ်။ ပြီးတော့ နှစ်သစ်မှာလဲ ပျော်ရွှင်စွာ၊ ဆာလောာင်မွတ်သိပ်..အရူထလိုက်ချင်ပါတယ်။ နောက်ဆုံး မိမိအိမ်၊ရေချိုးခန်းမျာပဲ ခရစ်စမတ်သီချင်းများ၊ ဟက်ပီနယူးရီးယားသီချင်းများကို ကျယ်လောက်စွာအော်ဟစ်သီဆိုလိုက်တော့ ပျော်ရွှင်ရပါတယ်။ ဆူညံလှတဲ့မြို့လည်ခေါင်မှာလဲ အသံထွက်ပြီးအော်ဟစ်သီချင်းဆိုလိုက်မိပါတယ်..။

The Voice Weekly ၏ CEO နှင့် Myanmar Egress ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင် ကွယ်လွန်သွားသည့် အတွက် အင်ဂွန်ဂျာဝါအနေနဲ့ ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။ Living Color Media ၏ CEO နှင့် မြန်မာ အီးဂရက်စ်၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင် (အသက် ၅ဝ နှစ်) ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၁ဝ မိနစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန် သွားပါတယ်။ မြန်မာပြည် မီဒီယာခေတ်သစ်ကို ဦးဆောင်သူတစ်ဦးဖြစ်ပါတယ်။

ကျွန်တော့သမီးဖြစ်သူ အသက်၂၅နှစ်အရွယ်မှာ၊ သူ့သူငယ်ချင်းတယောက် ခေါင်းမူတယ်ပြောပြီး မေ့လဲသွားလို့၊ ဆေးရုံပို့လိုက်တယ်။ ကွယ်လွန်သွားပါတယ်။ အမေရိကားမှာအခြေကျနေတဲ့မိတ်ဆွေမိသားစု မြန်မာပြည်နာဂစ်မုန်တိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်မျာ ကယ်ဆယ်ရေးလုပ်အားပေးနေရင်းက အတူပါလာတဲ့ ၆နှစ်သမီးငယ်လေးသေဆုံးသွားရှာပါတယ်။ ဘ၀ဆိုတာတိုတောင်းလှပါတယ်။ ဘာကြောင့်လူဖြစ်လာသလဲ၊ လူဖြစ်နေတုန်းဘာတွေလုပ်မှာလဲ။ ဒီလူ့ဘ၀ကနေဘယ်ဘ၀ကိုဆက်သွားမှာလဲ..ဆိုတဲ့မေးခွန်းအဖြေရှိရင် ngunjawa@gmail.com ဆီကိုပို့ပေးဖို့ တောင်းဆိုလိုပါတယ်။ ကျွန်တော်သိတာနဲ့ယှဉ်ကြည့်ချင်လို့ပါ။

မြန်မာပြည်မှ ကရင်လူမျိုးများစွာ ထိုင်း၊မလေးရှား၊အမေရိကားမှာ ဘုရားရှိခိုးတဲ့နေရာမှာ သူတို့သီဆိုတဲ့သီချင်းတပုဒ်ကို သတိရမိပါတယ်။ နှစ်သစ်၂၀၁၂အတွက် အောဟစ်သီဆိုရန်(သို့မဟုတ်) တိတ်ဆိတ်၊ငြိမ်သက်စွာသီဆိုရန်အတွက် ဖေါ်ပြလိုက်ပါတယ်။

ကောင်းကြီးရေတွက်၊
COUNT YOUR BLESSINGS
Words: John­son Oat­man, Jr., in Songs for Young Peo­ple, by Ed­win Ex­cell (Chi­ca­go, Il­li­nois: 1897). Music: Edwin O. Excell

မြေကြီးပေါ်မှာ ဆင်းရဲဒုက္ခရောက်သောခါ၊
မျှော်လင့်ခြင်းကင်း စိတ်ပျက်ခြင်းကိုခံရလျှင်
ခံစားရကောင်းကြိးမင်္ဂလာရေတွက်ပါ
ပြုသောမူသောကျေးဇူးတော်အံ့သြလိမ့်မည်။
(ထပ်ဆိုရန်)။ ကောင်းကြီးတစ်ခု နောက်တစ်ခုရေတွက်
ပြုတော်မူသောကျေးဇူးတော်ရေတွက်
ကောင်းကြီးရေတွက် တစ်ခုနောက်တစ်ခု
ယုံမှားခြင်းကင်း သီချင်းကိုသင်ဆိုလိမ့်မည်။

When upon life’s billows you are tempest tossed,
When you are discouraged, thinking all is lost,
Count your many blessings, name them one by one,
And it will surprise you what the Lord hath done.
(Refrain) Count your blessings, name them one by one,
Count your blessings, see what God hath done!
Count your blessings, name them one by one,
And it will surprise you what the Lord hath done.

အင်ဂွန်ဂျာဝါ

No comments:

Post a Comment