February 01, 2013

ရထားမှိုင်းခွဲတာနှင့် ပတ်သက်သ၍

ဇန်နဝါရီ ၁၁ရက် ၂ဝ၁၃

အစိုးရ မီဒီယာကနေ ကေအိုင်အေ က ရထားလမ်းတိုက်ခိုက်လို့ ဝေဖန်ကို တာကို အွန်လိုင်း ဗမာမျိုးချစ်တွေက ဝိုင်းထောက်ခံ၊ ဝိုင်းဆဲကြ၊ သဘောထားကြီးတယ်လို့ ကိုယ့်ကိုကိုယ်ပြောနေတဲ့ ဗမာတွေတောင် ကေအိုင်အေ လုပ်ရပ်ကို ဝေဖန်လာတာကို ကြားလာရတော့ အင်း….သတို့လည်း အစိုးရရဲ့ ဝါဒဖြန့်မှိုင်းတိုက်တာကို ကြောင်းကျိုးမစဉ်းစားပဲ တနည်းတဖုံလက်ခံလာတာကို တွေ့ရတယ်။ ကေအိုင်အေကပဲ အလကားသွေးဆာနေသလိုလိုနဲ့ ...

အစိုးရမီဒီယာနဲ့ လက်ကိုင်တုတ်မီဒီယာတွေကနေ ကေအိုင်အေက ရထားလမ်းကိုတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ချပြတာကို ဝိုင်းထောက်ခံ၊ ဝိုင်းဆဲဆိုကြတဲ့ အွန်လိုင်း မျိုးချစ်ဗမာ့သတ်မတော်များက ဆရာကြီးလေသံနဲ့ လူထင်ကြီးအောင် သမိုင်းကို မအအောင်သင်လို့သာ တစာစာအော်နေကြတာ…. မနေ့တနေ့ကပဲဖြစ်တဲ့ အဖြစ်အပျက်တွေကို မလေ့လာ၊ မမှတ်ထား၊ မသိချင်ယောင်ဆောင် နေတတ်ကြသကိုး။

ခဗျားတို့ မသိတော့လည်း N’gun Ja Wa ပြောပြရတာပေါ့….မှတ်ထားကြပေအုံး။ စစ်ဖြစ်ကတည်းကနေ အစုန်ရထား တခါမှ အတိုက်မခံရသေးဘူး။ ကေအိုင်အေ ချေမှုန်းဖို့ ဆိုပြီးပို့တဲ့ အဆန် ရထားတွေပဲ အတိုက်ခံရတာ။ အဆန်ရထားမှာတောင် လူစီးရထား တခါမှ မတိုက်ခံရဘူး။ (စစ်)ပစ္စည်းတွေတင်လာတဲ့ ကုန်ရထားပဲ တိုက်ခံရတာ။ တနေ့က ဟိုပင်မှာကွဲတဲ့ရထားက ခေါက်ပြန်ခေါ်တဲ့ ရထား။ လူစီးတတွဲပဲပါတယ်။ ရထားကဝန်ထမ်းတွေတောင် အစုန်ကို ဘာမှ မကြောက်မရွံ့ ဆင်းနေကြတယ်။
ကေအိုင်အေ ကသာ ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ချင်ရင် ရထားကို အစုန်/အဆန် ရွေးနေ စရာမလိုဘူး။ အခုတော့ အဆန် ရထားကြီးပဲလုပ်တာကို ဘာလို့ တွေးစရာအဖြစ် စဉ်းစားတာလဲ။

ဟိုတလော မိုးညှင်းနားမှာ မိုင်းကွဲတုန်း ကြုံခဲ့တဲ့ မိတ်ဆွေတယောက်ပြေပြတာ မိုင်းခွဲတဲ့ ကေအိုင်အေ ကအနားမှာပဲရှိတယ်တဲ့။ မြူပိတ်နေလို့ မမြင်ရပေမယ့် သူတို့ရှိတဲ့နေရာကနေ အသံပေးပြီး ဗမာစစ်သားတွေကို လာခဲ့ဖို့ ခေါ်တာ (ပစ်ကြရင် လူထိမှစိုးလို့)…… ဘယ်သူမှ မသွားရဲကြဘူး…ဟဟဟ

မသိလည်း သေချာလေ့လာပြီး ဟောင်ကြကုန် စစ်ခွေးအပေါင်းတို့… မှတ်မိအောင်ထပ်ပြောမယ် မိုင်းခွဲခံရတဲ့ ရထားတွေက ကချင်မြေကို တက်လာတဲ့ အဆန် ရထားကြီးပဲ။ အဆန် ရထားတောင်မှ ကုန်တွဲနော်….. မှတ်ထားကြ….

No comments:

Post a Comment