March 01, 2013

ငြိမ်းချမ်းရေး သည်ရောင်းကုန်မဟုတ်

ကရိုင်ဘရန်ရှောင်

" ငြိမ်းချမ်းရေးသည် ရောင်းကုန်မဟုတ်။ ဒါကြာင့် ငြိမ်းချမ်းရေးအတွက် ပွဲစားမလို။ ငြိမ်းချမ်းစေဖို့ မငြိမ်းချမ်းအောင် ဖန်တီးခဲ့တဲ့ တာဝန်ရှိပုဂ္ဂိုလ်များ ကိုယ်တိုင် စစ်မှန်သောစိတ်ဓာတ်ဖြင့် တာဝန်သိသိ အမှားပြင်ရမည်။ ပွဲစားခေါ်ပြီး ကိုယ့်သောက်တလွဲကို မိတ်ကပ်လိမ်းခိုင်းလို့ မရဘူး။

ကိုယ့် သောက်တလွဲကို ခြောက်ပြီး ချော့ပြီး လက်ခံခိုင်းလို့မရဘူး။ ထိုငြိမ်းချမ်းရေးကို ဖျက်ဆီးနေသူများအား  သူတို့ သောက်ကျင့်ယုတ်မှုများကို မျက်ကွယ်ပြုပြီး ဂျာဂွန်လှလှများဖြင့် ပေါလစ်တင်နေသူတွေဟာ လူထုသစ္စာဖောက် ဖောက်ပြန်ရေးသမားတွေသာဖြစ်တယ်။

အလောင်းကောင်ကို အလှပြင်ပေးတာကို ဝါသနာဗီဇအရလို့ နားလည်ပေးနိုင်ပေမယ့်။ ကိုယ်ပြင်ပေးတဲ့ အလောင်းကောင်က မှုန်နေအောင်လှနေပါစေ... မကြာခင်မှာ ပျက်ဆီးပျောက်ကွယ်သွားမယ်ဆိုတာ သတိချပ်သင့်တယ်"


No comments:

Post a Comment