March 03, 2013

ပြန်ကြားရေး ၀န်ကြီး ဌာနက ဒု- ညွှန်မှူး ဦးမျိုးဝင်း ယာဉ်ကြောင်းပြောင်းပြန်မောင်းပြီး ကားတိုက်




(Than Hteik Zaw)


ကားကို လမ်းပြောင်းပြန် မောင်းပြီး နေပြည်တော်မှာ ဘယ်သူ့ကိုမှ ဂရု မစိုက်ဘူး ဆိုတဲ့ ပြန်ကြားရေး ၀န်ကြီး ဌာနက ဒု- ညွှန်မှူး ဦးမျိုးဝင်း

၂-၃-၂၀၁၃ ရက်နေ့ ည ၁၀း၀၀ နာရီ လောက်က ဇမ္ဗူသီရိ၊ ဘောဂသိဒ္ဓိ ရပ်ကွက် ရှိ မြ၀တီ ဓါတ်ဆီ ဆိုင် အရှေ့မှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ Van အဖြူရောင် ကားနံပါတ် ၆ခ/၁၂၀၀ ကို မောင်းနှင် လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ဒု- ညွှန်မှူး ဦးမျိုးဝင်းဟာ အရက် အလွန် အကျွန် မူးနေပြီး၊ မတ်တတ်တောင် ကိုယ်တိုင် ကောင်းကောင်း မွန်မွန် မရပ် နိုင်တဲ့ အနေအထား ရှိ နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လမ်းသွား လမ်းလာ များက အမြင်မတော်လို့ ၀င်ရောက် ကူညီ ရာမှာ ဦးမျိုးဝင်းက ကားပေါ်က ဆင်းလာပြီး ကားနဲ့ အတိုက် ခံရလို့ လမ်းပေါ် သွေးအိုင်ထဲ လဲနေတဲ့ မွန် ပြည်နယ်က အားကစား သမားလေးတွေ ကို မိုက်ရိုင်းစွာ အော်ဟစ် ဆဲဆို နေတာ တွေ့ရ ပါတယ်။

အဲသည် အပြင် လာရောက် ကူညီ သူတွေကိုပါ “ မင်းတို့က ဘာကောင်း တွေလဲ .. ငါ ဘာကောင်လဲ .. သိလား .. ဘယ်သူ့ ကိုမှ သောက် ဂရု မစိုက်ဘူး ” စတဲ့ ရိုင်းပျတဲ့ အသုံး အနှုန်းတွေ ပြန်ကြားရေး က ဗိုလ်မှူး ဆိုတဲ့ အသုံး အနှုန်းတွေ နဲ့ အာဏာရှင် ဆန်စွာ ပြုမူ ခဲ့တာတွေ ကို သက်သေ မြောက်များ စွာရှိနေ ပါတယ်။ ဦးမျိုးဝင်း ဟာ သူကိုယ်တိုင် လူမှန်း သူမှန်း မသိအောင် မူးရူး နေပေမယ့် သူ့ရဲ့ ရာထူး နဲ့ ပြုမူ ပြောဆို ဆောင်ရွက်ခဲ့ တာကြောင့် ၀န်ကြီး ဌာနမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ယဉ်မှု စစ်မှ ပုဂ္ဂိုလ်များ၊ ပြည်ထဲရေး ၀န်ကြီး ဌာနမှ ပုဂ္ဂိုလ်များ ကို လေးစား စွာနဲ့ အသိပေး ချင်ပါတယ်။ ယခု ဖြစ်တဲ့ ကိစ္စတွေကို ကြည့်ရင် ဦးမျိုးညွန့်ဟာ ဥပဒေနဲပ ညီညွတ်စွာ သွားလာခြင်း မရှိတဲ့အပြင် ရာထူး အာဏာ ကိုပါ အလွဲသုံးစား လုပ်တာကြောင့် ထိထိ ရောက်ရောက် ပြင်းထန်စွာ အပြစ်ပေး အရေးယူ စေချင်ပါတယ်။ ဦးမျိုးဝင်း ရဲ့ လုပ်ရပ်တွေကို ပြည်သူ အများ သိအောင် တရားဝင် ထုတ်ဖော် ပြောဆို စေချင်ပါကြောင်း ကိုတင်ပြ ပါတယ်။





No comments:

Post a Comment