March 29, 2013

သမ္မတဦးသိန်းစိန် ဧပြီလ၊တရုပ်ပြည်ခရီးစဉ်နှင့် အမေရိကန်၊တရုပ်၊မြန်မာ



ဝတ်မှုန်
မတ်-၃၀ -၂၀၁၃


တရုပ်သမ္မတသစ် ရှီဂျင်ပင်း Xi Jinping  ၂၀၁၃ မတ် ၁၄ ရက်နေ့ စတင်တာဝန်ထမ်းဆောင်ပါတယ်။ ၂၀၁၁ မတ် ၃၀ မှာ ခေါင်းဆောင်ဖြစ်လာတဲ့ မြန်မာသမ္မတဦးသိန်းစိန်ကို ဖိတ်ကြားတဲ့အတွက် ဧပြီလ ၆ - ၈ ခရီးစဉ်ထွက်မယ်လို့ ဘီဘီစီ ၀က်ဆိုဒ်မှာဖေါ်ပြထားပါတယ်။ သမ္မတဖြစ်ပြီး တတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်ပါတယ်။ ဟိုင်နန်ပြည်နယ်မှာကျင်းပမဲ့ Boao အာရှဆိုင်ရာ ညီလာခံကို တက်ရောက်မယ်ဖြစ်ပါတယ်။

မြန်မာပြည်-တရုပ်ပြည် ၂နိုင်ငံဆက်ဆံရေး အရေးကြီးကြောင်း ပြသတဲ့ခရီးစဉ်ဖြစ်မှာပါ။ တရုပ်ပြည်ဟာ ယခင်က မြန်မာစစ်အစိုးရဟောင်းကို သြဇာအရှိဆုံး နိုင်ငံဖြစ်ပေမဲ့ အခုတော့ အမေရိကန်-မြန်မာ ဆက်ဆံရေးကောင်းလာပြီး၊ သမ္မတအိုဘားမားကိုယ်တိုင် မြန်မာပြည်လာရောက်သွားခြင်း၊ အာစီယံအဖွဲ့၊ အိန္နိယ စတဲ့ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး ကိစ္စတွေမှာ မြန်မာနိုင်ငံအခန်းကဏ္ဍ အရေးပါလာပြီဖြစ်တယ်။

မန်မာသမ္မတ

အသစ်ချက်ချွတ် ပြဌာန်းထားခဲ့တဲ့ အခြေခံဥပဒေအရ၊
ယခင်စစ်ခေါင်းဆောင်ကြီး ဦးသန်းရွှေချမှတ်ထားတဲ့ လမ်းစဉ်ကို ဦးဆောင်ဖို့ ရွေးချယ်တင်မြှောက်ခံရသူဖြစ်ကြောင်း မြန်မာလူမျိုးတိုင်း သိကြပါတယ်။ ၅နှစ်တကြိမ် လွှတ်တော်ရွေးကောက်ပွဲက အစိုးရအဖွဲ့ခေါင်းဆောင်ကို တင်မြှောက်ရာမှာ စစ်တပ်၊ လွှတ်တော် ၂ခုသဘောတူတဲ့လူ သမ္မတဖြစ်လာပါတယ်။ အမေရိကန်၊ အင်ဒိုနီးရှား တွေလို ပြည်သူက တိုက်ရိုက်တင်မြှောက်တဲ့ သမ္မတမဟုတ်ပဲ၊ လွှတ်တော်က ရွေးကောက်တဲ့ သမ္မတဖြစ်ပါတယ်။ စစ်တပ်၂၅% လွှတ်တော်ကိုယ်စားလှယ်များ သဘောတူရပါမယ်။ စစ်ရေးအမြင်ရှိရမယ်၊ သားသမီး၊အိမ်ထောင်ဘက် နိုင်ငံခြားသားမဖြစ်ရ ဆိုတဲ့စည်မျဉ်းကို ထည့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက် သမ္မတရွေးခံရဖို့ လက်ရှိ အခြေခံဥပဒေအရ မဖြစ်နိုင်ပါ။ အခြေခံဥပဒေကို ဖတ်ကြည့်ရင် သမ္မတကို လွှတ်တော်ကခန့်အပ်ရမယ်လို့ ရေးထားပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်ဟာ စစ်အစိုးရဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး၊ ဦးသန်းရွှေရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

တရုပ်သမ္မတ

ကွန်မြူနစ်တရုပ်ပြည်မှာ ဥက္ကဌကြီးမော်စီတုန်း ခေါင်းဆောင်ခဲ့စဉ်ကတည်းက တိုင်းပြည် နံပါတ်(၁)ခေါင်းဆောင်ကို ဥက္ကဌကြီး Chairman လို့ခေါ်ခဲ့ပါတယ်။ ၁၉၈၂ နောက်ပိုင်းမှာ စာလုံးအသစ် သမ္မတ President လို့ သုံးနှုန်းပါတယ်။ NPC လို့ခေါ်တဲ့ National People's Congress ကွန်ကရက်လက်အောက်က၊ တရုပ်နိုင်ငံရဲ့ဥပဒေပြုအဖွဲ့မှ သမ္မတရွေးချယ်ခြင်း၊ ရုတ်သိမ်းခြင်းများကို ပြုလုပ်ပါတယ်။ ၅နှစ်သက်တမ်းဖြစ်ပါတယ်။ သက်တမ်း၂ကြိမ်ထက်ပိုမလုပ်ရ လို့ ဥပဒေသတ်မှတ်ထားပါတယ်။ (မြန်မာနိုင်ငံသမ္မတ ဥပဒေမှာ ဒီအချက်မပါ)။

သုံးသပ်ချက် (အမေရိကန်၊တရုပ်၊မြန်မာ)

နိုင်ငံတခု၊ အုပ်ချုပ်ရေးစနစ်တခုမှာ ခေါင်းဆောင်ပြောင်းရင်၊ ထောက်ခံသူနိုင်ငံခေါင်းဆောင်များက ဦးစွာ သ၀ဏ်လွှာပို့ခြင်း၊ ၂နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခြင်း လုပ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံလို သြဇာနည်းပြီး၊ မကြွယ်ဝတဲ့နိုင်ငံရဲ့ ခေါင်းဆောင်သစ် သမ္မတဦးသိန်းစိန် ခေါင်းဆောင်ဖြစ်တာနဲ့ တရုပ်ပြည်ခေါင်းဆောင် (ယခင်တရုပ်သမ္မတ Hu Jinto)ထံ သွားရောက်တွေ့ဆုံရပါတယ်။ အခုလည်း တရုပ်ခေါင်းဆောင်သစ် သမ္မတရှီဂျင်ပင်း ဆီလည်း ရှေးဦးစွာသွားရောက်တွေ့ဆုံရပါတယ်။ အမေရိကန် သမ္မတအိုဘားမား ရှိတဲ့ အမေရိကားကို သမ္မတဦးသိန်းစိန် အရင်သွားရောက်တွေ့ဆုံပြီး၊ အမေရိကန်သမ္မတအိုဘားမား မြန်မာပြည်ကို သမိုင်းဝင်ခရီးစဉ် လာရောက်လည်ပတ်သွားတာကတော့ မြန်မာအစိုးရသစ်ရဲ့ အောင်မြင်မှုကြီးတစ်ခုဖြစ်ပါတယ်။ ယခင် တရုပ်သမ္မတကတော့ မြန်မာပြည် အလည်မလာခဲ့ပါဘူး။ တရုပ်သမ္မတသစ်ကြီးလည်း မကြာခင် မြန်မာပြည်ကိုလာလည်မလား လို့ စောင့်မျှော်ကြည့်ရှုရပါဦးမယ်။ သေချာပေါက်ဆွေးနွေးမှာတော့ တရုပ်လက်နက်ရောင်းချရေး၊ ဓါတ်ငွေပိုက်လိုင်း၊ ကြေးနီစီမံကိန်း၊ ကချင်ပြည်နယ် ကျောက်စိမ်း ၊ရွှေ၊ ကျွန်းသစ် ကိစ္စတွေပါ။ တရုပ်နဲ့အိန္နိယ၂ခုကြားမှာရှိတဲ့ ကချင်ပြည်နယ် လက်နက်ကိုင်တိုက်ပွဲများ၊ ငြိမ်းချမ်းရေးကိစ္စကို သမ္မတ၂ ဦးဆွေးနွေးကြမလား ဆိုတာကာတော့ ကချင်ပြည်နယ်သားများအတွက် မျှော်လင့်ချက်ဖြစ်ပါတယ်။



No comments:

Post a Comment