May 15, 2013

Alternate Energy Chinese Tycoons တရုပ်၊ပညာရှင်သူဌေး၅ဦး

နေရောင်ခြည်၊ လေရဟတ် လျှပ်စစ်လုပ်ငန်းရှင် ၅ဦးအကြောင်းဖြစ်ပါသည်။

ထိုစာအုပ်တွင် သူဌေးကြီးများ ၁၀၅ဦးအကြောင်း တစ်မျက်နှာစီ ရေးထားပါသည်။ မော်တော်ကား Automotive (၆)ဦး၊ အ၀တ်အထည်လုပ်ငန်း Clothing (၁၃)ဦး၊ ကွန်ပြူတာ၊အီလက်ထရွန်းနစ် (၆)ဦး၊ အစားအသောက်လုပ်ငန်း (၈)ဦး၊ အင်တာနက်လုပ်ငန်း (၁၄)ဦး၊ ရင်းနှီးမြှတ်နှံလုပ်ငန်း (၅)ဦး၊ သယံဇာတထုတ်လုပ်ငန်း (၈)ဦး၊ အိမ်မြေ၊တိုက်တာလုပ်ငန်း (၁၁)ဦး၊ ကုန်စုံဆိုင်လုပ်ငန် (၄)ဦး၊ လူသုံးကုန်လုပ်ငန်း (၄)ဦး၊ အထွေထွေလုပ်ငန်း (၁၆)ဦး. .. တို့အကြောင်း ဒေါင်းလုပ်ဖတ်နိုင်ပါသည်။
 http://mingalaronline.biz/chinese100.pdf


ဘ၀အစပြုခြင်း
Shandong မှာ ၁၉၅၈ခုနှစ်မွေးခဲ့သည်။ သူ၏ တရုပ်ပြည်လုပ်ငန်းရှင်များတွင် စံပြုထိုက်သူဖြစ်သည်။ တရုပ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးအပြီး ကံကောင်းစွာဖြင့် တက္ကသိုလ်ပညာပြီးနောက်၊ အစိုးရ ဘူမိဗေဒစွမ်းအားဌာနတွင် oil equipment engineer အဖြစ်အလုပ်လုပ်ခဲ့သည်။

ပြောင်းလဲမှုကြီး
အသက်၁၉နှစ်အရွယ်မှာ သူ့ ရဲ့ တက္ကသိုလ်ပါမောက္ခပြောတာ ကြားခဲ့သည်။ အနှစ်၅၀ကြာရင် ကမ္ဘာ့ရေနံများကုန်ခန်းသွားမယ် ဟု ဆိုသည်။  ထိုအတွေးခေါ်မှု အမြဲစိတ်ထဲရှိနေပြီး နေရောင်ခြည်နဲ့ရေအပူပေးစက်ကို ညနေပိုင်းအချိန်များတွင် တီထွင်ဒီဇိုင်းလုပ်လေ့ရှိသည်။ မိတ်ဆွေ၊ ဆွေမျိုးများကို မိမိလုပ်ထားသည့် စက်ကလေးများ လက်ဆောင်ပေးတတ်သည်။  သူ့စက်ရုံအုပ်ချုပ်သူက ဒီဇိုင်းကို ကြိုက်နှစ်သက်မှုနဲ့ စီးပွားဖြစ်လုပ်လို့ရနိုင်ဟု သိရှိခဲ့ရသည်။ ၁၉၉၅မှာ အစိုးရအလုပ်ကထွက်ပြီး Himin Solar ကုမ္ပဏီကို စတင်ခဲ့သည်။

သူ့အကြောင်း
Himin ကုမ္ပဏီသည် အခုအခါ တရုပ်ပြည် အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး ရေအပူပေးစက်ထုတ်လုပ်ပါသည်။ တစ်နှစ်တွင် အလုံးရေ တစ်သန်း ထုတ်လုပ်သည်။ သူ၏မြို့ Dezhou သည် တနိုင်ငံလုံးဆိုင်ရာ နေရောင်ခြည်စက်မှုလုပ်ငန်း ဗဟိုအချက်ချာဒေသ ဖြစ်လာသည်။ ကုမ္ပဏီရဲ့ ဌာနချုပ် (Sun-Moon Mansion) ဆိုလျှင် ကမ္ဘာပေါ်တွင် နေရောင်ခြည်းစွမ်းအင် အဓိကသုံးစွဲနေသည့် အဆောက်အဦးဖြစ်သည်။ ထိုဌာနချုပ် ဂေါက်သီးကစားကွင်းတွင် နေရောင်ခြည်စွမ်းအင်သုံး ကားအငယ်လေးများကို တွေ့နိုင်သည်။

နိုင်ငံရေးနယ်မြေ
၁၀ကြိမ်မြောက်ကွန်ကရက် ကိုယ်စားလှယ်ဖြစ်ပြီး၊ နိုင်ငံရေးလောကထဲကို အောင်မြင်စွာဝင်ရောက်ခဲ့သည်။ Law on Renewable Energy ဥပဒေကို ရေးဆွဲအတည်ပြုအောင် ၂၀၀၆မှာ ဦးဆောင်လုပ်နိုင်ခဲ့သည်။ နေရောင်ခြည်စွမ်းအင်သုံးပြီး လူမှုပြသနာများကို ဖြေရှင်းဖို့ ရည်ရွယ်ချက်ရှိသည်။ လှုပ်ရှားမှု Motion ကိုအခြေခံသည့် နေရောင်ခြည်စွမ်းအားသုံး အိမ်သာများကို လယ်သမား သန်းပေါင်း၁၀၀အတွက် သုံးပေးရန် အဆိုပြုထားသည်။ လယ်သမားများ အလုပ်ခွင်တွင်  အိမ်သာမသုံးကြပါ။

ဝါသနာ
ဘောလုံးကန်ပါသည်။ Dezhou League ဘောလုံးအသင်းမ အသက်ကြီးဆုံးဘော်လုံးသမားဖြစ်သည်။ ရှေတန်း ဂိုးသွင်းတိုက်စစ်မှုး ဖြစ်သည်။

ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၃၈၀သန်း၊ Rank 763 on Huran Rich List 2011.

 



ဘ၀အစပြုခြင်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းရှင် ၁၉၆၃ တရုပ်ပြည်မှာမွေးဖွားခသည်။ သူအရပ်ဒေသတွင် ငတ်မွတ်ခေါင်းပါးခြင်းကြောင့် သေကြေမှုအကြီးကျယ်ဖြစ်တဲ့အချိန် ချို့တဲ့လှတဲ့ မိဘ၂ပါးဟာ ကလေးအကြီး (အကိုဖြစ်သူ) ကို ဆက်လက်ကျွေးမွေးနိုင်သော်လည်း အငယ်ဖြစ်သူ Shi Zhengrong ကို တခြားမိသားစုတစ်ခုဆီ ပေးပစ်ခဲ့ရသည်။

ပြောင်လဲမှုကြီး
အင်္ဂလိပ်စကား ကောင်းကောင်းကျွမ်းကျင်မှုကြောင့်၊  သြစတြေးလျှားနိုင်ငံ ပညာချွန်ဆုကို ရရှိခဲ့သည်။ တက္ကသိုလ်တွင် ဆိုလာဆဲလ်ဖခင် ဟု ဆုတဆိပ်များရရှိသော ပါမောက္ခ Martin Green ၏ ဓါတ်ခွဲခန်းတွင် လေ့လာသင်ကြား၊ လုပ်ကိုင်ခဲ့ရသည်။ မူပိုင်ခွင့် Patent ၁၀ခု ရရှိခဲ့ချိန်မှာ၊ သူတို့ ဒေါ်လာသန်း၅၀တန် လုပ်ငန်းကို Pacific Solar Power ကုမ္ပဏီမှ ရရှိခဲ့သည်။

၂၀၀၁တွင် သြစတြေးလျှားတွင် ၁၀နှစ်ကြာနေထိုင်ခဲ့သူ Shi တရုပ်ပြည်ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ တရုပ်အစိုးရ၏ ထောက်ခံမှုရန်  တရုပ်စကား die to eat globefish အတိုင်း အသေအလဲ ကြိုးစားတော့သည်။ ရလဒ်မှာ ကောင်းပေသည်။ Wuxi အစိုးရမြူနီစပယ်က သူ၏ကုမ္ပဏီသစ် Suntech အား ကူညီရန် ဆွဲဆောင်နိုင်ခဲ့သည်။

ကြီးပွားလာခြင်း
ဆိုလာဆဲလ် (Solar Panel) ပစ္စည်းအမှာစာမှာ နှေးကွေးလှသည်။ ၂၀၀၂-၂၀၀၄ ကာလတွင် သူ၏လစာ ၂၅%သာ ရရှိခဲ့သည်။ ကိုယ်တိုင်ပြည်ပ လနှင့်ချီခရီးထွက်ပြီး သူတို့ကုမ္ပဏီပစ္စည်းအတွက် ဈေးကွက်ရှာရသည်။ ဈေးကွက်အပြောင်းလဲဖြစ်လာပြီး ဂျာမဏီမှ အထူးအမှာစာများရရှိခဲ့သည်။ ယခုအခါ နိုင်ငံပေါင်း ၈၀သို့ သူတို့ပစ္စည်းများ ရောင်းချလျှက်ရှိသည်။

သူ့အကြောင်း
၂၀၀၆ ဇန္န၀ါရီတွင် Suntech Power အမေရိကန် NYSE စတော့ဈေးကွက်တွင် ထည့်သွင်းနိုင်ခဲ့သည်။ တခဏချင်းပင် Shi သည် တရုပ်ပြည်အချမ်းသာဆုံးလူ ဖြစ်လာသည်။ Suntech သည် ယခုအခါ ဆိုလာဆဲလ် နဲ့ မိုဂျူးများ ထုတ်လုပ်သူ ကုမ္ပဏီအကြီးဆုံးစာရင်းဝင် ဖြစ်လာသည်။ အမေရိကန်သမ္မတ အိုဘားမား၏ အစိမ်းရောင်စွမ်းအင် စီမံကိန်းကို အသုံးချပြီး အရီဇိုးနားပြည်နယ်တွင် ဆိုလာဆဲလ် စက်ရုံတည်ဆောက်ပြီး၊ ၂၀၁၁တွင် ဖွင့်လစ်ခဲ့သည်။

သို့သော် တကမ္ဘာလုံး ဆိုလာဆဲလ် ထုတ်လုပ်မှု အလွန်မြားပြားလွန်းမှုကြောင့် Suntech အဖို့ ယခင်ကလောက် မချောမွေ့တော့။ နိုင်ငံအစိုးရများ၏ ဘတ်ဂျတ်ဖြက်တောက်မှုကြောင့် လုပ်ငန်းများ ကျဆင်းလာခဲ့သည်။ ၂၀၁၂ ပထမ၄လပိုင်းတွင် ၄၀% ဈေးကျသွားသည်။ တိုးတက်မှုမရှိတော့ (zero growth) ဖြစ်နေသည်။ ပိုဆိုးသည်မှာ ဥရောပဆိုလာဆဲလ် ထုတ်လုပ်သည့်ကုမ္ပဏီများ စုပေါင်းပြီး တရုပ်ထုတ်လုပ်သူများကို ကုန်ကျစရိတ်ထက် လျှော့ရောင်းသည့် ဥရောပ ၇၀%ဈေးကွက်လုယူသည်ဟု စွတ်စွဲခံထားရသည်။ တရားစွဲရော်ကြေးတောင်းရန်အထိ ပြောဆိုနေသည်။

လက်ရှိအခြေနေ
ငွေကြေးဆုံးဆုံးမှု၊ လုပ်ငန်းကျဆင်းမှုများမှာ တရုပ်ပြည်မှာ ကြွယ်ဝချမ်းသာလှသော Shi အတွက် သိပ်ပူပင်နေပုံမရှိ။ သူကပြောသည်။ အမြတ်ရရှိဖို့ထက် လူသားများအတွက်အဖြေရှာဖို့ ပိုပြီးစိတ်ဝင်စားတယ် ..ဟုဆိုသည်။ သူတို့အိမ်ရဲ့ ရေကူးကန်ကို သားဖြစ်သူက ဗိလတ်မြေသုံးပြီး ဖို့နေခြင်းကို.. ဖြုန်းတီးမှုပဲ..လို့ပြောသည်။

ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၁၁၀၀သန်း၊ Rank 217 on Huran Rich List 2011.


 



ဘ၀အစပြုခြင်း
Gushi, Henan ပြည်နယ်မှ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည်။ ၁၀နှစ်ခန့် စစ်မှုထမ်းပြီး ၁၉၉၃တွင် ကုမ္ပဏီထောင်သည်။ ၁၉၉၃တွင် Shongshan Ming Yang Electric လျှပ်စစ်ကုမ္ပဏီ လျှပ်စစ်ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်း အဓိကထားခဲ့သည်။

ပြောင်းလဲမှုကြီး
၂၀၀၅တွင် လေစွမ်းအင်တာဘိုင်ကြီးများ Wind Turbine ထုတ်လုပ်သည့်ကုမ္ပဏီပြပွဲကို ကြည့်ရှုပြီးနောက် လေစွမ်းအင်ထုတ်လုပ်မှုသို့ ၀င်ရောက် လုပ်ဆောင်ခဲ့သည်။ နိုင်ငံခြားဒီဇိုင်းကိုသုံးပြီး ပြည်တွင်းတွင် Wind Turbine များထုတ်လုပ်ရန်ဖြစ်သည်။ သူ၏ လျှပ်စစ်ထိန်းသိမ်းမှုပညာ ကျွမ်းကျင်မှုကြောင့် သူလုပ်မည့်လုပ်ငန်းအောင်မြင်ရန် ယုံကြည်မှုရှိသည်။
သူ့လုပ်ဖေါ်ကိုင်ဖက်များက သူတို့ကုမ္ပဏီအငယ်စားမှ Wind Turbine ကြီးများထုတ်လုပ်ရန် သဘောမတူကြ။ သို့သော် Zhang က လက်မလျှော့ပါ။ နောက်တစ်နှစ်တွင် ထုတ်လုပ်သည့်ကုမ္ပဏီ  Guangdong Ming Yang Wind Power Technology ကို တည်ထောင်နိုင်ခဲ့သည်။

ကြီးပွားလာခြင်း
Zhang ပထမဆုံးအလုပ်မှာ တာဘိုင်ထုတ်လုပ်သည့် နည်းပညာရယူရေးဖြစ်သည်။ ဂျာမဏီနိုင်ငံမှာ Aerodyn ကုမ္ပဏီနှင့် စာချုပ်နိုင်ခဲ့သည်။ နှစ်ဦးပေါင်းပြီး ဒီဇိုင်းအသစ် ထုတ်လုပ်ခဲ့ကြသည်။ ဂျာမန်ကုမ္ပဏီမှာ သုတေသနလုပ်ငန်းများ Research & Development ကို လုပ်ဆောင်ပြီး၊ တရုပ်ကုမ္ပဏီက နမူနာစက် Prototype ထုတ်လုပ်ပြီး၊ တရုပ်ပြည်တွင်စမ်းသပ်ခဲ့သည်။ ဂျာမန်ကုမ္ပဏီ သိပ်စိတ်မပါသော်လည်း တရုပ်ပညာရှင်များ အပြင်းအထန်လုပ်ဆောင်ပြသမှုများဖြင့် ဂျာမန်များပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။

သူ့အကြောင်း
၂၀၀၇သြဂုတ်လတွင် Ming Yang ကုမ္ပဏီမှာ ပထမဆုံး လေမုန်တိုင်းအကြမ်းခံ 1.5 mW လေတာဘိုင်ကို ပြီးစီးခဲ့သည်။ ထို့နောက် အဆင့်၁၀ရှိသော တိုင်းဖုန်းမုန်တိုင်းကြီး၂ခုကို ခံနိုင်ကြောင်း လက်တွေ့စမ်းသပ်ပြခဲ့သည်။ ထိုနှစ်ကုန်ပိုင်းတွင် အမေရိကန်ကုမ္ပဏီကြီးများမှ အမှာစာ ၇၂ခု (ကန်ဒေါ်လာ ၁၀၉သန်း) ရရှိပြီး စာချုပ်ချု့ပ်ဆိုနိုင်ခဲ့သည်။
Zhang သည် တာဘိုင်အငှားလုပ်ငန်းကိုလည်း တရုပ်ဘဏ်ကြီးတစ်ခု ICBC ဖြင့်ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သည်။ ဘဏ်က Ming Yang တာဘိုင်များကို ၀ယ်ယူပြီး လျှပ်စစ်ထုတ်လုပ်သူများကို ငှားရမ်းခဲ့သည်။ ၂၀၀၉တွင် Ming Yang ကုမ္ပဏီတစ်နှစ်ဝင်ငွေ၏ ၃၀% သည် တာဘိုင်ငှားရမ်းသည့် လုပ်ငန်းမှ ရရှိခဲ့သည်။
Ming Yang နည်းဗျူဟာမှာ ကမ်းလွန်ရေနံ တာဘိုင်များကို ဦးတည်ရန်ဖြစ်သည်။ ကမ်းလွန်ရေနံလုပ်ငန်း တာဘိုင်၊ စွမ်းအင်သိုလှောင်ခြင်း၊ ဂရစ်နည်းပညာများနှင့် ဆက်စပ်အကျိုးပြုနိုင်ရန်ဖြစ်သည်။ ရည်မှန်းချက်မှာ ကမ်းလွန်ရေနံတွင်းများအတွက် Wind Turbine ဈေးကွက်တွင် ဦးဆောင်မှုရရှိရန်ဖြစ်သည်။  ၂၀၁၀တွင် အမေရိကန်စတော့ဈေးကွက်တွင် ကန်ဒေါ်လာသန်းပေါင်း ၃၅၀ဖြင့် စာရင်းသွင်းပြီးဖြစ်သည်။

ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၃၆၅သန်း၊ Rank ??? on Huran Rich List 2011.


 



ဘ၀အစပြုခြင်း
Zhang Yue   ၁၉၆၀မှာ Changsha ဒေသမှာ မွေးဖွားခဲ့သည်။ ကောလိပ်မှဝိဇ္ဖာဘွဲ့ရရှိပြီး နှစ်အနည်းငယ် ကျောင်းဆရာလုပ်ခဲ့သည်။ နောက်ပိုင်းတွင် ပုံဆွဲခြင်း၊ ကြော်ငြာခြင်း၊ အိမ်ဒီဇိုင်း စသည့်စီပွားရေးလုပ်ငန်းများလုပ်ကိုင်ရင်၊ မော်တော်ဆိုင်ကယ်နှင့် လေအေးစက်များ ရောင်းဝယ်လုပ်ငန်းကိုလည်း လုပ်ကိုင်ခဲ့သည်။

အပြောင်းအလဲကြီး
၁၉၈၈ခုနှစ်တွင် Broad ကုမ္ပဏီကို ကန်ဒေါ်လာ ၄၅၀၀ ဖြင့် စတင်ခဲ့သည်။ တရုပ်အသံထွက် ..ကြီးမားပြီးဈေးကြီးသည် ဟု..အဓိပ္ပါယ်ရသည်။ ရည်ရွယ်ချက်မှာ မန်ချုးရီးယားတွင် အင်ဂျင်နီယာဘွဲ့ရသော ညီဖြစ်သူက မူပိုင်ခွင့်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ ထိုမူပိုင်ခွင့်မှာ ဖိအားမရှိသောဘွိုင်လာ pressure-free boiler ထုတ်လုပ်ပြီး၊ စက်ရုံများသို့ ရောင်းချရန်ဖြစ်သည်။

ကြီးပွားလာခြင်း
၁၉၉၂ တွင် လျှပ်စစ်မသုံးသည့် လေအေးစက်များ အမြောက်အများထုတ်လုပ်ရောင်းချရန် ကုမ္ပဏီ ဦးစားပေးခဲ့သည်။ ထိုအချိန်က တရုပ်ပြည်တွင် လျှပ်စစ်ဓါတ်အား မလုံလောက်မှုပြသနာကြီးကြောင့် ဖြစ်သည်။ Broad နည်းပညာမှာ အခြားလေအေးစက်များနှင့်မတူ၊ သဘာဝဓါတ်ငွေ (သို့မဟုန်) အခြားလောင်စာဖြင့် အအေးပေးအရည် lithium bromide ကိုအပူပေးခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနည်းပါးသည်။ အငွေများ အရည်ဖြစ်လာသောအခါ ပတ်ဝန်းကျင်ကို အေးစေသည်။ စွမ်းဆောင်မှု Efficiency မှာ လျှပ်စစ်သုံးခြင်းထက် ၂ဆခန့် ကောင်းသည်။ Broad ထုတ်လုပ်အားမှာ ၁၉၉၂တွင် ကန်ဒေါ်လာ ၀.၃ သန်းမှ ၁၉၉၆တွင် ကန်ဒေါ်လာ ၂၉၈သန်း အထိဖြစ်လာသည်။
၁၉၉၇တွင် နှေးကွေးသွားသည်။ သို့သော် ကုမ္ပဏီမှာ ၁၉၉၆ ကတည်းက အကြွေးမရှိပါ။ ရှယ်ရာပိုင်ရှင်များက အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန် တောင်းဆိုသော်လည်း Zhang က ငြင်းဆိုသည်။
၂၀၁၂တွင် ဆောက်လုပ်ရေးလုပ်ငန်းသို့ ၀င်ရောက်လုပ်ကိုင်ပြီး၊ ကမ္ဘာအမြင့်ဆုံး မျှော်စင်ကို Changsha တွင် ၇လအတွင်း အပြီးဆောက်မည် ဟု သတင်းထွက်နေသည်။

သူ့အကြောင်း
Zhang သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ၁၉၉၉-၂၀၀၁ အတွင်း စိတ်ဝင်စားခဲ့သည်။ လက်ရှိ ကာဘွန်ထုတ်လုပ်မှုများကြောင့် ကမ္ဘာကြီး ပျက်စီးမည့်အရေးကို သတိပေးခဲ့သည်။ သူကိုယ်တိုင်လည်း လက်တွေ့ကျင့်သုံးသည်။ ဥပမာ တရုပ်ပြည်၏ ပထမဆုံး ကိုယ်ပိုင်ဂျက်လေယဉ်ပျံ ပိုင်ဆိုင် ခရီးသွားခဲ့သူအဖြစ် ကြော်ကြားခဲ့သည်။ သို့သော် ပတ်ဝန်ကျင်ထိန်းသိမ်းရေးအတွက် ထိုလေယာဉ်၃စီးကို ရောင်းချပြီး လူစီးလေယာဉ်ဖြင့်ခရီးသွားခဲ့သည်။
သူ့ကုမ္ပဏီ ဌာနချုပ် Broad Town သည် Changsha တွင်တည်ဆောက်ထားသည်။ အဆောက်အဦမှာ  ကုမ္ပဏီအမှုထမ်း ၁၀၀၀ကျော် အတွက် ကမ္ဘာ့ပထမဆုံး ငလျှင်ခံနိုင်ပြီး၊၊ စွမ်းအင်အကျိုးရှိစွာ အသုံးချနိုင်ဆုံးဖြစ်သည်။ ၁၈၉၃ Bourneville တွင် George Cadbury က သူ့အမှုထမ်းများအတွက် စံနမူနာအဖြစ်  ရွာတည်ထောင်ခြင်းကဲ့သို့ ဒီဇိုင်းပြုလုပ်ထားသည်။ သူ့အလုပ်သမားများ ပျော်ရွှင်စွာနေထိုင်ဖို့ ဌာနချုပ်အဆောက်အဦများကို ပိရမစ်ပုံစံ၊ ရွိုင်ယယ်ပုံစံ၊ နန်းတော်ပုံစံများဖြင့် ဆောက်ပေးထားသည်။

ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၉၁၀သန်း၊ Rank 186 on Huran Rich List 2011.




ဘ၀အစပြုခြင်း
Zhu Gongshan ၁၉၅၈တွင် မွေးဖွားသည်။ လျှပ်စစ်အဓိက ပညာသင်ကြားခဲ့ပြီး၊ သူ၏မြို့ Funing တွင် ၁၉၇၈ အချိန်က လျှပ်စစ်ပစ္စည်းရောင်းသည့်လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ထိုအချိန်တွင် တရုပ်ပြည် စီးပွားရေးဖွင့်ကာ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည်။ ကိုယ်ပိုင်ကုမ္ပဏီ စတင်ခဲ့သည်။ အစိုးရမှတ်ပုံတင်ထားသော GCL Group ကို ပြည်ပတိုင်းပြည်များသို့ ထွက်ခွာပြီး တရုပ်နိုင်ငံ လျှပ်စစ်လုပ်ငန်းများတွင် ရင်းနှီးမြှတ်နှံမှုများ အတွက် နိုင်ငံခြားရင်းနှီးမှုများရရန် ရည်ရွယ်ခဲ့သည်။ ပထမဆုံး Solar Thermal Power Plant ကို Taicang တွင် စတင်နိုင်ခဲ့သည်။

အပြောင်းအလဲကြီး
၁၉၉၆ ခုနှစ်တွင် ဟောင်ကောင်မှ ပူးပေါင်း ရင်နှီးမြှတ်နှံသူမှာ Hong Kong Continental Mariner Investment ဖြစ်သည်။ အဓိက ပူးပေါင်းရင်းနှီးမြှတ်နှံသည့် တရုပ်ပြည်ကုမ္ပဏီမှာ Poly Group ဖြစ်သည်။ Poly Group သည် တရုပ်စစ်တပ်နှင့်နီးစပ်ပြီး တိန်ရှောင်ဖိန့်မိသားစုနဲ့လည်း နီးစပ်သည့် ကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီ အမည်မှာ GLC-Poly ဖြစ်သွားပြီး အာဏာပိုင်အသိုင်းဝိုင်းနှင့် နီးစပ်သွားတော့သည်။
နောက်ဆယ်နှစ်ကြာသောအခါ ဓါတ်အားပေးစက်ရုံ ၂၀ခု တည်ဆောက်ခဲ့ရာ၊ တရုပ်ပြည်၏ နိုင်ငံတော်အစိုးရပိုင် လျှပ်စစ်ကုမ္ပဏီကြီး ၅ခု ဘာမျှဝင်မစွတ်ခဲ့ပါ။ ၂၀၀၇တွင် GLC-Poly သည် ဟောင်ကောင် Stock List အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့သည်။
ကျောက်မီးသွေးမီးရှို့စွမ်းအင်နှင့် ဘိုင်အိုမတ်စ် Biomass Generators အများစုကို အသုံးပြုသည်။ ၂၀၀၆ တွင်၊ စီးပွားရေးကပ် ဖြစ်မည့်ပုံစံ ကာတွင် အနာဂါတ်၊ နေရောင်ခြည် Solar Energy အတွက် ကန်ဒေါ်လာ ၁၁၀၀သန်း ရင်းနှီးမြှတ်နှံခဲ့သည်။ PV photovoltaic industry အတွက် polysilicon များထုတ်လုပ်ခြင်းတွင် ရင်းနှီးခဲ့သည်။ Suntech နှင့် Yingli ကဲ့သို့မဟုတ်ပါ။ အခြေခံနည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှတ်နှံ အဖြစ် ဈေးကွက် လွမ်းမိုးရန်ဖြစ်သည်။

ခြေလှမ်းကျဲသည်
သူ၏ တမဟုတ်ချင်းဆုံးဖြတ်ချက်မှာ မှန်ခဲ့သည်။ ကမ္ဘာကြီးက Solar panels များ မြောက်များစွာလိုအပ်လာချိန်တွင် ကုန်ကြမ်းပစ္စည်းဖြစ်သော polysilicon ထုတ်လုပ်မှုနည်းချိန် ဈေးနှုန်း $500 per Kilogram ဖြစ်သွားသည်။ သို့သော် Zhu က ထိုဈေးနှင့်မရောင်းပဲ တစ်ဝက်ဈေးဖြင့်  စီးပွားမိတ်ဆွေကုမ္ပဏီများကို ၈နှစ် အရောင်းစာချုပ်ခဲ့သည်။ ၂၀၀၈ စီးပွားကပ်ဖြစ်လာစဉ်တွင် polysilicon များ $100 per kilo ဈေးကျသွားသည်။ သူ၏ ကန်ထရိုက်က ပြိုင်ဖက်များထက် အမြတ်များစွာ ရရှိစေခဲ့သည်။  ၂၀၀၈တွင် တရုပ်ပြည်မှ ပြည်ပတင်ပို့သည့် polysilicon တစ်ဝက် သူတို့ ကုမ္ပဏီမှတင်ပို့ခြင်းဖြစ်သည်။

၂၀၀၉တွင် GCL-Poly သည် နေရောင်ခြည်ဓါတ်အားပေးစက်ရုံများ solar power plants ဆောက်လုပ်ခြင်းကို လုပ်ကိုင်လာသည်။ တရုပ်နိုင်ငံရင်းနှီးမြှတ်နှံမှု CIC မှ ကန်ဒေါ်လာ ၇၁၀သန်း ထည့်ဝင်လိုက်သည်။ ၂၀% ရှယ်ယာဖြစ်သည်။ GLC-Poly မှထုတ်လုပ်သော silicon wafer လျှပ်စစ်ဓါတ်အား 3500 mW ဖြစ်လာသည်။ တကမ္ဘာလုံး solar silicon wafer ထုတ်လုပ်မှု၏ ၃၀% ဈေးကွက်ကို ရယူနိုင်ခဲ့သည်။ ဥပမာ - ၂၀၁၁တွင် 1000 mW  နေရောင်ခြည်စွမ်းအင်လျှပ်စစ်ဓါတ်အားစက်ရုံများ အမေရိကန်တစ်ဝှမ်းတွင်ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။

GLC-Poly သည် ၂၀၁၁ နှစ်ဝက်တွင် ကန်ဒေါ်လာ ၅၅၅သန်း အမြတ်ထွက်ခဲ့သည်။ polysilicon တန်ချိန် ၆၅၀၀၀ ထုတ်လုပ်ရန် စီမံကိန်းချထားသည်။

ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၂၁၀၀သန်း၊  2.1 billion usd,  Rank 30 on Forbes Rich List 2011.

ကောက်နုတ်ချက်။
ထိုစာအုပ်တွင် Chinese Tycoon 105 ဦးအကြောင်းပါသည်။ တရုပ်ပြည်တွင် အုပ်ချုပ်ရေးမှုးအသစ်ပြောင်းသွားတိုင်း တရုပ်ပြည်မှ သူဌေးကြီးများ ပြိုလဲပျက်စီး၊ ဒုက္ခရောက်ကြသည်။ တရုပ်သူဌေးကြီးများကျိန်စာသင့်ခြင်း ပြုစုချက်တွင်
၂၀၀၃ခုနှစ်မှ ၂၀၁၁ခုနှစ် ၈နှစ်ကာလအတွင် တရုပ်ပြည်မှ သန်းရာနှင်ချီ ချမ်းသာသော သူကြွယ်သူဌေး ၇၂ဦးအကြောင်း သုတေသနပြုမှတ်တမ်းတင် ဖော်ပြထားပါသည်။ သူဌေးကြီးများ ဇတ်သိမ်းအကြောင်း ဖော်ပြချက်၌ ၁၅ဦး အသတ်ခံရသည်။ ၁၇ဦးက မိမိကိုယ်ကို သတ်သေကြသည်။ ငွေချမ်းသာမှုက လူကို စိတ်ချမ်းသာမှုမပေးပါ။ ၇ဦးက သင်္ကာမကင်းဘွယ်သေဆုံးရသည်။ ၁၄ဦးက ရာဇ၀တ်မှုကြောင့် အဖမ်းခံရကာ သေဒဏ်ပေးခံလိုက်ရသည်။ ၁၉ဦး ရောဂါဆိုးနှင့်သေကြသည်။ အကြောင်းမှာ ကြွယ်ဝ၍ သောက်စား၊ မူးယစ်ဆေးသုံး၊ မတရားမေထုန်လိုက်စားပြီး သေကြရသည်။ ၇၂ဦးစလုံး ဇတ်သိမ်းမလှကြပါ။ Liu Han—a Sichuan mining billionaire ကဋေကြွယ်သူဌေးကြီး March-2013 မှာပျောက်ဆုံးသွားသည်။ Xu Ming, a real estate billionaire အိမ်မြေလုပ်ငန်းရှင်ဘီလျှံနာလည်း April 2013 မှာ ပျောက်ဆုံးသွားသည်။ သူ့တို့အားကိုးတဲ့ နိုင်ငံရေးအာဏာရှိသူ အငြိမ်းစားပေးခံမှုနှင့် ဆက်စပ်သည်ဟု ဆိုသည်။ တရုပ်ပြည်မှာ သိပ်မထူးဆန်းပါ။ သူဌေးကြီးဘ၀ နှစ်တိုတိုအတွင်းဖြစ်လာသလဲ သုံသပ်လျှင် ခြစားမှုမျိုးစုံကြောင့်ဟု လို့ပြောနိုင်ပါသည်။ သို့သော် လက်ဆုတ်လက်ကိုင်မပြနိုင်သောအခါ သူဌေးကြီးများကို မွဲသွားအောင် တရုပ်ပြည်အုပ်ချုပ်ရေးမှုးများက လုပ်လိုက်ခြင်းဖြင့်၊ တရုပ်နိုင်ငံဝင်ငွေပိုမိုရရှိလာပါသည်။ သေဒဏ်ပေးခံရမည်ကိုပင် မကြောက်သော သူဌေးကြီးများလောဘမှာ အံ့သြစရာဖြစ်သည်။

ဝတ်မှုန်
100 Chinese Tycoons Book - Download Link:
http://mingalaronline.biz/chinese100.pdf


No comments:

Post a Comment