September 23, 2013

ကချင်ပြည်နယ် နမ္မတီးတွင် စစ်ကားတိုက်၍ ကချင်အဖွားအို နှင့်ကလေးငယ် သေဆုံး


ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးအခြေစိုက် အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် (စကခ (၃)) မှ တပ်ကြပ်တစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီး မောင်းထွက်ပြေးသွားခဲ့သည်။ ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ ဆေရုံတွင် သေဆုံးကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ.....

စက်တင်ဘာ ၂ ရက် တနင်္လာနေ့  နံနက်  ( ၄း၃ဝ) အချိန်တွင် နမ္မတီးနံနက်ဈေးတွင် ဈေးရောင်းရန်လာသော ဆီးဒင်ယံကျေးရွာနေ ဒေါ်အင်ထိန်လု အသက် (၅၄)နှစ် နှင့် မြေးဖြစ်သူ မဒါရှီခေါန်ဂျာ တတိယတန်းကျောင်းသူ အသက် (၉)နှစ်တို့ ကို နမ္မတီးသံကြားစက်ရုံရှေ့တွင် စကခ (၃)မှ တပ်ကြပ်ကြီးမြင့်စိုး မောင်းနှင်လာသော စစ်တပ်ကား ဖြင့် နောက်မှ ဝင်တိုက်၍ထွက်ပြေးသွားကြောင်း သိရသည်။ တပ်ကြပ်ကြီးမြင့်စိုးသည် အတိုက်ခံရသည့် ကလေးငယ်နှင့် ဒဏ်ရာရသူအဖွားတို  ကူညီခြင်း မရှိဘဲ ပစ်ထားခဲ့သိရသည်။  သမီးငယ် မဒါရှီခေါန်ဂျာ ပွဲချင်းပြီး သေဆုံးသွားပြီး အဖွားဖြစ်သူ ဆေးရုံရောက်ပြီး သေဆုံးသွားကြောင်း သိရသည်။ 

စက်တင်ဘာ ၄ ရက်နေ့ တွင် စကခ (၃) မှ ဒဗမက ကျော်သူရ (ကြည်း ၂၅၇၇၅) နှင့်အဖွဲ့ သည် နမ္မတီးရဲစခန်း သို့ ရောက်လာပြီး ငွေ (၅) သိန်းလာရောက်ပေးသွားပြီး မိသားစုဝင်များမှ အမှုအတွက် ကျေအေးခြင်းမဟုတ်ကြောင်း နာရေးအတွက် ကူညီခြင်းသာဖြစ်ကြောင်း ပြော၍ အဆိုပါ ငွေကို လက်ခံထားကြောင်း သိရသည်။ 

သို့သော် ယနေ့တိုင် နမ္မတီးရဲစခန်းမှ ကာယကံရှင် မိသားစုအား တရားရုံးတွင် တရားစွဲဆိုခွင့် မပြုကြောင်း နမ္မတီးမြို့ရပ်မိရပ်ဖ မှပေးပို့လာသော အသနားခံစာ အရသိရှိရပါသည်။ မိုးကောင်းမြို့တရားရုံးမှလည်း ယနေ့တိုင် တရားခံတပ်ကြပ်ကြီး မြင်စိုးကို အမှုဖွင့်ထားခြင်းမရှိသေးကြောင်း ထပ်မံသိရှိရသည်။ အဆိုပါ အမည်မဖော်လိုသူ နမ္မတီမြို့ခံ ကဆက်ပြောသည်မှာ မြန်မာနိုင်ငံ အမှန်တကယ် အသွင်ကူးပြောင်းနေသည် မှန်လျှင် အဏာပိုင်ပုဂ္ဂိုလ်များ တရားခံ တပ်ကြပ်ကြီး မြင့်စိုး အား တည်ဆဲဥပဒေ အရအရေးယူပေးဖို့ တောင်းဆိုကြောင်း သတင်းပေးပို့ လာပါသည်။

အင်ဂွန်ဂျာဝါ




No comments:

Post a Comment