April 04, 2017

Gidon တောင်ဘက်ခြမ်း မြန်မာစစ်တပ်သိမ်းပိုက် ၂၀၁၆ဒီဇင်ဘာ


Thet Zin
16 Dec., 2:30 am., Gidon တောင်ဘက်ခြမ်း
မနက် ၂နာရီကျော်မှာ ရန်သူလက်နက်ကြီးတွေစတင်ပစ်တော့ ခါတိုင်းလိုပဲလို့တွေးရင်းမှေးနေသေးတယ်။ မနက် ၄နာရီလောက်ရောက်တော့ လိုင်ဇာဘက်က ဆင်းရူးတောင်ဘက်အပါအဝင် ကျနော်တို့KIAရဲ့စခန်းအများအပြားကို လက်နက်ကြီးပစ်ခံရတာ သိလိုက်တယ်။ ဒီနေ့ ထိုးစစ်အကြီးအကျယ်ရှိမယ်ဆိုတာ သေချာသလောက်ရှိနေပြီ။ Gidonတောင်ဘက်ခြမ်းကိုတာဝန်ယူထားတဲ့ ကျနော်တို့ ၃ဝ ယောက်စလုံး အသင့်ပြင်ထားလိုက်တယ်။
7:00 am
၇နာရီထိုးပြီဖြစ်ပေမယ့် လက်နက်ကြီးတွေမနားသေးဘူး။
ရိက္ခာခြောက်တွေကို ဝါးမြိုရင်ဒီနေ့တက်လာမယ့်ရန်သူကို မျော်နေရုံသာ.. တိုက်လေယဉ်တက်လာပြီဆိုပြီး စက်ဝင်လာတော့ ကိုယ့်နေရာက ကောင်းကင်ကိုကြည့်နေစဉ်ပဲ တိုက်လေယဉ်နှစ်စီး ဗုံးလာကျဲတယ်။ ပေါင် ၅၀၀ ဗုံးပါတယ်ထင်တယ် ပေါက်ကွဲတာအရင်ထက်ကျယ်တယ်။ လက်နက်ကြီးပစ်တာလည်းမရပ်ဘူး။ တိုက်လေယဉ်ပြန်အလှည့် နောက်နှစ်စီးဆက်တိုက်လာပစ်တယ်။
9:00 am
လက်နက်ကြီးရပ်သွားတာ ၅မိနစ်မကြာဘူး Gidon အရှေ့ဘက်ခြမ်းက သေနတ်သံတွေစတင်ကြားရပါပြီ။
ရန်သူခြေလျင်တပ်တွေ ထူးထူးခြားခြား မြန်မြန်ဆန်ဆန်ရောက်လာတာပါ။ ရန်သူက ကျနော်တို့ Gidonတောင်ဘက်ခြမ်းကို ရောက်လာတော့မှာမို့လို့ ကျည်ကတ်တွေကို အသင့်တန်းစီထားလိုက်တယ်။
11:20 am
Gidon အရှေ့ဘက်ခြမ်းက ရန်သူတွေကိုထိန်းထားနိုင်တုန်း အခြေအနေတော့ သိပ်မကောင်းတော့ဘူး။ ဒီအချိန်အထိ ကျနော်တို့ Gidon တောင်ဘက်ခြမ်း သေနတ်မဖောက်ရသေးဘူး။ ၁၂၀ မမ တွေ ပစ်လွန်းလို့ ဂျမ်းဖြစ်ချင်နေပြီလို့ ပြောသံကြားရတယ်။ စက်ဝင်လာတယ် ရန်သူ ၁၀၀၀ ကျော်Gidonအရှေ့ဘက်ခြမ်းကို ကွင်းပြီး တောင်ဘက်ကိုရောက်လာပြီတဲ့။ ပြောနေရုံရှိသေးတယ် ရန်သူတက်လာပါပြီ။
1:00 pm
တောင်ဘက်ကရောက်လာတဲ့ရန်သူတွေကို ပစ်ခတ်နေရချိန်ပါ။ သူတို့ဘာတွေစားထားလဲ မသိဘူး အရက်သောက်ထားရင်တော့ မူးနေမှာ။
အခုတော့ ကျည်ထိတယ် ပြန်ထလာတယ်။ သွေးစုပ်ဖုတ်ကောင်တွေလိုဘဲ။ သွေးလည်းသိပ်မထွက်သလိုပဲ။ ကျနော်တို့ကြားနေရတဲ့ ရေခဲသားထိုးပေးတယ် ဆိုတဲ့သတင်း သေချာပါပြီ။ တော်တော်နဲ့မသေဘူး။ လူတိုင်းသေရမှာကိုကြောက်ပေမယ့် သူတို့ကသေရမှာ မကြောက်သလိုပဲ။ ကျနော်တို့ဆီသေနတ်နဲ့လည်း ပြန်မပစ်သလောက်ပဲ။ တစ်ယောက်နှစ်ယောက်သာ ပြန်ပစ်တယ်။ ကျနော်အယောက်ဘယ်နှစ်ဆယ်ကို ပစ်လဲလိုက်တယ်မသိတော့ဘူး မမှတ်မိတော့သလောက်ကို များပါတယ်။
ကျနော်တို့တောင်ဘက်ခြမ်းမှာ ပစ်နေတာ တစ်နာရီကျော်ကြာသွားပြီ။ ကျနော့ကတုတ်ကျင်းရှေ့ ကိုက် ၁၀၀ အတွင်းမှာ ရန်သူတွေလည်း ပုံနေပြီ။ ကိုယ့်လူကိုယ်လူစစ်ကြည့်တယ် တစ်ယောက်မှမလျော့သေးဘူး။ အလောင်းတွေပေါ်နင်းပြီးတက်လာတဲ့ရန်သူ့ဘက်က ပြန်လည်ပစ်ခတ်မှုတွေ နည်းနည်းစိတ်လာတယ်။ ကျနော် ကျည်တစ်ကတ်ပြီးတစ်ကတ်လဲတယ်။ ပါးစပ်ကလည်း အော်ရင်း ပစ်ရင်း ပစ်ရင်း ပစ်ရင်း မျက်ရည်တွေ အလိုလိုကျလာပါတော့တယ်။
2:30 pm
မျက်ရည်ကျရင်း ပစ်ရင်း အော်ရင်း ကျနော့ရဲဘော်တွေကိုကြည့်လိုက်တယ်သူတို့တွေလည်း မျက်ရည်ကျနေတာပဲ ကျနော်ရင်ထဲ ပိုဆို့သွားတယ်
မျက်ရည်ပေါက်တွေပိုကြီးလာပါတော့တယ်။
လူတွေအများကြီးကိုပစ်သတ်နေရချိန် ခများလည်းမျက်ရည်ကျလာလိမ့်မယ် ဆိုတာကျနော်ပြောရဲတယ်။
ပထမတော့ ငါဟာလူတွေအများကြီးကို ပစ်သတ်နေရပါလားလို့တွေးရင်း အလိုလိုမျက်ရည်ထွက်လာတာပါ။ နောက်ကိုယ့်ရဲဘော်ရဲဘက်တွေကိုကြည့်ရင်း သူတို့ပါ ပစ်ရင်းမျက်ရည်ထွက်နေတာမြင်တော့ "ငါတို့ Gidon ကနေ ဆုတ်ခွါပေးရတော့မှာပါလား" လို့တွေးလိုက်မိလို့ မျက်ရည်တွေပိုထွက်လာတာပါ။
အခြေနေအရပ်ရပ်ကို အစီရင်ခံပြီးနောက် 4:00 pm မှာ စစ်ဆင်ရေးကွတ်ကဲမှုရုံးက ဆုတ်ခွါမိန့်ပေးတယ်။
ကျနော်တို့ Gidon ကို နှမျောတတစွာနဲ့ပဲ ရန်သူတွေဝိုင်းထားတဲ့ ကြားကဖောက်ထွက်ခဲ့ပါတော့တယ်။
ဖောက်ထွက်လာစဉ် ကျေးဇူးတော်ကြောင့် ကျနော်တို့နောက်ထပ်ထိခိုက်မှုမရှိခဲ့ပါဘူး။
လေယဉ်ဗုံးကျဲစဉ် ကျဆုံးသွားတဲ့ မျိုးချစ်စစ်သည်၇ယောက်ထဲက စစ်သည်နှစ်ဦးရဲ့အလောင်း မြေတွေပိနေခဲ့ပြီမို့ ထားခဲ့လိုက်ရတယ်။ အရင်က ကျဆုံးသွားတဲ့ မျိုးချစ်စစ်သည်ခြောက်ယောက်နဲ့ ခုသူတို့နှစ်ယောက်ကတော့ သူတို့ချစ်တဲ့ Gidon မှာနေကျန်ရစ်ခဲ့ပြီ။ သူတို့ရဲ့ဝိဉာဉ် ကတော့ မြတ်ဘုရားရဲ့ရင်ခွင်ဆီခိုနားနေလောက်ပြီလို့ ဖြေသိမ့်ရင်း ကျနော့ခြေလှမ်းတွေကို မိခင် 252 တပ်ရင်းဆီရွေ့လျားလိုက်ပါတော့တယ်။
"#KIAစစ်သည်ကြီးမျက်ရည်ကျခဲ့သောနေ့"
Jan Khone (တဆင့်ပြန်လည်ဝေမျှသည်)
2016 Dec 21

တွေ့ဆုံဆွေးနွေးပွဲ အမြန်စတင်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ သဘောထားထုတ်ပြန်
ES
.
.

No comments:

Post a Comment