February 04, 2013

အမေရိကန် Texas တွင် ၅၄ ကြိမ်မြောက် ကချင့်တော်လှန်ရေးနေ့ ကျင်းပ


အမေရိကန်  Texas ပြည်နယ် Dallas-Fort Worth (DFW)  မြို့နေထို်င်သူ ကချင်တိုင်းရင်းသားများ ၅၄ ကြိမ်မြောက် ကချင့်တော်လှန်ရေးနေ့ ကို ယနေ့ ဖေဖာဝါရီလ ၄ ရက် ၅ နာရီ (ဒေသစံတော်ချိန်) မှာ သိုက်သိုက်မြိုက်မြိုက် ကျင်းပခဲ့ကြပါတယ်။ ကချင်တို်င်းရင်းသား အယောက် နှစ်ရာကျော်တက်ရောက်ခဲ့ တယ့်အတွက် အရင်နှစ်တွေထက် ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ပြီး ညီနောင် ချင်း၊ ကရင် အစရှိတဲ့ တိုင်းရင်းသားများလည်း တက်ရောက် ကြပါတယ်။

အခမ်းအနား ကျင်းပရေး ကော်မတီဝင် တဦးက "ဒီကနေ့ အမျိုးသားတော်လှန်ရေးအတွက် ကျဆုံးသွားသူများကို အောက်မေ့ သတိရဂါရဝပြုကြတယ်။ ပြည်ပကို ရောက်ရှိသော်လည်း အမိမြေရှိ မြန်မာတပ်မတော်၏ ညင်းပန်းနှိပ်စက်မှုခံနေရတဲ့ ကချင်ပြည်ရှိ တိုင်းရင်းသားများအားလုံးအတွက် သတိရဆုတောင်းကြပါတယ်။"

၎င်းကဆက်လျှက်ပြီး ပွဲတက်ရောက်လာသူ အားလုံး လက်များတွဲချိတ်လျှက် ကချင်အမျိုးသားသီချင်းကို သီဆိုပြီး ကချင်အမျိုးသားပန်းတိုင် ကိုရောက်ရှိရန် အားလုံးတလုံးတဝတည်း ဝိုင်းဝန်းကြိုးပန်းကြဖို့ အဓိတ်ဌာန်ပြုကြပါတယ် လို့  အင်ဂွန်ဂျာဝါကို သတင်းပေးပို့ လာပါသည်။

အမေရိကန် ပြည်နယ်အသီးသီးနှင့် ကမ္ဘာ့နိုင်ငံအနှံ့ တွေမှာလည်း ကချင့်တော်လှန်ရေးနေ့ အခမ်းအနားများ ပြုလုပ်မည်ဟု ထပ်မံကြားသိရပါသည်။

No comments:

Post a Comment