March 13, 2013

ဇခုန်တိန့်ယိမ်း၏ ပြည်သူ့ စစ် အဖွဲ့ ဝင်များ လူထုကို အနိုင်ကျင့်ဗိုလ်ကျမှုများ ပြုနေ

ဆီငတ်နေသော ဆံပင်များနဲ့ တိန့်ယိမ်း ပြည်သူ့စစ်အဖွဲ့ ဝင်များ
(Myu Tsaw Kasa)

ကချင်ပြည်အရှေ့ ခြမ်း ချီဖွေမြို့နယ် တဝိုက်တွင် မြန်မာဖက်ဆစ်တပ်အားကိုးပြီး  လက်နက်ကိုင် သောင်းကြမ်းနေတဲ့  ကိုယ်ကျိုးရှာ စီးပွားရေး သမား ကချင်နာမည်ခံ နတ်ကိုးကိုယ်သူ တရုတ်နွယ်ဖွား ဇခုန်တိန့်ယိမ်း ၏ ကြေးစားပြည်သူ့ စစ်အဖွဲ့ ဝင်များ သည်၎င်းတို့ တပ်ဖွဲ့  အင်အားဖြုံးတီးမှုများခြင်း၊ တပ်ပြေးများ လွန်းခြင်းတို့ ကြာင့် လူသစ်စုဆောင်းမှုများ ယမန်နှစ်မှ စ၍ ဆောင်ရွက်နေရ ပါတယ်။ ဒေသအတွင်း တစ်အိမ်တစ်ယောက် ပြည်သူ့စစ်မဝင်မနေရ ချမှတ်ပြီး အတင်းအဓမ္မ လူသစ်စုဆောင်းမှုတွေ အကြီးအကျယ် ပြုလုပ်နေကြောင်း သိရှိရပါတယ်။


ပြည်သူ့ စစ်အဖြစ် မတရားဖမ်းစီးခံရသူများတွင် အများစုမှာ ပုံမှန်ဆိုသလို ထွက်ပြေးနေကြပြီး ဘိန်းစွဲသူ များသာ ဘိန်းကို အခမဲ့ ဖောဖောသီသီ သုံစွဲခွင့်ရကြ၍ ပြည်သူစစ် အဖြစ် ကျန်နေကြကြောင်းသိရသည်။ ထွက်ပြေးသွားသူများကို တိန့် ယိမ်းသြဇာခံပြည်သူ့စစ်များက ပြန်လည်ရှာဖွေ ဖမ်းဆီးပြီး နှိပ်ဆက်ကြောင်း သိရသည်။ ရွှေမျိုးမိဘများက သက်ဆိုင်ရာ အဆင့်ဆင့်သို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက် ပေးမှု မရှိကြောင်း လည်း သိရသည်။ ဤသို့ တိန့်ယိမ်းအဖွဲ အနို်င်ကျင့် အခံရဆုံး ကျေးရွာများမှာ ချီဖွေ မြို့နယ် ရှိ ကျေးရွာ၊ တိုက်နယ်မြို့များ ဖြစ်ကြောင်း သိရသည်။ ၄င်းတို့ မှာ အောက်ပါတို့ ဖြစ်သည်။
၁) စုစီ
၂) လောခေါင်
၃) ဂျစ်လွယ် (ကျေးရွာလူကြီး ယောယိမ်းဆိုသူသည် အမျိုးသမီးများ ရိုက်နှက်အနိုင်ကျင့်မှုများ ပြုလုပ်ကြောင်း သိရသည်။)
၎) နာဘုပ်ခ်
၅) ရစ်ဘန်
၆)  ရီဂျော
ရ) အော်ချစ်
ဂ) မှတ်တိုင် ၇

ကိုယ်ပိုင်ဘောလုံးအသင်းထောင်ထားပြီး ၄င်း၏ကြေးစားတပ်သား များကို ဆင်းရဲစွာ စားသုံးစေသည်

ချီဖွေမြို့နယ် အုပ်ချုပ်ရေးပိုင် တာဝန်ရှိပုဂ္ဂိုလ်များကို တိုင်ကြားပြီးဖြစ်ကြောင်း။ လိုက်လံကူညီ ဆောင်ရွက်ပေးမှု မရှိကြောင်း ဒေသခံများ သတင်းပေးပို့ လာပါတယ်။ တိန့် ယိမ်း၏ ကချင်တမျိုးသားလုံးအကျိုးစီးပွားကို မကြည့်ဘဲ ကိုယ်ပိုင် စီးပွားဂွင် ချဲ့ ထွင်ဖို့ သာ လုပ်ဆောင်နေသည့်အတွက် ကချင်အမျိုးသားစည်းလုံးညီညွတ်ရေးပျက်ပြားပြီး ကချင်ပြည်ပျက်ရပါတော့မယ်။ ဒါ့ကြောင့် တမျိုးသားလုံးက မျက်ခြေမပျက် စောင့်ကြည့် သတိ ရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

(  Myutsaw Kasa  blog  မှ ဒေသခံတွေ ပေးပိုးလာသော သတင်းကို  ဆီလျှော်အောင် ပြန်ဆိုထားပါသည်)

No comments:

Post a Comment