March 01, 2013

"ဖေါင်းပွနေတဲ့မြန်မာဝေါဟာရ" များ

၁) နေဝင်းစစ်အုပ်စုကြီးစိုးတဲ့ခေတ်က “ဆိုရှယ်လစ်”နဲ့ “ပြည်သူ” ဖေါင်းပွတယ်။ ကုလားဗမာအဓိကရုဏ်းပြီးစ(၁၉၃၈) တဝိုက်ကတော့ “သံဃသြဝါဒ”ဆိုတာ ဖောင်းပွဖူးတယ်။ “သံဃသြဝါဒခံ ဘုံဆိုင်”ဆိုတာပေါ်တယ်။ (ဘုံဆိုင်ဆိုတာ ထန်းရည်၊ အရက်ရောင်းတဲ့ဆိုင်)
၂) နအဖခေတ်မှာ ဖောင်းပွတာက “နိုင်ငံတော်”နဲ့ “အာဏာပိုင်လို့ယူဆတယ်”။ “အာဏာပိုင်”ဆိုတာ ရပ်သုံးရွာသုံးပဲ။ ဆယ်အိမ်မှူးလည်း အာဏာပိုင်၊ ရဲလည်း အာဏာပိုင်၊ အာဏာပိုင်မရှိတဲ့အရပ် မရှိဘူး။ သင်္ချီုင်းမှာတောင် အာဏာပိုင်ရှိတယ်။
         “နိုင်ငံတော်”။  ဒါကတော့ မင်းသုံးစိုးသုံးပဲ။ “၂ဝဝ၈အခြေခံဥပဒေ”မှာ “နိုင်ငံတော်”ဆိုတဲ့ဝေါဟာရ ဘယ်လောက်ပါသလဲ(အားလည်းအား အချိန်လည်းဖြုန်းချင်ရင်)ရေတွက်ကြည့်ပါ။ တမျက်နှာထဲရေတွက်ကြည့်တာမှာတော့ အခန်း (၁)ဆိုတဲ့စာမျက်နှာမှာ “နိုင်ငံတော်” ၁၁ လုံးပါတယ်။ 
 ၃) “နိုင်ငံတော်”ဆိုတာ ခုခေတ်မှာ စစ်အုပ်စု၊ စစ်အစိုးရကိုပြောတာပါ။ စစ်အာဏာရှင်စနစ်ရှိနေသမျှ “နိုင်ငံတော်” ဆိုတဲ့ဝေါဟာရ ဆက်လက်ဖေါင်းပွနေမှာဖြစ်ပါတယ်။

မူရင်းလင့်ခ်။ ။ http://cpburma.org/Articles/vocabulary.pdf

No comments:

Post a Comment