March 05, 2013

မြန်မာစစ်တပ် ကေအိုင်အေ ရှေ့ တန်းနယ်မြေများတွင် စစ်ရေးလှုပ်ရှားမူပိုများလာနေ




မြန်မာ့သတ်မတော် စစ်သားများ
ရှမ်းပြည်မြောက်ပိုင်း သိန္နီအခြေစိုက် စစ်ဆင်ရေးကွပ်ကဲရေးဌာနချပ် (စ.က.ခ) ၁၆ လက်အောက်ရှိ ခလရ (၂၄၂) နှင့် ခလရ ( ၅၆၈) တို၏ အင်းအား (၁ဝဝ) ခန့် ပါဝင်သော ပူးပေါင်းစစ်ကြောင်း သည် မတ်လ ၄ ရက် ၂ဝ၁၃ ရက်နေ့ တွင် ကချင်မျိုးချစ်တပ်မတော် ရင်း (၃၆)၊ ရင်း (၃၈) တို့ ၏အခြေခံ ထိန်းချုပ်နယ်မြေဖြစ်သော ခါလွမ်နှင့် မုန်းလွမ်ဒေသများသို့ ခြေရှုပ်လှုပ်ရှားနေကြောင်း သတင်းရရှိသည်။

ကချင်ပြည်၊ မိုးကောင်းအခြေစိုက် စ.က.ခ (၃) လက်အောက်ရှိ ခလရ (၄ဝ) သည် ကချင်မျိုးချစ်တပ်မတော် ရင်း (၁၁)  အခြေစိုက်တပ်စခန်း ဖြစ်သည့် တိုင်လွမ်ပိုစ့်အနီးတဝိုက် ဝင်ရောက်နယ်ကျွံ လှုပ်ရှားနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၁)ရက်နေ့ နံနံက် ၉  နာရီတွင် ကလေးအခြေစိုက် ဒ.က.စ လက်အောက်ခံ ခလရ (၈၉) သည် ကေအိုင်အေ တပ်မဟာ (၄) ရင်း (၆) ထိန်းချုပ် မအူဒမ် (Ma-U Dim) တွင် လာရောက်တပ်စွဲ ထားပြီး ကေအိုင်အေ မျိုးချစ်တပ်မတော် ရှေ့တန်းဘက်သို့ ကျုးကျော်ခြေရှုပ် စစ်ဆင်ရေး လုပ်နေကြောင်း သိရသည်။

သည့်အပြင် ရှမ်းပြည်တောင်ပိုင်း စကခ (၇) လက်အောက်ရှိ ခလရ (၄၂၄) သည်လည်း မတ်လ ၁ ရက်နေ့ ညနေ ၁ နာရီမှ စတင်၍  ကေအိုင်အေ ရင်း (၆) ထိန်းချူပ်နယ်မြေဖြစ်သော နောင်းမိနှင့် စာစင်း ရွာကြားတွင် ဝင်ရောက်တပ်စွဲ နေကြောင်း၊ နယ်မြေခံ ကေအိုင်အေ ရင်း (၆) စစ်ကြောင်းများနှင့် ရင်ဆိုင်တိုက်ပွဲ မဖြစ်ဖြစ်အောင် လာရောက် ရန်စ စော်ကား နေကြောင်း သိရသည်။



(Matsing: :Kachin Net shiga hpe bai gale da ai)

No comments:

Post a Comment