April 17, 2013

ဖက်ဆစ်တပ်များ ၈၁ မမ မော်တာ အမြောက်များဖြင့်ပစ်ခတ်



ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ (၅)၊ ရင်း (၃) တပ်ရင်း ဌာနချုပ် လုံခြုံရေး တပ်များအခြပြုရာ နယ်မြေများတွင် နယ်ကျွံခြေရှုပ်လှုပ်ရှားနေသော ဗမာ့/မြန်မာ့ဖက်ဆစ်တပ်မတော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခလရ (၂၁) စစ်ကြောင်းများသည် ၂ဝ၁၃ ဧပြီ ၁၅ ရက် နံနက် (၇း၃ဝ) အချိန် ဝါထောင်လက်ဖက်ခြံကုန်းပေါ်မှ နေ၍ ကေအိုင်အေ တပ်မဟာ (၃) နယ်မြေ ကချင်ပြည်သူကာကွယ်ရေးတပ် (MHH) တပ်စွဲထားရာ လောခွမ်ပို့စ်သို့  ၈၁မမ မော်တာ အမြောက်များဖြစ့်ပစ်ခတ် တိုက်ခိုက်နေကြောင်းသိရသည်။

တဖက်တွင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောနေသော်လည်း ဗမာ့ဖက်ဆစ်တပ်မတော်သည် ကေအို်င်အေ ရင်း (၃) နယ်မြေ ဆဒုံး - ကမ်ဘိုင်တီ ကားလမ်းပေါ်တွင် ယခင်ကထက် လုံခြုံရေးဂိတ်များစွာချထားပြီး ခရီးသွား မိဘပြည်သူများအား မေးမြန်းစစ်ဆေးမှု တင်းကျပ်စွာ ပြုလုပ်နေကြောင်းလည်းသိရသည်။


ဗိုလ်အောင်မင်း  ၁၆ ရက်နေ့ BBC အင်တာဗျူးမှာ သေနတ်သံတွေ ဆဲသွားပြီလို ပြောဆိုထားပါတယ်။
Ref: KNet



No comments:

Post a Comment