March 30, 2015

သမ္မတဦးသိန်းစိန်နဲ့ ကချင်၊ ကေအိုင်အိုအဖွဲ့တို့ နေပြည်တော် သမ္မတလယ်တောအိမ်ယာမှာ ပထမဆုံးအကြိမ်တွေ့



မတ်လ - ၁၆ရက်၊ ၂၀၁၅ မှာ သမ္မတဦးသိန်းစိန်နဲ့ ကချင်၊ ကေအိုင်အိုအဖွဲ့တို့ နေပြည်တော် သမ္မတလယ်တောအိမ်ယာမှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံကြပါတယ်။ ကေအိုင်အို ဥက္ကဌ ပေးလိုက်တဲ့စာကို ယူဆောင်ရင်း၊ တကယ့်ငြိမ်းချမ်းရေးအတွက် လာခဲ့ကြောင်းကို ဒေါက်တာလားဂျာက ဦးဆောင်ရှင်းပြပါတယ်။ ကေအိုင်အေဥက္ကဌ ဦး ဇာင်းဟရား ပေးပို့တဲ့စာထဲမှာ မြန်မာနိုင်ငံအပေါ် ရှေးကတည်းက သစ္စာစောင့်ခဲ့ကြောင်း၊ ခွဲမထွက်ပဲ အတူတကွပူးပေါင်းနေဖို့ အကြောင်းများ ရေးထားပါတယ်။
.
မြန်မာဘက်ကတော့ သမ္မတတစ်ဦးတည်း ပြောပါတယ်။ ကချင် ကေအိုင်အိုဘက်ကတော့ အဖွဲ့ကိုယ်စားလှယ် ဒေါက်တာလားဂျာ၊ ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ခေါင်းဆောင် ဦးဆွန်လွတ်ဂမ်၊ ဒု-စစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် တို့က ပြောကြပါတယ်။
.
ဒီဗွီဘီ သတင်းမှာ ကိုယ်စားလှယ် ဦးလမိုင်ဂွမ်းဂျာ နဲ့တွေ့ဆုံမေးမြန်းချက်ကို ကိုးကားတင်ပြပါတယ်။
.

No comments:

Post a Comment