အင်ဂွန်ဂျာဝါ
အခုလည်း တရုတ် က မြန်မာစစ်တပ် ကိုချီးမြှင့်တယ့် အနေနဲ့ လားတော့ မသိ စစ်သုံးကား အစီး ၆ဝဝ ကို ရောင်းပေးလိုက်ပါသည်။ မြန်မာအနေနှင့် အနောက်အုပ်စုနှင့် မည်မျှပေါင်းစီးဖို့ ကြိုးစားကြိုးစား အာဏာရှင် စရိုက် မပျောက်သေး ၍ ဇာတိအမှန် ပေါ်လာစမြဲပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေနှင့် တဖွဲ့ ပြီးတဖွဲ့ အပေါ်ယံ အပစ်ရပ် စာချုပ်ချုပ်သယောင်နဲ့ တဖွဲ့ ချင်းခွဲထုတ်ပြီး ပြန်တိုက်နေသည်ပင်။ ၂ဝ၁၂ က တည်းက ပြည်ထောင်စုအဆင့် အပစ်ရပ်ထားတဲ့ RCSS/SSA နှင့် လက်မှတ်ထိုးပြိးကတည်းက ယနေ့ ထိ တိုက်ပွဲ ၈ဝ ကျော်ထက်မနည်းရှိခဲ့ ပြီးဖြစ်သည်။
တရုတ်က ရောင်းပေးတဲ့ စစ်သုံးကားများဟာလည်း တိုင်းရင်းသားပြည်သူတွေကို အနိုင်ကျင့်သည့်နေရာမှာ သုံးမှာ ဖြစ်တယ်။ သမတ ဗိုလ်ဦးသိန်းစိန် ဥရောပ သွားနေချိန်နဲ့ အံကိုက် စစ်ယာဉ် ၁ဝဝ တော့ ယမန်နေ့ တင်္နလာနေ့ (ဖေဖာဝါရီ ၂၅) မူဆယ်ဘက်ကို ရောက်ရှိသွားပြီဟု တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက် ကပေးပို့ လာပါသည်။ တရုတ်နှင့် မြန်မာစစ်တပ် တို့ ၏ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ပေါင်းယှက်မှုများကို ပြည်သူတွေ သိရှိရန် ပေးပို့ လာသော ဓာတ်ပုံများကို ဝေမျှလိုက်ပါသည်။
No comments:
Post a Comment