KNLA နဲ့  DKBA ပြန်လည်ပေါင်းစည်းတဲ့ နေ့ က |
အပိုင်း (၁) ဖတ်ရန်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မူဝါဒများ ပြောင်းလဲမှု မရှိသော်လဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထားရှိသော သဘောထားနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထား များစွာကွာခြားသည်ဟု ပြောရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် စစ်သားတစ်ယောက်လို စဉ်းစားခဲ့တာကို သတိထားမိပါသည်။ ၄င်း၏ သဘောထားမှာ နှစ်ပေါင်းများစွာ တိုင်းရင်းသားအချင်းချင်း စစ်တိုက်လာခဲ့ကြလည်း ဘာမျှဖြစ်မလာ၊ မိမိတို့လူမျိုးများသာ သေဆုံးခဲ့ကြရသည်။ နှစ်ပေါင်းများစွာအတွင်း ကျဆုံးခဲ့သောတပ်မတော်သားမျာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့်မူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ မူဝါဒအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ပေးခဲ့သော ကတိက၀တ်များကိုမတည်၊ သစ္စာမရှိသော မင်းတစ်ပါး ဖြစ်ခဲ့သည်ကို ယနေ့ကာလတွင် မြင်တွေ့နေရပြီ ဖြစ်ပါသည်။
စာရေးသူတို့အနေဖြင့်လဲ အားလုံးလောက်နီးပါး ငြိမ်းချမ်းရေး ရပြီးသောအခါမှ မင်းသားအယောင်ဆောင်ထားသောဘီ
၎င်းအနေဖြင့် နိုင်ငံရေး အမြတ်ထုတ်ခဲ့သည်မှာ KNU ကို ဖြိုခွဲရန် ပထမဦးစွာ ဒေါက်တိုင်များဖြစ်သော ဦးဘရန်ဆိုင်း ခေါင်းဆောင်သော Kachin Independence Organization (KIO) နှင့် ဦးနိုင်ရွှေကျင် ခေါင်းဆောင်သော New Mon Stae Party (NMSP) ကို Democratic Alliance of Burma (DAB) နှင့် National Democratic Front (NDF) တို့မှ ငြိမ်းချမ်းရေး အဖွဲ့အနေဖြင့် ခွဲထုတ်နိုင်လျှင် KNU ၏ ဘယ်၊ ညာ လက်ရုံးပြုတ်သွားမည်။ ပြီးမှ KNU အဖွဲ့အတွင်းမှ အမြင်မတူသောသူများကို တစ်စစီ ဆွဲထုတ်ပြီး သိမ်းသွင်းသွားနိုင်လျှင် KNU အင်အားချိနဲ့သွားမည်ဟု တွေးခေါ်ပြီး လုပ်ခဲ့ခြင်းအပေါ် ဘုမသိ ဘမသိဖြင့် စာရေးသူတို့ ကိုယ်တိုင်ပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အလိမ်ခံခဲ့ရပါသည်။
စစ်ရေးအရ အမြတ်ထုတ်ခဲ့သည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အင်အားစာရင်း ကောက်ခံတောင်းဆိုပြီး အင်အား ထပ်မံမတိုးချဲ့ရန် ပြောကြားခဲ့၍ တစ်ဖက်မှ အပစ်အခတ်ရပ်စဲထားမှုကို အခွင့်ကောင်းယူပြီး တပ်မတော်အင်အားကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေအစပ်များတွင် တိုးချဲ့၍ တပ်ရင်းအသစ်ပေါင်းများစွာ တည်ဆောက်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မွေးရာပါ လိမ်ညာ ကောက်ကျစ် လှည့်စားတတ်သော အကျင့်ဆိုးသည် ပြည်သူလူထုအား ဒုက္ခ ဖြစ်စေပါတော့သည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့ တစ်ခုလုံးကို `ဥပဒေ၏ အထက်မှာ ဘယ်သူမှ မရှိရ´ ဆိုသော ဆောင်ပုဒ်ဖြင့် ဖမ်းဆီးထောင်ချ ဖျက်သိမ်းခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များအပေါ် ယခင် ဂတိက၀တ် ပေးထားခဲ့သော စာချုပ်ပါ အချက်အလက်များကို စစ်အာဏာရှင် အစိုးရအနေဖြင့် စတင်ချိုးဖေါက်ခဲ့ပါသည်။ စာချုပ်တွင် ပါရှိသော နိုင်ငံရေးကိစ္စ ဆွေးနွေးမှုကို လစ်လျူရှုကာ စာချုပ်တွင်မပါသော နယ်ခြားစောင့်တပ်လုပ်ရန် အတင်းအဓမ္မ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များကို
DKBA အဖွဲ့ ဝင်များ ဗမာ့ဖက်ဆစ်တပ်၏ ကေအိုင်အေထိုးစစ်ကို ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော် |
အထက်ပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို လက်ရှိ သမ္မတ ဦးသိန်းစိန်မှအပ ကျန်သူများ ဂဃနဏ မသိပါ။ ယခုကဲ့သို့ ဂတိမတည် သစ္စာမဲ့သည့် လုပ်ရပ်များသည် ကောင်းမွန်သန့်ရှင်းသော အစိုးရ ဖြစ်ရမည် ဟူသော စကားကို ပြောခဲ့သော အခြေအနေအားလုံးကို သိနေသည့် သမ္မတဦးသိန်းစိန် အနေဖြင့် မြန်မာနိုင်ငံကို ချစ်တယ်ဆိုရင် ငြိမ်းချမ်းရေးကို မြတ်နိုးဖို့ လိုပါမည်။ သမ္မတကြီး၏ ပင်ကိုစိတ်ရင်း စေတနာကောင်းဖြင့် ကျွန်တော်တို့ နိုင်ငံကို ကယ်တင်ဖို့ အချိန်ရောက်နေပါပြီ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏
(ဖိုးတရုတ်ကင်းတွင်ဖော်ပြခဲ့ပြီးသော ဤဆောင်းပါးတွဲအား ပြန်လည် ဖတ်ရှုနိုင်ရန် မျှဝေလိုက်ပါတယ်။)
No comments:
Post a Comment