Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts

April 19, 2013

Kachin (Singpo) in India celebrates Sangkran Water Festival (2013)

ဗမာလို သင်္ကြန်၊ ထိုင်းလို ဆုံကရမ် ခေါ်တဲ့ နှစ်သစ်ကူးအကြှိုSangkran ပွဲကို အခုလို ရိုးရာမပျက် ပျော်ရွှင်စွာ ကျင်းပနေကြပါတယ်




 

April 02, 2013

အစွန်းရောက်ခြင်းသာရန်သူ....

မိတ်ဆွေ....သင့်ရန်သူဟာ ကုလားလည်းမဟုတ်ပါ၊ မွတ်လည်းမဟုတ်ပါ၊ ခရစ်ယာန်လည်းမဟုတ်ပါ။ ဗုဒ္ဓလည်းမဟုတ်ပါ။

တဖက်သတ် အစွန်းရောက်ခြင်းသာ...ရန်သူဖြစ်တယ်။


March 01, 2013

စိုင်းနော်ခမ်း နောက်ဆုံး ပုံရိပ်များ

နော်ခမ်းကို တရုတ်တရားရုံးက အယူခံကို ပယ်ချပြီး သေဒဏ်ချမှတ်ခဲ့သည့် နေ့ က
ရာဇဝတ်ဒုစရိုက်ပြုမှု ကျုးလွန်ကြောင်းထင်ရှားသူ မည်သူမဆို ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ  ဥပဒေအရ အပြစ်ဒဏ်ကြခံကြရမှာပါ။ သို့သော် ရှမ်းတိုင်းရင်းသား ယခင်ခွန်ဆာဦးဆောင်တဲ့ Mong Tai Army (MTA)  စစ်မှုးဟောင်းတစ်ယောက် ဖြစ်ခဲ့တဲ့ စိုင်းနော်ခမ်းနှင့် အပေါင်းအပါ အချို့ ကို တရားမျှတမှုနှင့် နိုင်ငံတကာ စံနှုန်းမမှီတဲ့ တရုတ်တရားရုံးက  သေဒဏ်ပေးတဲ့ကိစ္စ ကိုတော့ လုံးဝ ကန့်ကွက်ပါတယ်။  

စိုင်းနော်ခမ်းဟာ မြန်မာနိုင်ငံသားဖြစ်နေတာ တကြောင်းရယ်။ နောက်ပြီ နော်ခမ်းနှင့် မှုခင်း သက်သေအထောက်ထား ဆက်နွယ်မှုဟာလည်း အလွန် နည်းကြောင်း ထိုင်းနိုင်ငံမှ ဥပဒေကျွမ်းကျင်သူတွေက  ပြောကြပါတယ်။ စိုင်းနော်ခမ်း ဟာ ထိုင်းနိုင်ငံမှာ တရားရင်ဆိုင်ခဲ့မည် ဆိုလျှင် တရားခံနော်ခမ်းနှင့် မှုခင်း သက်သေတိုက်ရိုက် စပ်ဆက်မှု အားနည်းတာကြောင်း အမှုကနေ ကွင်းလုံးကျွတ် လွတ်နိုင်ကြောင်းကြားရပါတယ်။ စိုင်းနော်ခမ်းဟာ လူချစ်လူခင်ပေါပြီး သူနဲ အတူလက်တွဲ အလုပ်လုပ်ဘူးသူ အားလုံးကလေးစားပြီး ခေါင်းဆောင်ကောင်းပီသကြောင်းနဲ့ မိမိငယ်သားများကိုလည်း အလွန်ဂရုစိုက်တာဝန်ယူကြောင်း၊ မဟုတ်မခံ အလွန်ရဲစွမ်းသတ္တိရှိသူ ဖြစ်ကြောင်းကြားသိရပါသည်။  

စိုင်းနော်ခမ်း အတွက် စိတ်မကောင်းပါ။ မိသားစုဝင်များနည်းတူ ကျွန်တော် အင်ဂွန်ဂျာဝါလည်း ထပ်တူထပ်မျှ ဝမ်းနည်းပါသည်။ နော်ခမ်း ကြီး ကောင်းရာသုဂတိလား ပါစေလို့ ဆုတောင်းရင်း နော်ခမ်းကို ဂုဏ်ပြုလိုက်ပါတယ်။




နော်ခမ်းကို ခေါ်သွားကြပြီ
နော်ခမ်းကို ဆေးထိုးသတ်ဖို့  ၄၅ မိနစ်အလို ကပုံ
နော်ခမ်းကို ဆေးထိုး သတ်ဖို့ ၄၅ မိနစ် အလိုမှာ ဖြစ်တယ်

February 04, 2013

KIO ကိုယ်စားလှယ်များနဲ့ မြန်ုမာငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို်ယ်စားလှယ်တို့  Feb 4 ရက်နေ့  ရွှေလီမြို့ တွင်တွ့ ဆုံစဉ်

January 25, 2013

၁၉၉၂ ဝန်းကျင် က မာနယ်ပလော မြင်ကွင်းများ


၁၉၉၂ နဝတ ထိုးစစ်ကြောင့် KNU မာနယ်ပလောဌာနချုပ် ကျလုနီးနီး အနေအထားမှ KNLA နှင့် မဟာမိတ်များရဲရင့်စွာ ခုံခံကာကွယ် ခဲ့မှုကြောင့် ရန်သူမှတဘက်သတ် တပ်ဆုပ်သွားခဲ့ရသည်။ နောင်သုံးနှစ်အကြာ ၁၉၉၅ မှ KNU တွင်းမညီညွတ်မှုကြောင့် ရန်သူမှ ပေါချောင်ကောင်း ရလိုက်သည်။ သမိုင်းသင်ခန်းစာ ယူပြီး အားလုံးသွေးစီး ကြပါစို့ ....


သမိုင်းဝင် ခန်းမဆောင် ဖြစ်ခဲ့ပါတယ်

ကျဆုံးသွားသော KNLA တပ်မတော်သားများ



ရှေ့ တန်းသို့ ချီနေသာ  KNLA တပ်မတော်သားများ

ရှေ့ တန်းမှ အပြန် KNU ဗိုလ်တဦး

နဝတ ကလေးစစ်သား သုံ့ ပန်းများ

Disclaimer: ဓာတ်ပုံများကို The Museum of Karen history and culture  မှ ကူးယူပါသည်။

November 18, 2011

ဆုတောင်းတောင် နှင့်၂၀၁၁ ဓါတ်ပုံအချို့ကို ဒေါင်းလုပ်ယူရန်

Shelby Tucker 19-Nov-2011 ထံမှသတင်းအရ KIA စစ်စခန်း လိုင်ဇာမြို့တ၀ိုက်တွင် အပြင်းအထန် တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး၊ ဓါတုလက်နက်များ မြန်မာစစ်တပ်က သုံးစွဲလျှက်ရှိနေသေးကြောင်း၊ ကချင်ဒုက္ခသည် ၅ထောင်ခန့် တရုပ်ပြည်ဖက်သို့ ထွက်ပြေးရသည်။ တရုပ်အစိုးရက လက်မခံသော ကချင်ဒုက္ခသည်များ ဆောင်းရာသီ၊ နေစရာ၊ စားစရာ အခက်ခဲများစွာ ကြုံလျှက်ရှိသည်။
မြစ်ကြီးနားမြို့၊ နောင်နန်းကျမ်းစာသင်ကျောင်းအနီးရှိ ဆုတောင်းတောင် နှင့်၂၀၁၁ ဓါတ်ပုံအချို့ကို ဒေါင်းလုပ်ယူရန်, စစ်ဝါဒီများ၏ကချင်ပြည်နယ်တွင် တဖက်သက်တိုက်ခိုက်ခံရသူများအတွက် ဆုတောင်း၊ ခွန်အားယူ၊ လုပ်ဆောင်ကြပါစို၊ Pray with Action.
Kachin Capital City - Myitkyina 2011 Photos View & Download Here