Showing posts with label နိုင်ငံတကာ. Show all posts
Showing posts with label နိုင်ငံတကာ. Show all posts

August 26, 2017

အမှုရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှီနာဝပ်ထရာသည် နိုင်ငံထဲမှ တိမ်းရှောင် ထွက်ပြေးသွားကြောင်း


ဝန်ကြီးချုပ်ဟောင်း ယင်လပ် ထိုင်းနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွား
7Days News / Reuters / Image: Bangkok Post
အမှုရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှီနာဝပ်ထရာသည် နိုင်ငံထဲမှ တိမ်းရှောင် ထွက်ပြေးသွားကြောင်း သိရှိရသည်။

သူမသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်က နိုင်ငံဘဏ္ဍာများ ပြုန်းတီးစေခဲ့သည့် ဆန်စပါး ဝယ်ယူရေး မူဝါဒ တစ်ခုကို ကြပ်မတ်ကွပ်ကဲရန် တာဝန် ပျက်ကွက်မှုအတွက် တရားစွဲဆို ခံရပြီး ဩဂုတ် ၂၅ ရက်တွင် စီရင်ချက် ချမှတ်ရန် စီစဉ်ခဲ့သော်လည်း တရားရုံးချုပ်သို့ ရောက်မလာခဲ့ချေ။

သူမ၏ ရှေ့နေများက ယင်လပ်သည် နာမကျန်း ဖြစ်နေသောကြောင့် တရားခွင်သို့ ရောက်မလာနိုင်ကြောင်း ပြောကြားခဲ့သော်လည်း တရားရုံးချုပ်က လက်မခံဘဲ ဖမ်းဝရမ်းထုတ်ရန် စီစဉ်ခဲ့သည်။

ယင်လပ်၏ ပါတီက သူမသည် တရားရုံး၏ အပြီးသတ် စီရင်ချက် မချမှတ်မီ နာရီပိုင်း အလိုတွင် ထိုင်းမှ ထွက်ခွာမည့် ဆုံးဖြတ်ချက်ကို ကြိုတင် စီစဉ်မထားဘဲ ချမှတ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

ယင်လပ်က တရားစီရင် စစ်ဆေးမှု ကာလတလျှောက်လုံးတွင် သူမအနေဖြင့် စွဲချက်နှင့် ပတ်သက်၍ မည်သည့် အမှားမျှ မကျူးလွန်ခဲ့ဟု အခိုင်အမာ ငြင်းဆိုခဲ့သည်။ အတိုက်အခံ အင်အားစုများက ယင်လပ်သည် သူမကို ထောက်ခံသည့် လယ်သမား လူတန်းစားထံမှ ဆန်စပါးများကို ကာလပေါက်ဈေးထက် များစွာပိုပေး၍ ဝယ်ယူခဲ့ခြင်းဖြင့် နိုင်ငံဘဏ္ဍာကို ဒေါ်လာ ဘီလီယံနှင့်ချီ နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။

ယင်လပ်၏ ပြူထိုင်းပါတီက သူမသည် ထိုင်းနိုင်ငံထဲမှ ထွက်ခွာသွားပြီဟု အခိုင်အမာ ပြောကြားခဲ့သော်လည်း လက်ရှိ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာကမူ လမ်းကြောင်းအားလုံးကို အနီးကပ် စောင့်ကြည့်နေမည်ဟု ဆိုသည်။ “ယင်လပ်က တရားရုံးကို ရောက်မလာကြောင်း ကျွန်တော် ကြားမိတယ်။ နယ်ခြားက စစ်ဆေးရေးဂိတ် အားလုံးကို ဒီကိစ္စအတွက် တပ်လှန့်စောင့်ကြည့်ဖို့ ကျွန်တော် အမိန့်ပေးထားပါတယ်”ဟု ပယာရွတ်သ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒုတိယ ဝန်ကြီးချုပ် ပရာဝစ် ဝုန်ဆာဝမ်က ယင်လပ် မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးဟု မှတ်ချက်ပေးခဲ့သော်လည်း နောက်ပိုင်းတွင်မူ သူမသည် ထိုင်းမှ ထွက်ခွာသွားပြီး ဖြစ်နိုင်ကြောင်း ဝန်ခံခဲ့သည်။

ထိုင်းမှ ယင်လပ် ထွက်ခွာသွားခြင်းသည် ထိုင်းအာဏာသိမ်း စစ်အစိုးရ လိုလားသည့် ကိစ္စတစ်ခု ဆိုသည်မှာ ဖုံးကွယ်ထားစရာ မလိုသည့် လျှို့ဝှက်ချက်သဖွယ် ဖြစ်နေသည်။ ယင်လပ်ကို တရားစွဲဆိုမှုသည် နိုင်ငံရေးအရ တိုက်ခိုက်မှု တစ်ခုသာဖြစ်ကြောင်း သူမကို ထောက်ခံသူများက အခိုင်အမာ ယုံကြည်လျက် ရှိသည်။

ယင်လပ်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ၏ ညီမဖြစ်ပြီး သူမ အာဏာရခဲ့ချိန်၌ အငြင်းပွားဖွယ်ရာ အခြေအနေများ၊ ပြင်းထန်သည့် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ကြုံခဲ့ရသည်။ ထို့အပြင် အတိုက်အခံ အင်အားစုများက ယင်လပ်သည် သက်ဆင်၏ ရုပ်သေးမျှသာဖြစ်ကြောင်း စွပ်စွဲကြသည်။ သက်ဆင်နှင့် ယင်လပ်တို့ နှစ်ဦးလုံးသည် ထိုင်းနိုင်ငံတွင် လူများစုဖြစ်သည့် လယ်သမား လူတန်းစား၏ ချစ်ခင် ထောက်ခံမှုကို ခံရသော်လည်း အလယ်အလတ်တန်းစားနှင့် လူ့မလိုင် အသိုက်အဝန်း၏ တူးတူးခါးခါး မုန်းတီးမှုကို ခံကြရသည်။
.
.
.
Yingluck in Dubai, party sources say
26 Aug 2017 at 12:09 7,214 viewed10 comments
WRITER: REUTERS

A supporter holds images of former prime minister Yingluck Shinawatra and her brother Thaksin on Aug 1, the day when Ms Yingluck made the closing statement in her trial. (Bangkok Post file photo)
Former prime minister Yingluck Shinawatra has fled to Dubai, senior Pheu Thai Party members said on Saturday, a day after she failed to show up for a negligence ruling in which she faced up to 10 years in prison.

Sources in the party said Ms Yingluck left the country last week and flew via Singapore to Dubai where her brother, former prime minister Thaksin Shinawatra, who lives in self-imposed exile to avoid a 2008 jail sentence for corruption, has a home.

"We heard that she went to Cambodia and then Singapore from where she flew to Dubai. She has arrived safely and is there now," said a senior party member who declined to be named because he was not authorised to speak to the media.

Deputy national police chief General Srivara Rangsibrahmanakul said police had no record of Ms Yingluck leaving the country and were following developments closely.

However, other sources have told the Bangkok Post that senior officials were complicit in the escape, as they feared unrest had Ms Yingluck stayed and had the court delivered a guilty ruling and a jail term.

A Reuters reporter was stopped by security at the exclusive Emirates Hills community in Dubai, where Thaksin has a home.

A spokesperson for Thaksin in Dubai did not respond to attempts by Reuters to contact him.

After she failed to appear on Friday, the Supreme Court issued a warrant for Ms Yingluck's arrest and forfeited her 30-million-baht bail. Immigration police said on Friday that they would arrest Ms Yingluck on the spot if she is found.

Image: Bangkok Post

Ref
7Days News
On Sat, 2017-08-26 13:42Issue No.No.1546 Saturday, August 26,

April 23, 2013

ဂျပန် တောင်ကိုရီးယား သံတမန်ရေးတင်းမာ


Apr 23, '13

စစ်ရာဇ၀တ်ကောင်တွေကို ဂုဏ်ပြုတည်ထားတယ်လို့ အငြင်းပွါးနေတဲ့ စစ်အတွင်း ကျဆုံးသွားသူတွေအတွက် ဘုရား ကျောင်းမှာ ဂျပန်ဝန်ကြီးချုပ်က ငွေလှူဒါန်းတဲ့ အပြင် ဂျပန်အစိုးရ ၀န်ကြီးအဖွဲ့ဝင် ၃ ဦးပါ သွားရောက် ဂါဝရပြုခဲ့တာ ကြောင့် ဂျပန်နိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ဖို့ လုပ်နေတဲ့ တောင်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီး က သူ့ရဲ့ ဂျပန်ခရီးစဉ်ကို ဖျက်သိမ်းပြီး ကန့်ကွက်လိုက်ပါတယ်။

April 17, 2013

Pressure Cooker ဗုံးအကြောင်းသိကောင်းစရာ (ဓာတ်ပုံ)

တနေ့က ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှုဟာ ခက်ခက်ခဲခဲ စက်ရုံမလိုဘဲ ပေါင်းအိုးနဲ့ လူတိုင်းမိမိအိမ်မှာ လုပ်နိုင်တဲ့ I.E.D (improvised explosive device) အမျိုးအစား ဖြစ်ကြောင်းသိရတယ်။ ဒီ Pressure Cooker I.E.D ကို အခုမှ စ သုံးတာမဟုတ်ပါ။ အာဖဂန်နဲ့ အီရတ် တွေမှာလည်း သုံးခဲ့တာပါ။ အားလုံး ဗဟုသုတအတွက် တင်ပေးထားပါတယ်။

 ပေါက်ကွဲစေမယ့် ယမ်းတွေထည့်ထားပြီး ပိုမိုအထိနာစေဖို့ သံတိုသံစ၊ သံလုံး၊ အပ်တွေ ထည့်ထားတာပါ
ဒီလိုသံတိုသံစ သံလုံးတွေကို အထဲမှာ ထည့်တယ်
                                           
                                 pressure cooker I.E.D. အတွင်းပိုင်းကို အခုလိုမြင်ရတာပါ

အာဖဂန်ရှိ အမေရိကန်မရိန်းများ pressure cooker I.E.D ဗုံးနဲ့ပတ်သက်ပြီး ရင်းနှီးစေဖို့ လက်တွေ့လေ့လာနေကြတယ်။
ဘော်စတွန် မာရသွန် ပထမဗုံး မပေါက်ကွဲမီ ပုံ
ပေါက်ကွဲပြီး အကြွင်းအကျန်




April 15, 2013

ဘော်စတွန် မာရသွန် ဗုံးကွဲမှု (ရုပ်သံ)

April 10, 2013

အမေရိကန်ရေတပ် နောက်ဆုံးပေါ် လေယာဉ်ပစ်လေစာအမြောက် ( ရုပ်သံ)

STAR WARS လာပါပြီ။ မောင်းသူမဲ့ကင်းထောက်ယာဉ် (drone) တစ်စီးကို ရေတပ်  လေစာအမြောက် (Laser Cannon) နဲ့ စမ်းသပ်ပစ်ပြထားတာပါ။




ငွေကြေးအကုန်အကျလည်း နဲမယ်လို့ ဆိုပါတယ်။



April 09, 2013

အာကာသမှာ မကျတဲ့ မျက်ရည်

မျက်ရည်ကျခြင်း၊ မကျခြင်းအကြောင်း...



အခွန်ကောက်ခြင်းနဲ့ခြစားမှုအကြောင်း - ၀တ်မှုန်




စင်ကာပူနိုင်ငံရဲ့ Tax % of GDP
အဲဒီစာရင်းမှာ ၂၀၁၂ စင်ကာပူက ၁၄.၂% အခွန်ကောက်လို့ရတယ်။ ၂၀၁၃မှာ ၅၅ဘီလျံ အကောက်ခွန်ရမယ် မှန်းထားတယ်။ အခွန်ကို မလွတ်တန်းကောက်ပါမှ အဲဒီငွေနဲ့ နိုင်ငံတော်တည်ဆောက်ရပါမယ်။ အခွန်ဘယ်နေရာတွေက ရသလဲ ? အစိုးရ၀က်ဆိုဒ်မှာ ပွင့်လင်းမြင်သာစွာ အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။ အောက်က ပုံကြည့်လိုက်တာနဲ့ အခွန် အများဆုံးရငွေများကို မြင်နိုင်ပါတယ်။
1. Corporate Income Tax
2. Personal Income Tax
3. Goods and Services Tax
4. Statutory Board Contributions
5. Assets Tax (property)
အဲဒီ ၅ခုက ပေါင်းရင် ၈၀%လောက် ၀င်ငွေရပါတယ်။ ၂၀၁၂မှာ ဘီလျံ ၅၅ (ဒေါ်လာသန်းပေါင်း ၅၅၀၀၀)။  ရမဲ့အခွန်ကို လွတ်မသွားအောင်

April 08, 2013

မြောက်ကိုးရီးယား စစ်သွေးကြွနေခြင်း



မြောက်ကိုးရီးယားက အမေရိကန်ကို စစ်ကြေညာလိုက်တယ်...ဆိုတဲ့သတင်း၊  သတင်းစာထဲမမြင်လိုက်လို့ အင်တာနက်မှာ အတင်းလိုက်ရှာတော့၊ ပဋိပက္ခ အကြီးအကျယ်ဖြစ်နေတာ ။ စစ်သည်တော်အင်အားကိုပဲ ကြည့်ပြီး ခြေလျှင်တပ်နဲ့ တောင်ကိုးရီးယားမြို့တော်ကို အလွယ်တကူဝင်သိမ်း၊ အနိုင်ယူမယ် ဆိုတဲ့ သမရိုးကျ မြောက်ကိုးရီးယားရဲ့ ခြိမ်းခြောက်မှုပါ တရုပ်ရဲ့တပည့် ကွန်မြူနစ်နိုင်ငံဖြစ်ပြီး ဆင်းရဲမွဲတေတဲ့ နိုင်ငံဖြစ်ပါတယ်။ သယံဇာတကြွယ်ဝပေမဲ့ အားလုံးစစ်ရေးမှာပဲ သုံးပစ်ပြီး အသက်၂၉နှစ်သား Kim Jong-un ကို ဘုရင်ပုံစံ ခေါင်းဆောင်တင်ထားတဲ့ ခပ်ကြမ်းကြမ်း မြောက်ကိုးရီးယားကို

ယူကေဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ဆုံးရှာပြီ

လက်ရှိ  ဝန်ကြီးချုပ်ဒေးဗစ်ကမ်မရွမ်နဲ့ အတူတွေ့ရတဲ့ မာဂရက်သက်ချာ

သံမဏိနှလုံးသားပိုင်ရှင် အမျိုးသမီး (the Iron Lady) လို့ စစ်အေးကာလအတွင်း နာမည်ရခဲ့တဲ့ အသက် ၈၇ အရွယ် ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာဆုံးရှာပြီ။  AP တွင်ဖော်ပြခဲ့သော သတင်းအရ လေဖြတ်၍ ၈ ရက် တနင်္လာနေ့ နံနက်စောစောက ဘဝကူးပြောင်း သွားကြောင်းသိရှိရသည်။ ယူကေရဲ့ ပထမဆုံးအမျိုးသမီး ဝန်းကြီးချုပ်ဖြစ်လာသူ ဖြစ်တာမို့ နောင်လူနောင်သားတွေအတွက် အတုယူ အားကျစရာ သမိုင်းဝင် ပုဂ္ဂိုလ်အဖြစ်မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ပြီး ဝန်ကြီးချုပ်သက်ချာ လက်ထက်မှာ အာဂျင်တီနားနိုင်ငံနဲ့ ဖောက်ကလန်ကျွန်းစုပိုင်ဆိုင်မှု အငြင်းပွားမှု ပြဿနာနဲ့ပတ်သက်ပြီး ဖြစ်တဲ့ စစ်ပွဲကိုလည်း အောင်မြင်စွာဦးဆောင်နိုင်ခဲ့တဲ့သူ ဖြစ်သည့်အတွက် နိုင်ငံကျော်၊ ကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်လာခဲ့သူပါ။


The Iron Lady Rests In Peace!!

source: AP

ကြက်ဘဲ ၂သောင်းကျော်တရုတ်သုတ်သင်

VOA
Apr 8, '13

တရုတ်နိုင်ငံမှာ လူကိုသေစေနိုင်တဲ့ ကြက်ငှက်တုပ်ကွေး ရောဂါသစ် ပျံ့နှံ့ဖြစ်ပွားမှုကို ရပ်တန့်နိုင်အောင် ကြိုးစားတဲ့အနေနဲ့ ရှန်ဟိုင်းမြို့မှာ ကြက်ဘဲအသားရောင်းချမှုတွေကို ပိတ်ပင်ထားသလို ကြက်ငှက်တိရစ္ဆာန် ၂ သောင်းကျော် ကိုလည်း စတင်သုတ်သင်ခဲ့ပါတယ်။

 H7N9 အမျိုးအစား ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ဟာ သောကြာနေ့အထိ ၆ ယောက်ရှိသွားပြီလို့ ကျန်းမာရေး အရာရှိတွေ က ပြောပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်>>>

April 07, 2013

မြန်မာတံငါသည် ၈ ဦး သေဆုံးမှုနဲ့  စွပ်စွဲခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တရားရင်ဆိုင်ရမည်


The Jakarta Post 
 Apr 6, 13 

 အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်း မြန်မာတံငါသည် ၈ ဦး သေ ပြီး နှစ်ဘက်ထိခိုက်ဒဏ်ရာရတဲ့ ကိစ္စ ဘာသာရေးနဲ့ မဆိုင်ဘဲ အဆိုပါ မြန်မာတံခါးသည်များက ရိုဟင်ဂျာ အမျိုးသမီးတဦးကို မဖွယ်မရာပြုမူ မှုကြောင့် အချင်းများရာမှ ရန်ပွဲစတင်ဖြစ်ပွားခဲ့ရကြောင်း ဂျာကာတာပိုစ့်ကပြောပါတယ်။

ကနေဦး သတင်းများအရ မြန်မာပြည်ရှိ မွတ်ဆလင် - ဗုဒ္ဓဘာသာ ပဋိပက္ခကြောင့် အချင်းများသည်ဆိုသည်မှာ မမှန်ကြောင်းလည်း သိရတယ်။

 အင်ဒိုနီးရှား နယ်ကမြေခံ ရဲပြောရေးဆိုခွင့်ရှိသူ ရဲမှုး ဟယ်ရူ ပါရာကိုဆို က " စွပ်စွဲခံ မူဆလင် ရိုဟင်ဂျာများတွေကို စုပေါင်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် နှိပ်စက်ကလူပြုမှုတို့နဲ့ တရားစွဲထားကြောင်း၊ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အများဆုံး ၁၂ နှစ်ကျနိုင်ကြောင်း" ဆိုပါတယ်။ မူဆလင် ရိုဟင်ဂျာ ဒုက္ခသည်တွေက အဖိနှိပ်ခံမြန်မာနိင်ငံကနေ ထွက်ပြေးတိမ်းရှောင် လာပြီး အင်ဒိုနီးရှားမှာ လာရောက် ခိုလှုံခွင့် တောင်းခံနေတဲ့သူတွေ ဖြစ်တယ်။ တံခါသည်များကတော့ တရားမဝင် ငါးခိုးဖမ်းမှုနဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့သူတွေ ဖြစ်တယ်လို ဆိုပါတယ်။

 (ဂျာကာတာပို့စ်ပါ သတင်းကို မူရင်းအတိုင်း အင်ဂွန်ဂျာဝါ ပြန်ဆိုသည်။)



March 26, 2013

Secret Service အကြီးအကဲ ပထမဆုံး အမျိုးသမီးခန့်အပ်


ဗွီအိုအေ
မတ် ၂၆၊ ၂ဝ၁၃

အမေရိကန်အစိုးရ Secret Service ထောက်လှမ်းဌာနရဲ့ ပထမဆုံး အမျိုးသမီး အကြီးအကဲ အဖြစ် ဂျူလီယာ ပီယာစန် (Julia Pierson) ကို ခန့်အပ်မှာ ဖြစ်တဲ့အကြောင်း သမ္မတ အိုဘားမား က ကြေညာ လိုက်ပါတယ်။
အဆိုပါ ထောက်လှမ်းရေးဌာနဟာ  သမ္မတနဲ့ သူရဲ့မိသားစုကို အကာအကွယ်ပေးတဲ့ ဌာနလည်း ဖြစ်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်