Showing posts with label အောင်ကျော်ဇော်. Show all posts
Showing posts with label အောင်ကျော်ဇော်. Show all posts
November 14, 2013
May 17, 2013
ဝတပ်ဖွဲ့ - တရုတ် - မြန်မာ ဆက်ဆံရေး (အသံ)
အသံနားဆင်ရန်
ဦးကျော်ဇံသာ က UWSA နဲ့ တရုတ်အစိုးရ ဆက်ဆံရေးက မြန်မာနိုင်ငံအပေါ် ဘယ်လိုဂယက်ရိုက်ခတ် လာနိုင်မလဲဆိုတာကို ဒေသရေးရာ လေ့လာစောင့်ကြည့်နေသူများဖြစ်တဲ့ သတင်းစာဆရာကြီး Bertil Lintner နဲ့ မြန်မာ့အရေးသုံးသပ်လေ့လာနေသူ ဦးအောင်ကျော်ဇော တို့နဲ့ သုံးသပ်ဆွေးနွေးထားပါတယ်။
Labels:
WA,
အောင်ကျော်ဇော်
May 01, 2013
UWSA လက်ဝယ်ရှိ Mi17 ရဟတ်ယာဉ်နှင့် ပတ်သက်သမျှ (အသံ)
RFA
Apr 30, '13
"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို တရုတ်နိုင်ငံက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပေးပို့ခဲ့တယ်လို့ နာမည်ကျော် Jane’s Defence Weekly အပတ်စဉ်ထုတ် ကာကွယ်ရေး စာစောင်က ဧပြီလ ၂၉ ရက်နေ့မှာ ထုတ်ဖော်ရေးသားလိုက်ပါတယ်။
TY-90 အမျိုးအစား ဝေဟင်က ဝေဟင်ပစ် ဒုံးကျည်လက်နက်တွေ တတ်ဆင်ထားတဲ့ Mi-17 အလတ်စား ရဟတ်ယာဉ် တွေကို ဖေဖော်ဝါရီ လကုန်ပိုင်း နဲ့ မတ်လဆန်းမှာ ပေးပို့ခဲ့ကြောင်း မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး Jane’s Defence Weekly စာစောင်က ရေးသားထားပါတယ်။

အဲဒီ Mi-17 ရဟတ်ယဉ်တွေကို ရုရှားနိုင်ငံမှာထုတ်လုပ်ပြီး ကမ္ဘာအနှံ့ ရောင်းချရာမှာ များမကြာမှီကတင် တောင်တန်းဒေသတွေမှာပျံသန်းဖို့အတွက် အထူးမွမ်းမံထားတဲ့ အင်ဂျင်မျိုးအစားတွေထည့်သွင်း တပ်ဆင်ပြီး တရုပ်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို ရောင်းချခဲ့ကြောင်းသိရပါတယ်။ TY-90 အမျိုးအစားဒုံးကျည်တွေကတော့ တရုတ်နိုင်ငံထုတ်လက်နက် ဖြစ်ပါတယ်။
Labels:
WA,
သတင်းတို,
အင်တာဗျုး,
အောင်ကျော်ဇော်
April 14, 2013
"ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို ပါးနပ်စွာ အသုံးချတတ်ရန်လို" ဦးအောင်ကျော်ဇော်
![]() |
| မတ်လ ၁၁ရက် ရွှေလီဆွေးနွေးပွဲနေ့မှာ ခွန်ဥက္ကာနဲ့ အတူတွေ့ရစဉ် |
သျှမ်းသံတော်ဆင့်
Apr 11, '13
KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
Labels:
အင်တာဗျုး,
အောင်ကျော်ဇော်
April 12, 2013
"တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား"
Feb 13, '13
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
Labels:
အင်တာဗျုး,
အောင်ကျော်ဇော်
January 31, 2013
အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြှစ်ပြတ် ချေမှုန်းရေးပဲ ဖြစ်တယ်
(နိုင်ငံရေး ၊ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောနှင့်တွေ့ဆုံမေးမြန်းခန်း) (သျှမ်းသံတော်ဆင့်)
၂၀၁၂ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIA ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာမြို့အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ သဲသဲမဲမဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ အထိ တစ်လကျော်ကြာ နှစ်ဘက် အပြင်းထန်ဆုံး သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယခုအခါ နှစ်ဘက် တိုက်ပွဲအရှိန်ကျလာပြီး လာမည့် ဖေဖေါ်ဝါရီလ ပထမအပတ်တွင် KIO နှင့် အစိုးရကိုယ်စားလှယ်များ သည် UWSA “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မေ တာ်၏ ဖိတ်ကြားချက်အရ UWSA ဗဟိုဋ္ဌာနချုပ်ရှိရာ သျှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
၎င်းလက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရ ကာကွယ်ရေးဝန်ကြီးဋ္ဌာနကလည်း ယခုလ ၂၈ ရက်နေ့ နေ့စွဲဖြင့် ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။
အထက်ပါ ကိစ္စများ အပေါ် ခြုံငုံသိရှိနိုင်ရန် တရုတ်နယ်စပ် နိုင်ငံရေး ၊ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောအား သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားသည် ။
မေး - လက်ရှိအခြေအနေမှာ အစိုးရတပ်က စိုးမိုးကုန်းတွေရသွားတာပေါ့ နော် လိုင်ဇာမြို့ကတော့ KIO က ထိန်းချုပ်ထား ဆဲ ဆိုတော့ ဒီအခြေအနေကို ဘယ်လို ပြောနိုင်မလဲ။
ဖြေ - လောလောဆယ် အနေအထားက လိုင်ဇာကို မသိမ်းသော်လည်း သိမ်းထားသလို ဖြစ်နေတယ် အချိန်မရွေးသိမ်းလို့ ရနေ တဲ့ အနေအထားဖြစ်နေပြီ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့သာ လိုင်ဇာကို မသိမ်းဘူးပြောနေတာ ဒါကဘာလဲ ဆိုတော့ ကေအိုင်အေရဲ့ စီးပွားရေးဝမ်းဗိုက်ကိုဖြတ် ချလိုက်တာ ဖြစ်တယ်။
ကျနော်တို့ကြားနေတာတစ်ခုက ဗမာအစိုးရက လိုင်ဇာကိုကွင်းပြီး တရုတ်ပြည် ရင်ကျန်းနဲ့ လဂျားယန်အထိ လမ်းဖေါက်ဖို့ စီစဉ်နေတယ် အဲဒီတော့ ကေအိုင်အေရဲ့ လိုင်ဇာမြို့ဟာမြို့ပျက်ကြီးဖြစ်သွားမယ် သူတို့ ထိုးစစ်ဆင်တိုက်ခိုက်ရတဲ့ ရည်မှန်း ချက်ထဲမှာ အဲဒါတွေပါတယ်။
မေး - ဒီလ ၂၈ ရက်နေ့က ကာကွယ်ရေးဝန်ကြီးဋ္ဌာနက KIA ကို ထိုးစစ်ဆင်တာမရှိဘူး ၊ ခုခံကာကွယ်တာပါလို့ တရားဝင် ကြေငြာချက်ထုတ် ပြောပါတယ် အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ ။
၂၀၁၂ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIA ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာမြို့အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ သဲသဲမဲမဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ အထိ တစ်လကျော်ကြာ နှစ်ဘက် အပြင်းထန်ဆုံး သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယခုအခါ နှစ်ဘက် တိုက်ပွဲအရှိန်ကျလာပြီး လာမည့် ဖေဖေါ်ဝါရီလ ပထမအပတ်တွင် KIO နှင့် အစိုးရကိုယ်စားလှယ်များ သည် UWSA “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မေ
၎င်းလက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရ ကာကွယ်ရေးဝန်ကြီးဋ္ဌာနကလည်း ယခုလ ၂၈ ရက်နေ့ နေ့စွဲဖြင့် ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။
အထက်ပါ ကိစ္စများ အပေါ် ခြုံငုံသိရှိနိုင်ရန် တရုတ်နယ်စပ် နိုင်ငံရေး ၊ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောအား သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားသည် ။
မေး - လက်ရှိအခြေအနေမှာ အစိုးရတပ်က စိုးမိုးကုန်းတွေရသွားတာပေါ
ဖြေ - လောလောဆယ် အနေအထားက လိုင်ဇာကို မသိမ်းသော်လည်း သိမ်းထားသလို ဖြစ်နေတယ် အချိန်မရွေးသိမ်းလို့ ရနေ တဲ့ အနေအထားဖြစ်နေပြီ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့သာ လိုင်ဇာကို မသိမ်းဘူးပြောနေတာ ဒါကဘာလဲ ဆိုတော့ ကေအိုင်အေရဲ့ စီးပွားရေးဝမ်းဗိုက်ကိုဖြတ်
ကျနော်တို့ကြားနေတာတစ်ခုက ဗမာအစိုးရက လိုင်ဇာကိုကွင်းပြီး တရုတ်ပြည် ရင်ကျန်းနဲ့ လဂျားယန်အထိ လမ်းဖေါက်ဖို့ စီစဉ်နေတယ် အဲဒီတော့ ကေအိုင်အေရဲ့ လိုင်ဇာမြို့ဟာမြို့ပျက်ကြီ
မေး - ဒီလ ၂၈ ရက်နေ့က ကာကွယ်ရေးဝန်ကြီးဋ္ဌာနက KIA ကို ထိုးစစ်ဆင်တာမရှိဘူး ၊ ခုခံကာကွယ်တာပါလို့ တရားဝင် ကြေငြာချက်ထုတ် ပြောပါတယ် အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ ။
Labels:
အင်တာဗျုး,
အောင်ကျော်ဇော်
Subscribe to:
Posts (Atom)