Showing posts with label ဟစ်တိုင်. Show all posts
Showing posts with label ဟစ်တိုင်. Show all posts

November 02, 2013

သတင်းစာ၊ဂျာနယ်များ မရေးရဲတဲ့ ခရိုနီ၊ စစ်အာဏာရှင်ဟောင်းများအကြောင်း



အနာဂါတ်မြန်မာပြည်သည် ထိုင်းနိုင်ငံပုံစံသွားမည်လော၊ ဗီယက်နမ်၊အင်ဒိုနီးရှား၊ဖိလစ်ပိုင် စသဖြင့်မည်သည့်ပုံစံသွားမည်လော ကျနော်မသိနိုင်၊ တရုပ်လိုတော့မသွားလိုပဲ တောင်ကိုးရီးယားလို သွားစေချင်သော်လည်း ယခုဖြစ်ပျက်နေသောအခြေအနေသည် ဖိလစ်ပိုင်နိုင်ပံပုံစံဖြစ်နေသည်။ ထိုင်း၊မလေးရှား၊စင်ကာပူနိုင်ငံများတွင် ပြဲနေအောင်သွားရောက်လုပ်ကိုင်ရသည့်အထဲ၊ အိမ်စေအလုပ်သမများကို တရားဝင်ခွင့်ပြုမည်ဟု ဆိုလာသည်ကို ကြိုဆိုရင်း ဝမ်းနည်းပါသည်။

September 18, 2013

ကေအိုင်အေ စစ်သုံ့ပန်းပေါ်လစီနဲ့ ပတ်သက်၍ ကျောင်းသားတပ်မတော် (ABSDF) ပြန်တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်မှန်

စောငွေလရောင် 

1988ခုနစ် တောခိုတဲ့အခါ စစ်သင်တန်းတက်ဖို့ ဆိုပြီး ကေအိုင်အေ ဗဟိုဌာနချုပ်ရှိရာ လိုင်စင်ကိုအတက်။ ယခုလူသိများတဲ့ လိုင်ဇာနဲ့ လေးဆယ့်ငါ့မိနစ်ခရီး အကွာရှိ ကေအိုင်အေရဲ့ အမှတ်(၃)နည်းဗျူဟာဌာနချုပ် နောင်ရာပါစခန်းမှာ နားကြတယ်။ ကျနော်တို့ တောခိုကျောင်းသားတွေကို ဗိုလ်မှုးပန်းအောင် ကခေါ်ပြီး ညတွင်းချင်းပဲ ကြိုဆိုနုတ်ဆက်စကားပြောတယ်။ ပြီးတော့ ဗီဒီအိုပြပေးတယ်။ ပထမဆုံးကြည့်လိုက်ရတာက ကျနော်တို့ နောင်ရာပါမရောက်ခင် တပတ်လောက်က ဗန်းမော် မြစ်ကြီးနားလမ်းပိုင်းပေါ်က ရင်ကွဲတောင်နားက ခြုံခိုတိုက်ပွဲကိုပြတယ်။
ကေအိုင်အေက ခလရ ၂၇က ဒုဗိုလ်ခင်မောင်အေးအပါအ၀င် စစ်သည်နစ်ဆယ်ကျော်နဲ့  လက်နက်ပေါင်းနစ်ဆယ်ကျော်သိမ်းဆည်း ရမိတယ်။ မှတ်မိသေးတဲ့ ဗီဒီအိုက တကယ့်တိုက်ပွဲဖြစ်တဲ့ဟာကိုရိုက်ထားတာ။ ခင်မောင်အေးကို ဖမ်းမိတော့ ကြွက်စုတ်ကလေးလိုပဲ ရွံ့တွေပွလို့ ။ ကင်မရာမင်းကမေးတယ် နံမည်ဘယ်လိုခေါ်လဲဆိုတော့ အမောင်မင်းသားက ဟောလီးဝုဒ်ရိုက်တယ် ထင်လားမသိဘူး ဘိုလို I am Khin Mg Aye လို့ ဖြေသဗျ...။

နောက်တခုက ကျနော့်ပထမဆုံးအကြိမ် ရှေ့ တန်းထွက်ဖြစ်တဲ့ ဗန်းမော်ခရိုင် ကေအိုင်အေ အမှတ် (၃)တပ်မဟာနဲ့ အမှတ် (၂)နည်းဗျူဟာစိုက်တဲ့ အင်ဘာဘာ တိုက်နယ်ထဲက နောင်ငွန်ပါရွာ...။ ကျနော်တို့ အဖွဲ့ မရောက်ခင် အေအိုင်ကေက တပ်မဟာမှူး ဗိုလ်မှူးလဇိန်ဘောက် စစ်ကြောင်းက ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ဟိုပင်အခြေစိုက်တဲ့ ခလရ (၄၀)ကို ခြုံခိုတိုက်တဲ့အတွက် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန်းထွန်းအပါအ၀င် တပ်ရေး ဗိုလ်ကြီး ထလရဗိုလ်ကြီး..တပ်ခွဲမှူးနဲ့ အရာရှိအရာခံ ၂၀ကျော်ကို အရှင်းဖမ်းမိတယ်။ လက်နက်ပေါင်း ၅၀ကျော် သိမ်းဆည်းရတယ်။ တိုက်ပွဲမှာဖမ်းမိခဲ့တဲ့ သုံးပန်းအားလုံးကို စနစ်တကျ ဆေးကုပြီး ကျွေးမွေးစောင့်ရှောက်တဲ့  နေရာကို ကျနော်တို့ သွားကြည့်တယ်။ ဟိုက်ရှားပါး..ဆရာသမားတွေက စိမ်ပြေနပြေ ဖဲရိက်ကစားနေလိုက်ကြတာ သူတို့ တပ်ရင်းက ဘားတိုက်ထဲမှာလိုပဲ...။

တပ်ရင်းမှုးဒုဗမက သိန်းထွန်းတိုက်ပွဲမှာရတဲ့ ခြေထောက်က ဒဏ်ရာသက်သာပြီဆိုမှာ သူတို့ အားလုံးကို အိမ်ပြန်လမ်းပြန်ပို့ တယ်..။ ရိုးရိုးတောင်မဟုတ်ဘူးနော်။ ဒုဗမကသန်းထွန်းက ခြေထောက်ဒဏ်ရာကြောင့် လားကောင်းကောင်း တကောင်းဆင်ပြီး စီးခိုင်းပြီးကို ပြန်ပို့ ပေးခဲ့တာ။

ကဲ...လတ်တလော... လဂျားယန်စစ်ဆင်ရေးကာလမှာ သုံ့ ပန်း၃၀ကျော်..။ တိုင်းသိပြည်သိ။ သူတို့ တွေကို ဘယ်လိုထားခဲ့ကြတယ်ဆိုတ ပေရှည် မနေတော့ပါဘူး..ကျနော်ပြောချင်တာ ဘာလဲဆိုတာ ဖေ့ဘုတ်လောကသားများ အားလုံး သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။

(Kayin Lay ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်။)

August 21, 2013

Ilegal Tax for import/export special items

မိုးမခပေးစာ၊ သြဂုတ် ၂၂၊ ၂၀၁၃
အကြောင်းအရာ။          ။တရားမ၀င်ရေမဆေးကျောက်များ သယ်ထုတ်ရောင်းချခြင်းကိစ္စ နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်ရာဌာနများမှ သိစေလိုခြင်း။
တရားမ၀င်ရေမဆေးကျောက်များကို သယ်ယူပို့ဆောင်-ထုတ်ရောင်းချနေသည့် ကောင်းခါးပြည်သူ့စစ်က ဗိုလ်ကြီးအဆင့်ရှိသူ ဦးကျော်သန်းဝင်းသည် တရုတ်ပြည်သို့ တင်သွင်းပို့ဆောင်နေသည်မှာ ခေါက်ခေါက်ခါခါ အကြိမ်ပေါင်းများပြားလှပါပြီ။
ယခုလက်ရှိမှာလည်း တရားမ၀င်ရေမဆေးကျောက်များကို (၁၀)ဘီး – (၁၂)ဘီးကားကြီးများဖြင့် သယ်ယူလာခါ တရုတ်ပြည်သို့ ပိုဆောင်ရန် ကာမိုင်းမြို့နယ်၊ကချင်ပြည်နယ်-နန်းသိန်း/နန်းယားရွာအထိရောက်နေပါပြီဟု ၄င်းကျေးရွာမှ အမည်မဖော်လိုသူ တစ်ဦးမှပြောပါသည်။
ယခုသယ်ဆောင်လာသော တရားမ၀င်ရေမဆေးကျောက်များ၏ တန်ချိန်မှာ (၃၀၀)ကျော်တန်ချိန်ခန့်  ရှိနိုင်သည်ဟု ၄င်းမှ ဆက်လက်ပြောကြားပါသည်။ နိုင်ငံတော်အစိုးရမှလည်းတရားဝင်လုပ်ကိုင်ခွင့်ရရှိခဲ့သော လုပ်ကိုင်ခဲ့သော ကုမ္ပဏီများကို ခေတ္တပိတ်ထားခဲ့သည်မှာလည်း (၁)ကျော်ခန့်ရှိပါပြီ။  သို့ပါသော်လည်း တရားမ၀င်ရေမဆေး ကျောက်များမှာ ဘာကြောင့်မို့ တရားမ၀င်လမ်းကြောင်းမှ တရုတ်ပြည်သို့  အစဉ်အမြဲ ထွက်ရှိနေတာကို နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဌာနအသီးသီးကို ဒီလိုလုပ်ရပ်တွေကို ဘာကြောင့်အရေးယူခြင်း၊ ဖမ်းဆီးခြင်း၊မလုပ်တာပါလဲလို့၊ သို့မဟုတ်  အဖွဲ့စည်းမို့လို့ ခွင့်ပြု (သို့ )နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်အစိုးရဌာန အသီးသီးက လျစ်လျူရူနေတာလားဆိုတာကို နိုင်ငံတော်မှ သက်ဆိုင်ရာဌာနအသီးသီးမှ ပုဂ္ဂိုလ်များကို သိစေလိုပါသည်။
သြဂုတ်လ ၂၀ ရက်နေ့က ကချင်ပြည်နယ်ဝန်ကြီးချုပ်အား ဖုန်းဆက်အကြောင်းကြားသော်လည်း သတင်းမှာ ထူးခြင်း မရှိပါကြောင်း သိရပါသည်။ အရေးမယူမဖမ်းဆီဘဲ ဆက်လက်ထွက်ခွါခွင့်ကိုသာ ပေးသောကြောင့် မအူပင်၊ကာမိုင်း ဧရာဝတီမြစ်အစဉ်အတိုင်း တောလမ်းမှ သြဂုတ် ၂၀ နေ့တွင် နန်းဆိုင်ယန် သို့သွားနေသည်ုဖြစ်ပါတယ်။
၎င်းနန်းဆိုင်ယန်မှ တဆင့် KIA မှ တာဝန်ယူပြီး လိုင်ဇာသို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်ဟု ပြောကြားပါသည်။
တဖက်မှာတော့ ဗန်းမော်မြို့နယ် လွယ်ကျယ်လမ်းမှ သစ်ကားများကိုတော့ ဖမ်းဆီးအရေးယူတယ်။ မြန်မာနိုင်ငံ၏
တန်ဖိုးများစွာရှိလှသော ကျောက်စိမ်း၊ တရားမ၀င်ရေမဆေးကျောက်များကို တရားမ၀င်လမ်းကြောင်းမှ ထုတ်ယူပို့ဆောင်နေသည်ကို နိုင်ငံတော်မှ သက်ဆိုင်ရာဌာနအသီးသီးမှ ပုဂ္ဂိုလ်များကို သိစေလိုပါသည်။
ယုံကြည်အားကိုးမျှော်လင့်စွာဖြင့်……
အလေးထားအားကိုးယုံကြည်လျှက်
တာဝန်သိပြည်သူတစ်ယောက်

July 24, 2013

ခြစားမှုတိုက်ဖျက်ရေး (သန့်ရှင်းသောအစိုးရ) - Education & Health government staff expense

  ခြစားမှုတိုက်ဖျက်ရေး (သန့်ရှင်းသောအစိုးရ)

သမ္မတအကြံပေး ဒေါက်တာဦးမြင့်၏  Corruption Paper  စာတမ်းတွင် ခေါင်မိုးမှစတင်တိုက်ဖျက်၊  Fry a big fish ဟု ရေးထားပါသည်။ ၂နှစ်ကြာခဲ့ပါပြီ။ ယခု၂၀၁၃ တွင် တော်တော်လေး အောင်မြင်လာတာ တွေ့ရပါသည်။ အခွန်ကောက်စနစ်မှာ ခြစားမှု၈၀% ပြည်ပအ၀င်အထွက်ဂိတ်များနဲ့ကုမ္ပဏီကြီး ၅၀၀ ခန့်ကို  ပရိုဖက်ရှင်နယ် Audit  များနှင့်ရအောင် အခွန်ကောက်ရန်၊ အခွန်ရှောင်ပါက ကြီးမားသော ဒဏ်ငွေဆောင်စေရန် ဖြစ်သည်။ အခွန်ကောက်မှုကို စနစ်တကျဆောင်ရွက်ခြင်း အရှိန်ရလာပါသည်။ လူကောင်းများကို ခန့်ပြီး၊ လေ့ကျင့်ထားနိုင်ဖို့ နှစ်နဲ့ချီပြီးလုပ်ရပါသည်။ မလွယ်ပါ။

အခွန်ပြီးရင် ဒုတိယအနေနဲ့ အခွန်ငွေသုံးစွဲမဲ့ဌာနကြီးတွေမှာ ခြစားမှုနည်းအောင်လုပ်ရပါမယ်။ အခွန်သုံးဌာနများက ၀န်ကြီးဌာနအားလုံးပါ။ သို့သော် ခြစားမှုစနစ်ကို တိုက်ဖြက်ဖို့ဆိုရင် လူများများ (၀န်ထမ်းများများ) ရှိတဲ့ ၀န်ကြီးဌာနတွေကို ဦးစားပေးရပါမယ်။ ကာကွယ်ရေးဝန်ကြီးဌာန (စစ်သည် ၄သိန်း)၊ ပညာရေးဝန်ကြီးဌာန (ဆရာ/မ) ၃သိန်း၂သောင်း၊ ကျန်းမာရေး ဆရာ/မ - ၅သောင်း (ပဂ္ဂလိကဆေးရုံ၊ သ/မ ဆေးခန်းများပေါင်းလျှင် တစ်သိန်းခွဲခန့် ရှိနိုင်မည်)။ ထိုလူများအတွက် အခြေခံစားဝတ်နေရေးအတွက် ဘတ်ဂျတ်မြှင့်တင်ပေးရပါမည်။

ငွေပေးနည်း (လစာတိုးပေးနည်း) မထိရောက်ပါ။

အစိုးရ၀န်ထမ်းများကို အခြေခံစားဝတ်နေရေး အဆ

May 10, 2013

လျှပ်စစ်နှင့်မြန်မာပြည် (နေရောင်ခြည်လျှပ်စစ်စက်ရုံဆောက်မယ်၊ ကမ္ဘာမှာတတိယအကြီးဆုံးတဲ့)


မြစ်ကြီးနားမြို့လျှပ်စစ်ပစ္စည်းဆိုင်တစ်ခု ဆိုလာပြားများရောင်းချသည်။ 2013

လျှပ်စစ်နဲ့ပတ်သက်ပြီး မှတ်တမ်းများ
- ၀င်ငွေရှိရင် လျှပ်စစ်ပစ္စည်းများစွာ သုံးနိုင်ပါမယ်။ အမေရိကားမှ တအိမ်လုံးနွေးနေအောင် ချမ်းအေးတဲ့လမှာ Heater ဖွင့်ထားတော့ တစ်လကို ဒေါ်လာတစ်ထောင်ကျော် ကုန်ကျတာမျိုး.. ဖြစ်လေ့ရှိပါတယ်။ အမေရိကားဝင်ငွေနဲ့မထောင်းသာပေမဲ့ ဆက်တိုက်ကုန်ကျလာရင် မသက်သာပါဘူး။
- စင်ကာပူမှာတော့ လေအေးစက်၊ အ၀တ်လျှော်စက်နဲ့ ၃ခန်းတစ်အိမ်ကို လူ၆ယောက်လောက်နေရင် လျှပ်စစ်ဖိုး တစ်လဒေါ်လ၅၀၀လောက်အထိ ကုန်ကျပါတယ်။

၂၀၁၃ နှစ်လည် ပြည်ထောင်စုအရေး သုံးသပ်ချက် (သရော်စာ)





ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုသည့်အကြောင်း မရဲတရဲ ပြောဆိုဆွေးနွေးလာကြတာ မြင်ရသည်။ ကောင်းပါပေ့ .. ကောင်းပါပေ့။ Something is better than nothing ဟုပင် ဆိုကြတာကိုး။

ကျနော်ကတော့ အရေးတကြီး ပြင်ဆင်စရာအချက် တစ်ချက်ကို သတိထားမိသည်။ နိုင်ငံတော်သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်တွင် စစ်ရေးအမြင်ရှိသူဖြစ်ရမည် ဟူသော အချက်ပင် ဖြစ်သည်။ လက်ရှိသမ္မတကြီးကို ကြည့်ပါ။

May 04, 2013

မှတ်ပုံတင် ပြနိုင်တော့လည်း ရွှေသိမ်းချင်ပြန်တယ်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဧပြီလ ၂၉ ရက် 

 အယ်ဒီတာခင်ဗျား... 

ကျနော်တို့ ကချင်ပြည်နယ်က ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသဆိုတာ တကယ်ခေါင်းပါးတဲ့ နေရာဒေသ ဖြစ်ပါတယ်။ ကျနော်တို့နယ်က စပါးအထွက်နည်းလို့ ဘိုးစဉ်ဘောင်ဆက် ဆန်ဒုမ့်တောင်ကြီး ကျော်ပြီး အသွားအပြန် ၁၀ ရက်က နေ ၁၃ ရက်ရှိတဲ့ နောင်မွန်းမြို့နယ်၊ မဂွေဇ စခန်းကနေ ခေါင်လန်ဖူးမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ နိုင်ငံတော် ဝန်ထမ်းတွေအတွက် ရိက္ခာ (ဆန်၊ ဆီ၊ ဆား) တွေကို နှစ်တိုင်း တနှစ်လျှင် ၂ ခါထက် မနည်း မိမိရိက္ခာဖြင့် အခမဲ့ ထမ်းပြီး နိုင်ငံတော် အစိုးရကို ပံ့ပိုးလာခဲ့တဲ့ တိုင်းရင်းသားလူမျိုးတွေ ဖြစ်ပါတယ်။ ကျနော်တို့က ဗမာစကား ကောင်းကောင်း

April 30, 2013

ဗမာ့/မြန်မာ့ ကျွန်သပေါက်သားဘဝ - လာဇရု

အင်္ဂလိပ်သခင်တွေ ၁၈၈၅ မန္တလေးကို ဝင်ရောက်လာနေတာကို မန္ထလေးဒေသခံများ ငေးမောကြည့်နေတဲ့ ပန်းချီကားပါ။ ဗမာ/မြန်မာတွေတော့ ၁၉၄၈ မှာ ကျွန်ဘဝကနေ လွတ်မြောက်သွားခဲ့ပြီ။ (ကျန်တဲ့ တိုင်းရင်းသား အကူအညီလဲ ပါတယ်)

သို့သော် ငါတို့ တိုင်းရင်းသားတွေ ၁၉၄၈ ဗမာပြည်လွတ်လပ်ရေး ရကတည်းက ဗမာ/မြန်မာ့ကျွန် ဖြစ်ခဲ့ရတယ်။ မလွတ်လပ်တဲ့ ဘဝကနေ ဗမာသခင်တွေရဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ကို ကျင်းပလာတာ အနှစ် ၆ဝ တောင်ကျော်ခဲ့ပြီ။


ဗမာ/မြန်မာတွေ သူတို့  အင်္ဂလိပ်ကျွန်ဖြစ်ရလေခြင်းလို့ မခံမဝံ့၊ မျိးဂုဏ်ဇာတိမာန်တွေ ပြကြနဲ့ လွတ်လပ်ရေးကို ဘယ်လောက်တောင့်တ ခဲ့သလဲဆိုတာ ဗမာ/မြန်မာတွေ အားလုံးသိကြမှာပါ။

ငါတို့တတွလည်း သူတို့ အင်္ဂလိပ်ကွန်ဘဝကနေ လွတ်မြောက်ချင်သလို ဗမာ့ကျွန် သပေါက်သား ဘဝကနေ လွတ်မြောက်ချင်လှပြီ။

ယနေ့ချိန်ထိတော့ ငါတို့ ဒေသကို ဗမာ/မြန်မာတပ်တွေတိုးချဲ့ နေရာယူလာပြီး ငါတို့ သမီးပျိုတွေကို အနိုင်ကျင့် အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်ဆီးနေတာကို ၁၈၈၅ က မန္ထလေးသားများလို ဗမာ/မြန်မာသခင် လုပ်ရပ်တွေကို ငေးကြည့်နေရတဲ့ ဘဝပါ။

April 29, 2013

ပြောင်းလဲလာတဲ့ မန်းတလုပ်မြို့ (ဓာတ်ပုံ)


မန္တလေးသားတွေ အသားပိုဖြူလာကြတယ်။
မန္တလေးသားတွေ တရုတ်စကားပိုတတ်ကြတယ်။
မန္တလေးသားတွေ တရုတ်ဆိုင်းဘုတ်ပိုအသုံးပြုလာတယ်။


April 21, 2013

ခင်ဗျားတို့ပြောတဲ့ ဒီမိုကရေစီ - အိမ်ဝေးသူ (ကဗျာ)



ပြည်သူလူထု အလိုချင်ဆုံးက
ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ရွှေနိုင်ငံတော်ကြီး
ခင်ဗျားတို့ ပေးနေတာတွေက
အဆုံးမသတ်နိုင်သေးတဲ့ လူမျိုးရေး ပဋိပက္ခ…။
ပြည်သူလူထု မျှော်မှန်းနေတာက
စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံတော်ကြီး
ခင်ဗျားတို့ သယ်ဆောင်လာတာက
တိုက်ပုံဝတ် လူသတ်သမားများရဲ့ မင်းမဲ့စရိုက်…။
ပြည်သူလူထု တမ်းတနေတာက
ထမင်းရေ ချောင်းစီး၊ မောင်းတီးပြီးလှူနိုင်စွမ်းတဲ့ တိုင်းပြည်
ခင်ဗျားတို့ မီးမြှိုက်ပေးနေတာက
လယ်သမားတွေကို ထမင်းတစ်နပ်ပဲ စားကြပါစေဆိုတဲ့ ဆင်းရဲမွဲတေမှု…။
ပြည်သူလူထု လိုချင်တာက
ဝိဇ္ဖ၊သိပ္ပ ပညာရပ်တွေ ထွန်းကားတဲ့ ခေတ်မှီ နိုင်ငံတော်
ခင်ဗျားတို့ အလကား ဝေနေတာက
အနာဂတ်သေဆေးနဲ့ မျှော်လင့်ချက်ပျောက်ဆေး…။
ပြည်သူလူထု ငံ့လင့်နေတာက
လူမျိုးစုံ ချစ်ကြည်ရေးနဲ့ အတူယှဉ်တွဲ နေထိုင်ရေး
ခင်ဗျားတို့ လှုံ့ ဆော်နေတာက
ပြည်သူလူထု ပြိုကွဲပျက်စီးရေးနဲ့ ရာသက်ပန်နာလန် မထူနိုင်ရေး…။
ပြည်သူလူထုရဲ့ အိပ်မက်က
တည်ကြည်ပြီး ဂုဏ်သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ သမ္မတစနစ်
ခင်ဗျားတို့ လုပ်ဆောင်နေတာက
အဂတိတရားပြန်ပွားရေးနဲ့ လာဘ်ပေးလာဘ်ယူ ထွန်းကားရေး…။
အကြောက်ဆိုတဲ့ တရားတစ်ခုနဲ့ 
ကျောသပ်ထားချင်တဲ့
လူယောင်ဆောင်ထားတဲ့ ဝံပုလွေတစ်အုပ်ကြောင့်
ကျုပ်တို့ ပြည်သူတွေရဲ့ 
မသေနိုင်သေးတဲ့… အတိတ်ဆိုးတွေ
မသေသင့်သေးတဲ့…ပစ္စုပ္ပုန်တွေနဲ့ 
အသေစောတဲ့…အနာဂတ်တွေအတွက်
ငိုချင်းချရုံကလွဲလို့ …ဘာများလုပ်နိုင်ဦးမှာလဲ
ငိုချင်းချရုံကလွဲလို့ ….ကျုပ်တို့ဘာများတတ်နိုင်ဦးမှာလဲဗျာ…။။။

အိမ်ဝေးသူ (KZ)

( M- Media Blog ကဗျာကဏ္ဍမှ)

April 14, 2013

ဗမာဟာ မြန်မာ၊ မြန်မာဟာ ဗမာပါ


မြန်မာခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်တို့ ကချင်-မြန်မာချစ်ကြည်ရေးကြိုးပမ်းမှုကာလ အမှတ်ကျောက်တိုင် (ဖားကန့်)

ဗိုလ်နေဝင်းမှစခဲ့တဲ့ "မြန်မာဆိုတာ ငါတို့တိုင်းရင်းသား အားလုံးကိုဆိုလိုတာ။ 
ဗမာဆိုတာ က ဗမာ သက်သက်။ ဗမာဆိုတာ "မြန်မာ ၁၃၅ မျိုး"ထဲကတမျိုး လို့ " စသည့် နေဝင်းနဲ့ ဗမာ့ဖက်ဆစ်တပ်မတော် ကလိမ်ဥာဏ်၊ မဟုတ်တရုပ် လိမ်ဆင်ထားတာကို တကယ် ယုံတဲ့သူတွေ များလာတာပါပဲ။

ဗမာဆိုတာ မြန်မာပါပဲ။ ကုလားကို ဘာဘူပဲခေါ်ခေါ်၊ ကုလားပဲခေါ်ခေါ်။ ကုလားနဲ့ ဘာဘူဟာ အတူတူပါပဲ။ ရေးတော့ မြန်မာ၊ ဖတ်တော့ဗမာ ဖြစ်ပါတယ်။

ဗမာပဲဆိုဆို မြန်မာပဲဆိုဆို ကျနော်တို့ ကချင်တွေ့ က အဲဒီ ဗမာတဖြစ်လဲ မြန်မာလူမျိုးတွေကို Myen (မြန်) လို့ပဲခေါ်ပါတယ်။ နောင်ကိုလည်း မြန် လို့ပဲဆက်ခေါ်နေအုန်း မှာပါ။

သိုသော် မဟုတ်တာကိုတော့ အတင်းဆွဲမထည့်ပါနဲ့။ ကချင်က ကချင်၊ ကရင်က ကရင်ပါ။ သျှမ်းက သျှမ်းပါ။ ကချင်က ပြည်ထောင်စုထဲ မိမိသဘောနဲ့ ပါဝင်လာတာဟာ ကချင်ကနေမြန်မာဖြစ်သွားဖို့ မဟုတ်ပါ။ ကချင်၊ ကရင်၊ သျှမ်း အစရှိတဲ့ တို့တိုင်းရင်းသားတွေက ဗမာလည်း မဟုတ်သလို မြန်မာလည်း ဖြစ်မသွားပါ။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလို့ ပါးစပ်ကတဖွဖွပြောနေပြီး တိုင်းရင်းသားတွေကို မလိမ့်တပတ် မဟာဗမာ (မြန်မာ) လူမျိုးကြီးဝါဒနဲ့ ဝါးမြိုလိုက်တာ ဖြစ်ပါတယ်။

အင်း ဗမာမဟုတ်တဲ့ ကျန်တဲ့ တိုင်းရင်းသားတွေက ပြည်ထောင်စုသား (သို့ ) ပြည်ထောင်စုနိုင်ငံသား။ အင်္ဂလိပ်လို the citizens of the Union of Burma/Myanmar ဆိုမှ မှန်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စု (union) ဆိုတဲ့ ဝါကျအရေးကြီးပါတယ်။

ကချင်-မြန်မာ ကျောက်တိုင် မရောက်ခင် အရင်တွေ့ရတဲ့ ဆိုင်းဘုတ်

အင်ဂွန်ဂျာဝါ

ငါတို့၏ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင် (ရုပ်သံ)

" နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး၊ တန်တူရေး နဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး" ....ဒို့ အရေး x 3

 

April 13, 2013

တူးပို့ တန်ခူး - နောင်ရိုး



• တူးပို့ တန်ခူး •
ပန်ဆင်လေ မောင်ရွယ်စူး 
သည်တန်ခူး သည်အတာ 
ခူးတဲ့ပိတောက်ဝါ 
ခင့်ကေသာ ဆင်ကာမြန်းပါလို့

 နွှဲကြစို့ သည်အတာ
ထိန်ထိန်ဝါသည်ပိတောက်ရယ်နဲ့
ရွှင်ကြည်သာတူစုံလျှောက်ပါလို့
အမောဖောက်နဲ့ကွာ ……
မောဖေါက်ရင်ဒီလာ
စတုဒိသာဝင်ကာလွေးသာပ
ခင့်ဘ၀င် အစဉ်လန်းစေရမယ်
လောင်းကြတဲ့ ရေအတာ ………
မြူးကြွတဲ့ သည်အတာ
များသူငါ ပျော်မဆုံးစေဘု
နားဆင်လေ သည်တန်ခူးမှာလ
ဟော ………
တူးပို့သံကျူး ………။ 

ရေးသူ - နောင်ရိုး

April 08, 2013

April 03, 2013

ဘာသာရေးမလွတ်လပ်တာ မတိုးတက်ရတဲ့ အကြောင်းထဲမှာပါတယ်


အင်ဂွန်ဂျာဝါ

အစိုးရအဆက်ဆက်က ဗုဒ္ဓဘာသာ သာသနာ အဆောက်အဦးတွေက လွဲ၍ ကျန်တဲ့ ခရစ်ယာန်၊ အစ္စလာမ် အစရှိတဲ့ အခြား ဘာသာတို့၏ ဘာသားရေးဆိုင်ရာ ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း၊ ဗလီတို့ကို အသစ်ဆောက်လုပ်ခွင့်၊ ကိုးကွယ်ခွင့် တရားဝင်နေရာ မပေးတာဟာ မြန်မာပြည်မှာ ကြီးပြင်းလာတဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်သူတိုင်း အမြဲကြုံတွေ့ နေရာတာပါ။ ဖိနှိပ်တယ်လို့ ပြောရမှာပါ။ ခရစ်ယာန်ဖြစ်လို့ ရာထူးမတက်တော့တဲ့ သူတွေလည်း ဒုနဲ့ ဒေးပါ။ ဒါကို ဗိုလ်သူရရွှေမန်းကိုယ်တိုင်ဝန်ခံထားပါတယ်။

ခရစ်ယာန်ဝတ်ပြုဟောပြောပွဲ လုပ်ဖို့တင်လိုက်ရတဲ့ လျှောက်လွှာတွေ....ခွင့်မရတာက ခပ်များများ။ တရားဟောလို့ ထောင်ကျသွားတဲ့ ခရစ်ယာန်တရားဟောဆရာတွေလည်း မနည်းလှပါ။ ကိုယ်တိုင် အသိတယောက် ဘာသာရေးကြောင့် ထောင်ကျသွားတာ မျက်မြင်ကြုံဘူးပါတယ်။

မြန်မာပြည်ဟာ ဒီလိုဘာသာရေး ချုပ်ချယ်မှုတွေ လုပ်ခဲ့တာကြောင့်မတိုးတက်တာပါ။ ကိုယ်နဲ့မတူသူကို ရန်သူ့ လို့သတ်မှတ်တဲ့ စရိုက်ကို ပြတာပါပဲ။ အတွေးအမြင် အတွေးအခေါ် အသစ်တွေကိုလည်း လက်ခံနိုင်စွမ်းမရှိတာ မရဲတာကို ပြတာပါ။ ဒီလိုနည်းနှင့်တိုင်းပြည်မတိုးတက်နိုင်ပါ။ ကမ္ဘာမှာ ဘာသာရေးချုပ်ချယ်တဲ့ တိုင်းပြည်တိုးတက်တာ အလွန်ရှားပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ရှိတဲ့ လစ်ဘရယ်ဒီမိုကရေစီတိုင်းပြည်တွေတိုးတက်တာကြီးပါဘဲ။ ဥရောပမပြောနဲ့ အာရှက တိုးတက်နေတဲ့ ဂျပန်၊ ထိုင်ဝမ်၊ စင်္ကာပူတွေကိုပဲကြည့်ပါ။ ရှင်းရှင်းပြောရင် ထေရဝါဒ ဗုဒ္ဓ များတဲ့ ထိုင်းမှာတောင် ဘာသာရေးလွတ်လပ်ခွင့်ရှိတာပါ။ အဲဒါကြောင့် ဘာသာရေးနှိပ်ကွက်တဲ့ မြန်မာပြည်ထက် အဆပေါင်းများစွာ တိုးတက်တာကို ကြည့်ပါ။
 

ကိုယ်ချင်းစာစိတ် ရှိကြပါ - ခွန်ထွန်းဦး



SNLD ဥက္ကဌ ခွန်ထွန်းဦး

ကချင်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲဟာ ပင်လုံစာချုပ်မူကို ရရှိရေးအတွက် တိုက်နေတာပဲ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဖြစ်တဲ့ အချုပ်အခြာအာဏာကို မတရားသိမ်းပိုက်ထားရင်၊ ကြီးနိုင်ငယ်ညှင်းလုပ်ထားကြရင် ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး ရမှာလဲ။ ပြည်ထောင်စုကြီး ကြီးပွားစေချင်ရင် စိတ်စေတနာကောင်း ထားပေးကြပါ။

ဗမာတွေ ကျွန်ဖြစ်ခဲ့တုန်းက ဘယ်လိုခံစားရသလဲ။ ကိုယ်ချင်းစာစိတ် ရှိကြပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဆင်းရဲတွင်းနက်ပြီး တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေကို မတရား ဖျောက်ဖျက်ချင်လို့ မရဘူး။ ဒါမျိုးကို ကမ္ဘာက လက်မခံဘူး။ ကျွန်တော်တို့ ရှမ်းလူမျိုးတွေ ဗိုလ်ချုပ်အောင်ဆန်းကို ယုံတယ်။ သူ့ကို ယုံလို့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးတာ။ ဗမာလူမျိုးတွေနဲ့ အတူတူ လွတ်လပ်ရေးယူဖို့ ဆုံးဖြတ်ခဲ့တာ။ ကယားပြည်ဆိုရင် အရင်တုန်းက ဗမာပြည်ထဲမှာ မပါဘူး။ သီးသန့် တိုင်းပြည်တစ်ပြည်။ ကယားခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်းကို ယုံတော့ ကယားပြည်ကို ပြည်ထောင်စု မြန်မာနိုင်ငံထဲမှာ စိတ်ချလက်ချ ထည့်လိုက်ကြတယ်။ အခုတော့ ကယားပြည်ကြီးနဲ့ ကယားလူမျိုး ငါးပါးမှောက်သွားပြီ။ ပင်လုံစာချုပ်နဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ဘ၀ကိုကွက်ပြီး အပ်ခဲ့လိုက်တာ။

ခင်ဗျားတို့ ရခိုင်တွေလည်း ဘာထူးလဲ။ ကျွန်တော်ကြားဖူးတယ်။ ဖတ်ဖူးတယ်။ ရခိုင်ခေါင်းဆောင် ဦးအောင်ဇံဝေက ရခိုင်ပြည်အရေးကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆွေးနွေးခဲ့ကြတယ်။ ဗိုလ်ချုပ်က "ဦးအောင်ဇံဝေ၊ ခင်ဗျားတို့ ကျွန်တော်တို့ တိုင်းရေးပြည်ရာကို ဘယ်တော့ရှင်းရှင်း ၊ ဘယ်လိုရှင်းရှင်း ရတယ်။ လောလောဆယ်မှာ ဒီရှမ်း၊ ကချင်၊ ချင်း ကိစ္စတွေကို ရှင်းရမယ်။ ဦးလေးတို့ ရခိုင်ပညာတတ်တွေ တိုင်းပြည်ကို အုပ်ချုပ်စီမံရမှာပဲ"လို့ ပြောတဲ့အပြောကို ယုံပြီးတော့ ပင်လုံကိုတောင် ရောက်မလာဘူး မဟုတ်လား။ လူတစ်ယောက်အပေါ်မှာ ယုံကြည်မှုများလွန်းခဲ့ကြပါတယ်။ သူမရှိတဲ့အချိန်မှာ ဘာဖြစ်လာမလဲဆိုတာ မတွေးခဲ့ကြဘူး။