Showing posts with label သတင်းတို. Show all posts
Showing posts with label သတင်းတို. Show all posts

August 29, 2017

မောင် တောဒေသ၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက တိုက်ခိုက်မှုများ သြဂုတ်.၂၀၁၇



မောင်တောဒေသရှိ လုံ ခြုံရေးရဲကင်းနှင့် ရဲစခန်း စုစုပေါင်း၃၀ ကို အစွန်းရောက် ဘင်္ဂါလီ အ ကြမ်းဖက်သမားများက တစ်ပြိုင် တည်းတိုက်ခိုက်မှုကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်း တစ်ဦး ကျဆုံးပြီး ကျန်းမာရေး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန် သည်။

မောင်တောမြို့ပေါ်အပါအဝင် မောင် တောဒေသ၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရာ အရပ်သားငါးဦး သေဆုံးကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။
သြဂုတ် ၂၅ ရက်တွင် အကြမ်း ဖက်သမားမျာ၏ တိုက်ခိုက်မှု ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာထမ်းတစ်ဦး အသက်ဆုံး ရှုံးခဲ့သည်။ အကြမ်းဖက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမား ၇၇ ဦးကို အသေဖမ်းဆီးရ မိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့ ကြောင်း ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ထပ် မံ၍ အရပ်သားငါးဦး သေဆုံးခဲ့ ပြီး အကြမ်းဖက်သမားသုံးဦး အ သေရရှိခဲ့ကြောင်း ဩဂုတ် ၂၆ ရက် ည ၉ နာရီထိ ထုတ်ပြန်ချက် များတွင် ဖော်ပြသည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပါအဝင် ပါတီခေါင်းဆောင်များသည် ဩဂုတ် ၉ ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် နေ ပြည်တော်၌ တွေ့ဆုံစဉ် ရခိုင် ဒေသလုံခြုံရေးကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ရာ ဩဂုတ် ၉ ရက် တွင် တပ်မတော်သားအများအ ပြားကို ရခိုင်ဒေသသို့ စေလွှတ်ခဲ့ သည်။
ရခိုင်အမျိုးသားပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သည် အစိုးရ ဖွဲ့စည်းပေးထားသည့် ကိုဖီအာ နန် ခေါင်းဆောင်သော ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကိုလည်း ကန့်ကွက်ထားသည့် ပါတီများဖြစ်သည်။
မောင်တောမြို့နယ် ကျေးလက်ဒေသများတွင် ပိတ်မိ နေသူများနှင့် ဌာနဆိုင်ရာဝန်ထမ်း များအတွက် လိုအပ်သော စားနပ် ရိက္ခာများကို ရဟတ်ယာဉ်များ ဖြင့် သယ်ယူပို့ဆောင်ပေးနေပြီး စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေ ရေး တာဝန်ရှိသူများက စီစဉ်ပေး မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုကပြောသည်။
မောင်တောဒေသတွင် လူဦး ရေ ရှစ်သိန်းသုံးသောင်းကျော်ရှိ ရာ ဘင်္ဂါလီလူဦးရေ ခုနစ်သိန်းခွဲ ကျော်ရှိပြီး စုစုပေါင်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။


အကြမ်းဖက်ခေါင်းဆောင် ဘင်္ဂလားဒေ့ခ်ျ ဆေးရုံတွင် သေဆုံးသတင်း



ငြိမ်းချမ်းရေးသတင်း

မြန်မာအစိုးရ၏ ဖိတ်ကြားမှုဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လေးရက်ကြာ လြာရောက်မည်ဟု ပုပ်ရ ဟန်းမင်းကြီး၏ ဗာတီကန်နန်းတော်နှင့် တစ်ကမ္ဘာလုံးရှိ ကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ်များက ဩဂုတ် ၂၈ ရက်တွင် တရားဝင်ကြေညာသည်။ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် မြန်မာနိုင်ငံမှတစ်ဆင့် နိုဝင် ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက် အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆက် လက်သွားရောက်မည်ဟု ဗာတီ ကန်နန်းတော်က ကြေညာထား သည်။.
.
ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ်အရေးအခင်းကို တပ်မတော်မှ ထိမ်းသိမ်းပေးရန် အဆိုရှုံးနိုမ်သွားသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း များတွင်လည်း တပ်မတော် ၀င်ရောက်ထိမ်းသိမ်းမှုကို လွှတ်တော်မှ မထောက်ခံခဲ့သော်လည်း၊ စစ်ရေးသည် တပ်မတော် လက်ထဲတွင်သာ ရှိနေဆဲ ဖြစ်သည်။ ရခိုင်ဒေသခံများက အတူယှဉ်တွဲ မနေထိုင်လိုပဲ ဘင်္ဂါလီများကို ရခိုင်ပြည်နယ်မှာ အပြီးထွက်ခွာရန်သာ လိုလားကြသည်။ ကမ္ဘာ့ အရေးအခင်း ဖြစ်လာပါသည်။
End...



August 04, 2017

ကချင်ပြည်နယ်နဲ့တရုပ်နိုင်ငံမှ ပိုလျှံလျှပ်စစ်ဓါတ်အား သွယ်တန်းသုံးစွဲနိုင်ရေး

ကချင်ပြည်နယ်က ရွာအများစု လျှပ်စစ်မီးမရသေး

2017-07-12 ကချင်ပြည်နယ်မှာ ပိုလျှံလျှပ်စစ်ဓါတ်အား ၉ဝ မဂ္ဂါဝပ်လောက်ရှိပေမယ့် ရွာပေါင်း ၂ဝဝဝ ကျော်ထဲက ၈ဝဝ ကျော် သာ လျှပ်စစ်မီးရရှိပြီး ရွာပေါင်း ၁ဝဝဝ ကျော်ကို မီးမပေးနိုင်သေးဘူးလို့ သိရပါတယ်။
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က တွေ့ဆုံ မေးမြန်းထားပါတယ်။
.
ချီဖွေ ၉၉ မဂါဝပ်
မလိ ၁၀.၅ ..စသဖြင့်
အားလုံးပေါင်းထုတ်လုပ်မှု ၁၃၃ မဂါဝပ်၊
သုံးစွဲမြို့ကြီးများက ၄၅ မဂါဝပ်၊ အပို ၉၀ မဂါဝပ် ရှိပါတယ်။
(တာပိန်ဓါတ်အားပေးရုံမှ
.
ပိုရှံပေမဲ့ ဖြန့်ဖြူးလို့မရ  ၁၁ကေဗွီလိုင်း ဆွဲနေ၊ ဆွဲပြီးနေပါတယ်။ ဓါတ်အားဆုံးရှုံးမှုတွေများပါတယ်။  ၆၆/၃၃ ကေဗွီ ဆွဲခွင့် ပြည်နယ်အစိုးရကို ပေးလိုက်ရင် အများကြီး ပို့နိုင်မှာပါ။ အလှမ်းဝေးတဲ့ ရွာများမှာ ဓါတ်အားလိုင်းကြောင့် မပေးနိုင်သေးပါဘူး။ ရွာ ၁၇၀၀ လောက် ကျန်နေပါသေးတယ်။ 

၆၆ ဓါတ်အားလိုင်း ဖားကန့်၊ ကားမိုင်း ဓါတ်အားခွဲစက်ရုံတွေလဲ ဆောက်ပြီးပါပြီ။ နယ်မြေလုံခြုံမှု မရသေးလို့ပါ။ 
.
လျှပ်စစ်ဓါတ်အားခ ဈေးကြီးနေတာ လျှော့ ချပေးဖို့..ဘူးဂါးတာဝန်ယူထားပါတယ်။ အရင်အစိုးရက တယူနစ်ကို ၁၂၀ နဲ့ ကောက်ပါတယ်။ အခု ၁၁၀ ညှိနှိုင်းပေးပါတယ်။ တဆင့်ယူရောင်းလို့ ဈေးမချနိုင်သေးပါဘူး။ နှုတ်အားဖြင့်တော့ သူတို့ထုတ်နိုင်လာရင် ရှော့ ပေးပါတယ်။ မြစ်ကြီးနား ၀ိုင်းမော် ၂ခုကတော့ ဓါတ်အားခ တော်တော်မြင့်နေပါတယ်။ ကချင်ပြည်နယ် ဗန်းမော်၊ရွှေဂူ၊ နမ္ပတီးအောက်ပိုင်းကလည်း ၃၅ကျပ် ဈေးနှုန်းပါပဲ။ 
ကိုးကားလင့်..။  
http://www.rfa.org/burmese/interview/kachin-electric-07122017004215.html


ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ထူးကုမ္ပဏီ အစိုးရထံတင်ပြ


2017-07-11 စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ထူးအုပ်စုကုမ္ပဏီက ကချင်ပြည်နယ် ပူတာအိုမြို့နယ်က မူလာချောင်းမှာ ဓါတ်အား ၅ မဂ္ဂါဝပ်ထွက်မယ့် အသေးစား ရေအားလျှပ်စစ် စီမံကိန်းအတွက် ရှေးဦးလေ့လာဆန်းစစ်ရေးတွေပြု လုပ်ဖို့ ပြည်နယ်အစိုးရထံ တင်ပြထားပါတယ်။

အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ထံ တင်ပြထားတယ်လို့ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် က ပြောပါတယ်။

"သူတို့အခုလာပြီးမှ ကျနော်တို့ဆီလာတင်တာရှိပါတယ်။ကျနော်တို့က ကက်ဘိနက်ကို တင်ပြီးမှ ဒါလေးကို သူတို့ကို ကျွန်တော်တို့က ခွင့်ပြုမယ်ဆိုတော့ အများအားဖြင့်တော့ ကျနော်တို့အနေနဲ့ကတော့ ခွင့်ပြုမှာပါ။ ဒီအသေးလေးတွေကတော့ တကယ်လည်းလိုအပ်နေတယ်။ သူတို့ရဲ့ ကနဦး စူးစမ်းလေ့ လာမှုကိုပဲ ကျနော်တို့က ခွင့်ပြုပြီး သူတို့ရဲ့တင်ပြလာမှုအပေါ်မှာ ထပ်ပြီးမှ ဒါကျနော်တို့က ညှိနှိုင်းပြီးမှ ဒါအသေးစားဆိုရင်တော့ ဒီ impact တွေ သိပ်မရှိဘူးလို့ပဲ ထင်ပါတယ်။ တကယ်လည်း လိုအပ်နေတဲ့နေရာဆိုရင်တော့ ပြည်သူတွေလည်း ဒီလောက်ကြီးတော့ ကျနော်ထင်ပါတယ်၊ သူတို့လည်း သူတို့ရဲ့ လိုအပ်ချက်လည်းရှိတဲ့အတွက် ပိုလည်း ထုတ်လုပ်တာလည်း မဟုတ်တဲ့အတွက်တော့ ပြည် သူတွေရဲ့ impact လည်း ဒီလောက်လာမယ်လို့တော့ ကျနော်လည်းမထင်ပါဘူး။"

ပူတာအိုမြို့နယ်အတွင်း ဒေသခံတွေရဲ့ ဆန္ဒသဘောထားနဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ အပါအဝင် ကနဦးလေ့လာရေးတွေပြုလုပ်ပြီးတဲ့အခါ ပြည်နယ်အစိုးရက ခွင့်ပြုသဘောတူရင် ပြည်ထောင်စုအစိုးကို ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေဟာ မဂ္ဂါဝပ် ၃၀ အထိ ဓါတ်အားထွက်ရှိမယ့် ရေအားလျှပ်စစ် စီမံကိန်းတွေကို စိစစ်ခွင့်ပြုနိုင်တယ်လို့ သိရပါတယ်။

လောလောဆယ် ပူတာအိုမြို့နယ်အတွင်း ၃.၂ မဂ္ဂါဝပ်ထွက်ရှိမယ့် အထက်နမ့်ထွမ် အသေးစား ရေအားလျှပ်စစ် စီမံကိန်းကို အစိုးရအဖွဲ့က အကောင်အထည်ဖော်နေပြီး အဲဒီစီမံကိန်းမှာလည်း ထူးအုပ်စုကုမ္ပဏီက အစိုးရရဲ့ခွင့်ပြုချက်နဲ့ တစိတ်တပိုင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ ရှေ့ပြေးသန်းခေါင်းစာရင်း အချက်အလက်တွေအရ လူဦးရေ ၉သောင်းကျော်ရှိတဲ့ ပူတာအိုခရိုင်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လျှပ်စစ်မီးမရရှိသေးတဲ့ ခရိုင်တခုဖြစ်တယ်လို့ သိရပါတယ်။


ရေအားလျှပ်စစ် တရုပ်ကုမ္ပဏီများ...

မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ မြစ်ဆုံစီမံကိန်းအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုကို အစိုးရနဲ့ တရုတ်ကုမ္ပဏီ ၃ ခုတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အစိုးရနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီ ၃ ခုက Yunnan Provincial Investment Holding Group၊ China Power Investment နဲ့ Datang United Hydropower Developing ကုမ္ပဏီတွေ ဖြစ်ပါတယ်။

မြစ်ကြီးနားခရိုင်က ၉၉ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားထုတ်နိုင်တဲ့ ချီဖွေငယ်နဲ့ ဗန်းမော်ခရိုင်က ၂၄၀ မဂ္ဂါဝပ် ထုတ်နိုင်တဲ့ တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်တယ်။ 

 ချီဖွေငယ်စီမံကိန်းက ဓါတ်အားတွေကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ပြည်နယ်အတွင်းမှာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနေပြီး တာပိန်(၁) စီမံကိန်းကထွက်တဲ့ ဓါတ်အားတွေထဲက ၁၉ ရာခိုင်နှုန်း ပြည်နယ်အတွင်းမှာ ဖြန့်ဖြူးဖို့ ကချင်ပြည်နယ်မှာ ပိုလျှံနေလို့ မဖြန့်ဖြူးနိုင်ပါ။ 
.
.


ပြသနာများ...
၁။ ကချင်ပြည်နယ်တွင် လက်ရှိ လျှပ်စစ်ပိုရှံပြီး၊ မဟာဓါတ်အားလိုင်းမရှိသဖြင့် ကျေးရွာနှင့် အခြားဒေသများသို့ မဖြန့်ဖြူးနိုင်သေး။
၂။  မြစ်ကြီးနား၊ ၀ိုင်းမော် လျှပ်စစ်ဓါတ်အားခ အလွန်ဈေးကြီးနေခြင်း တယူနစ် ၃၀၀ကျပ်
၃။ ကချင်ပြည်နယ်တွင်း မီနီဂရစ် ရေအားလျှပ်စစ် အသေးစားများ ဆောက်လုပ်ရန်
၎။ ၆၆/၃၃ ကေဗွီ လိုင်းဆွဲခွင့် ပြည်နယ်အစိုးရအား ပေးအပ်ရန် (၁၁ကေဗွီလိုင်း ဓါတ်အားလိုင်းဆုံးရှုံးမှုများလို့ဖြစ်ပါတယ်။)

ကချင်ပြည်နယ်အနာဂါတ်မှာ ရေအားလျှပ်စစ် အမြောက်အများ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြန့်ဖြူးဖို့ မိုင်ပေါင်းများစွအတွက် ၂၃၀ကေဗီ၊ ၁၁၀ကေဗွီ မဟာဓါတ်အားလိုင်းများ အရင်သွယ်တန်းဖို့လိုပါတယ်။ ကမ္ဘာ့ ဘဏ်က ချေးငွေနဲ့ မဟာဓါတ်အားလိုင်းများက ကချင်ပြည်နယ်က လျှပ်စစ်ကို လိုင်းဆုံရှုံးမှုနည်းစွာနဲ့ သွယ်တန်း၊ ယူသုံးဖို့လည်း လိုအပ်ပါတယ်။

.
.
ယခင် ၂၀၁၁ မှာ စီမံကိန်းအများစုကတော့ ဆိုင်းငံထားပါတယ်။ (MW Mega Watt)
မြစ်ဆုံ 6000 MW
ယီနန်  1200
ခေါင်လံဖူး  2700
ဖီဇော  2000
ဝူဆောက်  1800
ချီဖွေ 2800  (ပြိးစီး)
ချီဖွေငယ်  99
လိုက်ဇာ  1900
တာပိန်(၁)  240  (ပြီးစီး)
တာပိန်(၂)  168
တာခ 6
နော်ချမ်းခ(စီမံကိန်း-၅ခု)  1055
အချို့စီမံကိန်းများကို ပြန်လည်စတင်ဖို့လည်း တရုပ်ကုမ္ပဏီများရဲ့ စာချုပ်များကို ပြန်လည် စီစစ်ဖို့လိုအပ်သလို၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ ပိုအရေးကြီးပါတယ်။
.
.

လျှပ်စစ်ဓာတ် စီမံကိန်း ၆၀ ခု စီစဉ်ထားရှိ

15 March 2017 နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ)

ရေအား၊နေရောင်ခြည်နှင့် လေစွမ်းအင်သုံး လျှပ်စစ် စီမံကိန်း ၆၀ ခုတို့ ကို စီစဉ်ထားရှိတယ် လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာထွန်းနိုင်ကပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်း တင်ပြခဲ့သည်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ခန့်မှန်းချက်
၂၀၁၇ သုံးစွဲမှု  ၃၁၉၂ မဂ္ဂါဝပ် ၊  လိုအပ်မှု ၄၅၀ မဂ္ဂါဝပ်
၂၀၁၈ သုံးစွဲမှု ၃၅၈၇ မဂ္ဂါဝပ်၊ လိုအပ်မှု ၈၄၄ မဂ္ဂါဝပ် 

အဆိုပါ လျှပ်စစ်စီမံကိန်း ၅၀ ခုတို့ မှာ ရေအားလျှပ်စစ်တွင် MOU ရေးထိုးပြီး စီမံကိန်း ၂၈ ခု၊ MOA ရေးထိုးပြီး ၁၂ ခု၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုပြီး သုံးခု နှင့် JVA ချုပ်ဆိုပြီး ခုနစ်ခုတို့ ဖြစ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး တွင် MOU ရေးထိုးပြီး သုံးခု၊ MOA ရေးထိုးပြီး နှစ်ခုတို့ ဖြစ်ကြောင်း၊ လေစွမ်းအင်သုံးတွင် MOU ရေးထိုးပြီး လေးခု၊ MOA ရေးထိုးပြီး တစ်ခုတို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြပါတယ်။ 

ကမ္ဘာ့ ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ နဲ့ ၁၃၆ မဂ္ဂါဝပ်  သထုံ သဘာဝဓာတ်ငွေ့ နှင့် စွန့် ပစ်အပူသုံး ဓာတ်အားပေး စက်ရုံစီမံကိန်း၊ ၂၀၁၈ ခုနှစ် မတ်လတွင် ပြီးစီးပါမယ်။ 

ဂျပန် ချေးငွေနဲ့ သီလ၀ါစက်မှုဇုန်မှာလည်း ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို  ၂၀၁၆ ခုနှစ် သြဂုတ်လ ပြီးပါတယ်။

China Exim Bank ရဲ့ မြန်မာနိုင်ငံအတွက် ချေးငွေ
သူဌေးချောင်း ရေအားလျှပ်စစ် ၁၁၁ မဂ္ဂါဝပ်  စီမံကိန်းကို စက်ပစ္စည်းများ ၀ယ်ယူရန် ဒေါ်လာ ၅၉ သန်း ၂၀၂၄ ခုနှစ်မှ ပြီးပါမယ်။ 
အထက်ရဲရွာ ရေအား လျှပ်စစ် ၂၈၀ မဂ္ဂါဝပ်  စီမံကိန်းကို ၁၀၂ သန်းခန့် နဲ့ ၂၀၂၁ ခုနှစ်မှာ ပြီးပါမယ်။ 
အထက် ကျိုင်းတောင်း ရေအားလျှပ်စစ် ၅၁ မဂ္ဂါဝပ် စီမံကိန်း ဒေါ်လာ ၂၉ သန်း ၂၀၂၁ ခုနှစ်မှာ ပြီးစီးပါမယ်။ 

(Xinhua)

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ဇူလိုင်-၂၀၁၇ RFA ကို " ကချင်ပြည်နယ်မှာ လျှပ်စစ်ထုတ်လုပ်မှု ၁၃၃ မဂ္ဂါဝပ် ရှိပြီး၊  ပိုလျှံလျှပ်စစ်ဓါတ်အား ၉ဝ မဂ္ဂါဝပ်လောက်ရှိကြောင်း၊  ရွာပေါင်း ၂ဝဝဝ ကျော်ထဲက ၈ဝဝ ကျော် သာ လျှပ်စစ်မီးရရှိပြီး ရွာပေါင်း ၁၂ဝဝ ကျော်ကို မီးမပေးနိုင်သေးကြောင်း၊ ၁၁ကေဗွီလိုင်း ဆွဲနေ၊ ဆွဲပြီးနေပေမဲ့ ခရီးဝေးဆိုရင် ဓါတ်အားဆုံးရှုံးမှုတွေများကြောင်း၊ ၆၆/၃၃ ကေဗွီ ဆွဲခွင့် ပြည်နယ်အစိုးရကို ပေးစေလိုကြောင်း။  ၆၆ ဓါတ်အားလိုင်း ဖားကန့်၊ ကားမိုင်း ဓါတ်အားခွဲစက်ရုံတွေလဲ ဆောက်ပြီးပေမဲ့ နယ်မြေလုံခြုံမှု မရသေးလို့မဖြန့်ဖြူးနိုင်သေးကြောင်း " .. ပြောသွားပါတယ်။ 

ပြသနာများကတော့...
၁။ ကချင်ပြည်နယ်တွင် လက်ရှိ လျှပ်စစ်ပိုရှံပြီး၊ မဟာဓါတ်အားလိုင်းမရှိသဖြင့် ကျေးရွာနှင့် အခြားဒေသများသို့ မဖြန့်ဖြူးနိုင်သေး။
၂။  မြစ်ကြီးနား၊ ၀ိုင်းမော် လျှပ်စစ်ဓါတ်အားခ အလွန်ဈေးကြီးနေခြင်း တယူနစ် ၃၀၀ကျပ်
၃။ ကချင်ပြည်နယ်တွင်း မီနီဂရစ် ရေအားလျှပ်စစ် အသေးစားများ ဆောက်လုပ်ရန်
၎။ ၆၆/၃၃ ကေဗွီ လိုင်းဆွဲခွင့် ပြည်နယ်အစိုးရအား ပေးအပ်ရန် (၁၁ကေဗွီလိုင်း ဓါတ်အားလိုင်းဆုံးရှုံးမှုများလို့ဖြစ်ပါတယ်။)

ကချင်ပြည်နယ်အနာဂါတ်မှာ ရေအားလျှပ်စစ် အမြောက်အများ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြန့်ဖြူးဖို့ မိုင်ပေါင်းများစွအတွက် ၂၃၀ကေဗီ၊ ၁၁၀ကေဗွီ မဟာဓါတ်အားလိုင်းများ အရင်သွယ်တန်းဖို့လိုပါတယ်။ ကမ္ဘာ့ ဘဏ်က ချေးငွေနဲ့ မဟာဓါတ်အားလိုင်းများက ကချင်ပြည်နယ်က လျှပ်စစ်ကို လိုင်းဆုံရှုံးမှုနည်းစွာနဲ့ သွယ်တန်း၊ ယူသုံးဖို့လည်း လိုအပ်ပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ယခင် ၂၀၁၁ မှာ စီမံကိန်းအများစုကတော့ ဆိုင်းငံထားပါတယ်။ (MW Mega Watt)
မြစ်ဆုံ 6000 MW
ယီနန်  1200 MW
ခေါင်လံဖူး  2700 MW
ဖီဇော  2000 MW
ဝူဆောက်  1800 MW
ချီဖွေ 2800 MW   
ချီဖွေငယ်  99 MW (ပြိးစီး)
လိုက်ဇာ  1900 MW
တာပိန်(၁)  240 MW  (ပြီးစီး)
တာပိန်(၂)  168 MW
တာခ 6 MW
နော်ချမ်းခ(စီမံကိန်း-၅ခု)  1055 MW
အချို့စီမံကိန်းများကို ပြန်လည်စတင်ဖို့လည်း ခက်နေပါတယ်။ သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်းတွေလဲ မြစ်ဆုံပြသနာကြောင့် ဆိုင်းငံဖြစ်သွားကြပါတယ်။  တရုပ်ကုမ္ပဏီများရဲ့ စာချုပ်များကို ပြန်လည် စီစစ်ဖို့လိုအပ်သလို၊ နိုင်ငံတကာယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့လဲ ပိုအရေးကြီးပါတယ်။ မြစ်ဆုံစီမံကိန်း စာချုပ်တွေက တဖက်သတ်ဖြစ်ပေမဲ့ ကမ္ဘာ့ ရင်းနှီးမြှတ်နှံသူများ အမြင်ကတော့ စိတ်မချရတဲ့နိုင်ငံအဖြစ် ယုံကြည်မှု ကျဆင်းနေတာလဲ တစ်ကဏ္ဍ ဖြစ်နေပါတယ်။ 
.
.
.
ပိုလျှံလျှပ်စစ် ၀ယ်ယူသုံးစွဲရန်

ကမ္ဘာ့ စီးပွားမကောင်းတာကြောင့် တရုပ်နိုင်ငံက ပိုလျှံ လျှပ်စစ်ဝယ်ယူဖို့ ဆွေးနွေးနေပေမဲ့၊ ဖြစ်မလာနိုင်သေးပါဘူး။ တရုပ်နိုင်ငံက မဟာဓါတ်အားလိုင်း မရှိသေးတော့ ခက်ခဲပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအမှီခိုကင်းရေး စိုးရိမ်မှုလဲ ရှိပါတယ်။ နိုင်ငံတကာစီးပွားရေးစာချုပ်မှာ အနိုင်ကျင့်မှုမရှိအောင် အရင်ကလို မြစ်ဆုံ၊ ကြေးနီ၊ဓါတ်ငွေလိုင်း စီမံကိန်းစာချုပ်များ တဖတ်သတ် စာချုပ် တွေကလဲ အရိပ်မဲတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီချုပ်အစိုးရက လျှပ်စစ်စာချုပ် တတ်ကျွမ်းတဲ့ နိုင်ငံခြားပညာရှင်/အတိုင်ပင်ကုမ္ပဏီ ငှားရမ်းပြီး စာချုပ်ချုပ်ဆိုဖို့ လိုပါတယ်။

နယ်စပ်ဒေသများမှာ ထိုင်း၊ လာအို၊ အိန္နိယ စတဲ့နိုင်ငံများက မြန်မာတွေ အသေးစား၊ လျှပ်စစ်ဝယ်ယူသုံးစွဲရပါတယ်။ အကြီးစား လျှပ်စစ်ဝယ်ယူခြင်းကို ၂ဖက် မျှတတဲ့ Win-Win စာချုပ်များ ဖြစ်လာမှာပါ။

တရုပ်နိုင်ငံက လျှပ်စစ်ဖြတ်တောက်ပြီး အနိုင်ကျင့်မှာလဲ စိုးရိမ်စရာမရှိတော့ပါ။ မြန်မာဓါတ်ငွေ၊ ရေနံပိုက်လိုင်းများ တရုပ်၊ ထိုင်းနိုင်ငံများကို ပို့ပေးနေတာလဲ အပြန်အလှန်အကျိုးပြုခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရေနံ၊ ဓါတ်ငွေ့၊ လျှပ်စစ်၊ သောက်သုံးရေ၊ အပြန်အလှန် ဖြတ်သန်းလုပ်ကိုင်နေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ အဓိကတော့ ကျွမ်းကျင်တဲ့ ပညာရှင်များ မရှိသေးရင်၊ ငှားရမ်းဖို့ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံပို့နေတဲ့ မြန်မာဓါငွေလိုင်း ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၃ နှစ်များမှာ၊ ပြုပြင်ထိန်းသိမ်းမှုကြောင့် တင်ပို့မှုကို ခေတ္တ ရပ်ဆိုင်းချိန်မှာ ထိုင်းနိုင်ငံက လျှပ်စစ် စက်ရုံအချို့ အားပြန်လည် လည်ပတ်စေပြီး တစ်နိုင်ငံ လုံး၌ လျှပ်စစ် ဓါတ်အား သုံးစွဲမှု ချွှေတာ သုံးစွဲကြရပါတယ်။ ဒီလိုအစီအစဉ်မျိုး အစိုးရကပဲ လုပ်ဆောင်ရပါတယ်။


မြန်မာနိုင်ငံရဲ့ လျှပ်စစ်ခန့်မှန်းချက်
၂၀၁၇ သုံးစွဲမှု  3192 MW  ၊  လိုအပ်မှု 450 MW
၂၀၁၈ သုံးစွဲမှု 3587 MW၊ လိုအပ်မှု 844 MW

လျှပ်စစ်စီမံကိန်း ၅၀ ခုတို့ မှာ ရေအားလျှပ်စစ်တွင် MOU ရေးထိုးပြီး စီမံကိန်း ၂၈ ခု၊ MOA ရေးထိုးပြီး ၁၂ ခု၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုပြီး သုံးခု နှင့် JVA ချုပ်ဆိုပြီး ခုနစ်ခုတို့ ဖြစ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး တွင် MOU ရေးထိုးပြီး သုံးခု၊ MOA ရေးထိုးပြီး နှစ်ခုတို့ ဖြစ်ကြောင်း၊ လေစွမ်းအင်သုံးတွင် MOU ရေးထိုးပြီး လေးခု၊ MOA ရေးထိုးပြီး တစ်ခုတို့ ဖြစ်ကြောင်း လျှပ်စစ်နဲ့စွမ်းအင် ဒုဝန်ကြီးက မတ်လ-၂၀၁၇ လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။

လျှပ်စစ်စီမံကိန်းများ အချက်အလက်များကတော့..
1.့ ရေအားလျှပ်စစ် လက်ရှိထုတ်လုပ်မှု (၇၂%)
- တာပိန်(၁) 240 MW
- ရွှေကျင် 75 MW
- ကျွန်းချောင်း 60 MW
- နန်ချို 40 MW
- ချီဖွေငယ် 99 MW
- ဘလူးချောင်း (၃) 52 MW
- သောက်ရေခပ်(၂) 120 MW
- အထက်ပေါင်းလောင်း 140 MW
- ဖြူးချောင်း 40 MW
- ကြီးအုံကြီးဝ 74 MW
- သူဌေးချောင်း 111 MW
- အထက်ရဲရွာ 280 MW *
- အထက် ကျိုင်းတောင်း 51 MW *

2. ရေနွေးငွေ့လျှပ်စစ် (ကျောက်မီးသွေး) လက်ရှိစက်ရုံများ (၈%)

3. သဘာဝဓါတ်ငွေသုံးလျှပ်စစ် စုစုပေါင်း (၁၈%)
- လှော်ကား(တိုးချဲ့ ) 176 MW
- ရွာမ(တိုးချဲ့)၊ 290 MW
- သကေတ(တိုးချဲ့ ) 216 MW
- မော်လမြိုင် (တိုးချဲ့ ) 50 MW
- အလုံ (တိုးချဲ့ ) 120 MW
- ကျောက်ဖြူ 50 MW
- သထုံ သဘာဝဓာတ်ငွေ့ နှင့် စွန့် ပစ်အပူသုံး 136 MW *
- သီလ၀ါစက်မှုဇုန် 50 MW *

4. ဒီဇယ်လျှပ်စစ် 60 MW (၂%)
.
.
.
.
မဟာဓါတ်အားနဲ့လျှပ်စစ်ဖြန့်ဖြူးခြင်းစီမံကိန်း ကုန်ကျစရိတ် လေ့လာခြင်း။
မြန်မာနိုင်ငံမှာ လျှပ်စစ် မဟာဓါတ်အားလိုင်းများ တပ်ဆင်၊ သွယ်တန်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း အမြောက်အမြား လုပ်ဆောင်နေပြီဖြစ်ပါတယ်။ တစ်ခုတည်းသော ပြိုင်ဖက်မရှိ မြန်မာ့လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း စီမံကိန်းဌာနက မြန်မာနိုင်ငံကို လာသမျှ လျှပ်စစ်ချေးငွေ ဘီလျံဒေါ်လာကို ၂၀၃၀မှာ တစ်နိုင်ငံလုံး လျှပ်စစ်ရရှိရေး အတွက် ကြိုးစားလုပ်ကိုင်နေပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်စီမံကိန်းများကို တကယ်လုပ်ဆောင်နိုင်တဲ့ ပညာရှင်များ နည်းသထက် နည်းပါးလာပါတယ်။ အားလုံးနီးပါးဟာ ပုဂ္ဂလိက ကုမ္ပဏီများဆီ ပြောင်းရွှေ့နေကြတဲ့အတွက် မျိုးဆက်သစ် ပျိုးထောင်ရေး အလွန်လိုအပ်နေပါတယ်။ ၂၀၁၆-၁၇ လျှပ်စစ်၊စွမ်းအင် ၀န်ကြီးဌာနက ဘတ်ဂျတ်ရဲ့ ၂၄.၃၂% (ကျပ် ၄၉၂၈ ဘီလျံ = US$ 3700 millions)  နဲ့ အများဆုံးသုံးစွဲနေပါတယ်။ ကာကွယ်ရေးစရိတ်တောင်မှ ၁၄.၃၁% ပဲရှိပါတယ်။ ဒီချုပ်အစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင် ၀န်ကြီးနှုတ်ထွက်သွားပြီး အစိုးရလျှပ်စစ် လုပ်ငန်းများရဲ့ သတင်းကလည်း မကောင်းလှပါ။ ငွေများများ သုံးစွဲရတဲ့ ဌာနဖြစ်တဲ့အတွက် အညှီရှိရာယင်အုံ ဆိုသလို ပြသနာပေါင်းများစွာ ရှိမှာသေချာပါတယ်။
.
ကမ္ဘာဘဏ် ကလည်း မြန်မာနိုင်ငံ ၇၀% ကျေးလက်ဒေသတွေ မီးလင်းရေးနဲ့၊ ၂၀၃၀မှာ တစ်နိုင်ငံလုံး မီးလင်းဖို့ ကန်ဒေါ်လာ ဘီလျံ ၃၀ ရင်းနှီးမြှတ်နှံမှုလိုအပ်ကြောင်း၊ ကမ္ဘာ့ ဘဏ်က မဟာဓါတ်အားနဲ့လျှပ်စစ်ဖြန့်ဖြူးခြင်းအတွက် ကန်ဒေါ်လာ သန်း၄၀၀ ချေးငွေ ကူညီတဲ့အကြောင်း၊ ၂၀၃၀ အထိ ကန်ဒေါ်လာ၆.၈ ဘီလျံ ဆက်လက်ကူညီ ချေးငွေပေးသွားမဲ့အကြောင်း ပြောပါတယ်။ ဓါတ်အားထုတ်လုပ်ခြင်းအတွက်တော့ ချေးငွေရရှိမှု အလွန်ခက်ခဲနေလို့ ပုဂ္ဂလိက ရင်းနှီးမြှတ်နှံမှုတွေကို အားကိုးနေရပါတယ်။ တရုပ်ချေးငွေနဲ့ ရေအားလျှပ်စစ်စက်ရုံ များစွာ တည်ဆောက်သလို၊ ကချင်ပြည်နယ်
.
.
.
မဟာဓါတ်အားလိုင်းကုန်ကျစရတ်
Transmittion & Substation Capital Cost
အင်တာနက်မှာ တင်ပြထားတဲ့ Black & Veatch ကုမ္ပဏီရဲ့ အကြမ်းတွက်ထားတဲ့ နည်းလမ်းကတော့ အဆောက်အဦဆောက်သလို ခပ်လွယ်လွယ်ပဲ နားလည်နိုင်ပါတယ်။ ဥပမာ မိုင်၁၀၀ရှည်တဲ့ ၂၃၀ကေဗွီ လိုင်းတစ်ခုကို တည်ဆောက်မယ်ဆိုရင် တစ်မိုင်အတွက်ကုန်ကျစရိတ်၂၀၁၅ ဈေးနှုန်းအရ US$959000 per mile ဖြစ်ပါတယ်။ ငွေဖောင်းပွနှုန်းအရ နောက်တစ်နှစ်ဆို ၂% လောက် ပိုကုန်ကျနိုင်ပါတယ်။  ဓါတ်ကြိုးအမျိုးအစား Conductor Type (ACSR, ACSS, HTLS..etc), Structure Type နဲ့ Lenght of Line အချက်တွေနဲ့ တွက်ချက်ပါတယ်။ လိုင်းအရှည် ၁၀မိုင်ကျော်ရင် ကုန်ကျငွေ အဆ 1.00  (Cost Multiplier)၊ လိုင်းအရှည် ၃မိုင်နဲ့၁၀မိုင်အတွက် အဆ 1.20 ကျသင့်ပြီး၊ လိုင်းအရှည် ၁၀မိုင်အထက် ဆိုရင် အဆ 1.50 ကျသင့်မယ်ဖြစ်ပါတယ်။ လိုင်းရှည်ရှည် ဆွဲရင် ငွေကုန်သက်သာပါတယ်။

ရှိပြီးသား တာဝါတိုင်ပေါ်ကို ကြိုးအဟောင်းဖြုတ်ပြီး အသစ်ဆွဲရင်တော့ (Re-conductoring) အသစ်ကုန်ကျစရိတ်ရဲ့ ၃၅% ကနေ ၅၅% ပဲ ကုန်ကျပါတယ်။

တာဝါတိုင်များ Terrian Mulplier တည်ဆောက်ဖို့အတွက်လည်း ခြုံတောမြေ၊ ကန္တာရမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ တောင်တန်းမြေ၊ လူနေမြို့တွင်း၊ လူနေမြို့ပြင် စတဲ့နေရာပေါ်မူတည်ပြီး တည်ဆောက်စရိတ် မတူပါဘူး။ လယ်ယာမြေမှာ အဆ 1.00၊ တောင်ကုန်းမြေဆိုရင် အဆ 1.30၊ သစ်တော၊ တောင်ပေါ်၊ မြို့ပေါ်မှာ အဆ 1.50၊  စသဖြင့် ကုန်ကျပြီး၊ တာဝါတိုင်အမျိုးအစား (PG&E, SEC, SOG&E, WREP, WECC ရှိပေမဲ့ ဈေးနှုန်း သိပ်မပြောင်းလဲပါဘူး။

မြေရော်ကြေးငွေ (ငှားရမ်းခ) Right of Way Cost
မဟာဓါတ်အားလိုင်း အတွက် အကျယ် ၁၂၅ပေ နဲ့တွက်ရင် တမိုင်အရှည်ကို မြေ ၁၅.၁၄ ဧက လိုအပ်ပါတယ်။ BLM Land Rental & Land Capital Cost ကုမ္ပဏီရဲ့ တွက်ချက်မှုအရ မြေအမျိုးအစား ၁၂မျိုးသတ်မှတ်ထားပါတယ်။ အနိုမ့်ဆုံးဈေးနှုန်း အဆင့်(၁)က ငှားရမ်းခ တဧက တနှစ် US$7.00 ဖြစ်ပြီး၊   အဆင့်(၁၂) တဧက တစ်နှစ်ကို US$3449 ဈေးနှုန်း ရှိပါတယ်။ မြေကို အပြီးရော်ကြေးပေးခြင်းနှုန်းကတော့ အနိုမ့်ဆုံး US$85 per Acre (တဧက ကျပ်တစ်သိန်း) ဖြစ်ပြီး၊ အမြင့်ဆုံး တဧက US$ 34,141 per Acre (တဧက ကျပ် သိန်း၄၃၀) ဖြစ်ပါတယ်။
.
230KV ဓါတ်အားခွဲစက်ရုံနဲ့ထရန်စဖွန်မာ တန်ဖိုး (Cubstation Capital Cost)
Base Station Cost = US$ 1,706,250
ထရန်စဖွန်မာ Transformers 230V / 230KV  = US$ 11400 (သိန်း၁၄၀)
ထရန်စဖွန်မာ Ring Bus Position  အဆ 1.00
ထရန်စဖွန်မာ Breaker&Half  အဆ 1.50
ကပက်စီတာဘဏ် တစ်ခုဈေးနှုန်း၊ Static VAR Compensators (S$$88,000), Suhunt Reactors ($20,700), Series Capicator ($31,000) ဖြစ်ပါတယ်။
.
.
.
အထွေထွေစရိတ်
Allowance for Fund Used During Construction (AFUDC) & Overhead Costs
အောက်ဆုံးကုန်ကျစရိတ်ဖြစ်ပါတယ်။ တည်ဆောက်နေတဲ့ကာလအတွင်းမှာ ကာလ၊ ဒေသ၊ အခြေအနေပေါ်မူတည်ပြီး၊ ပုဂ္ဂလိက (သို့မဟုတ်) လျှပ်စစ်ရောင်းတဲ့ကုမ္ပဏီ (သို့ဟုတ်) အစိုးရ Public Utlity ရဲ့ ကုန်ကျစရိတ်(၂)မျိုးကိုလည်း AFUD (7%) + Overhead Cost (10%) = 17% သတ်မှတ်ပါတယ်။ ဒါကြောင့် ဒေါ်လာ သန်း၁၀၀ ကုန်ကျရင် အပိုငွေ ၁၇သန်းက အထွေထွေကုန်ကျစရိတ် ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ၊ အဂတိလိုက်စားမှုများတဲ့ နိုင်ငံဆိုရင် အထွေထွေစရိတ် ပိုများပါတယ်။ ဇယားကို အစိုးရထုတ်လုပ်ဖြန့်ဖြူးမှုစရိတ်က ၂၇% အထိ ပိုမိုကုန်ကျနိုင်ကြောင်း တွေ့ရပါတယ်။



https://www.wecc.biz/Reliability/2014_TEPPC_Transmission_CapCost_Report_B+V.pdf



.
.

RFA News ဟူးကောင်းချိုင့်ဝှမ်းသတင်းများး.. ရွှေတူးကုမ္ပဏီများကြောင့် ကန့်သတ်မြေသတ်မှတ်အဆို ကန့်ကွက်၊ ရေနံရှာဖွေရေး၊ ယုဇနကုမ္ပဏီလယ်ယာသိမ်း၊

RFA News

ဟူးကောင်းဒေသ ရေနံရှာဖွေမှု ကချင်အဖွဲ့ ကန့်ကွက်

2017-08-04 စင်ကာပူ ရေနံ ရှာဖွေရေး ကုမ္ပဏီတွေ ဖြစ်တဲ့ (Silver Wave) နဲ့ (BFI) ကုမ္ပဏီတွေက ဂျပန်နိုင်ငံ Star Field/ Star Holding စတဲ့ ကုမ္ပဏီတွေနဲ့ ပေါင်းပြီး ဟူးကောင်း ချိုင့်ဝှမ်းမှာ ရေနံ သဘာဝ ဓါတ်ငွေ့ စမ်းသပ် ရှာဖွေဖို့ ဖြစ်ပါတယ်။
မြန်မာ အစိုးရက အခု ခွင့်ပြုလိုက်တဲ့ လုပ်ကွက်အမှတ် (B2) ဟာ စတုရန်း ကီလိုမီတာ (၂) သောင်းနီးပါး ရှိပြီး ရှားပါး ကျားသတ္တ၀ါတွေ နေထိုင်တာကြောင့် ကျားမျိုးတုန်းမယ့် အန္တရယ်နဲ့ ရင်ဆိုင်ရဖို့ ရှိတာကို ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG အဖွဲ့က ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရသူ ကချင် အမျိုးသားတဦးက ပြောပါတယ်။
" ကျားမျိုးတုန်းမှာ စိုးရိမ်တာလည်း ပါတာပေါ့။ ဒါပေမဲ့ အဓိက ကတော့ ဟူးကောင်းချိုင့်ဝှမ်းမှာ ရှိတဲ့ ရွာတွေကို ကုမ္ပဏီတွေက အကုန်လုံး ပြောင်းခိုင်းတာ။"
ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ်တုန်းကလဲ Nobel Oil အမည်ရှိတဲ့ ရုရှား ရေနံရှာဖွေရေး ကုမ္ပဏီက ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာ ရေနံ စမ်းသပ် ရှာဖွေခွင့် ရခဲ့ဖူးတယ်လို့ KDNG အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
စင်္ကာပူနဲ့ ဂျပန် ဖက်စပ် ကုမ္ပဏီတွေက ဒေါ်လာသန်း (၁၀၀) စတင် ရင်းနှီး မြှုပ်နှံပြီး စမ်းသပ်တူးဖေါ်မယ်လို့ သိရပါတယ်။





ဟူးကောင်းချိုင့်ဝှမ်းကို ကန့်သတ်နယ်မြေ သတ်မှတ်ဖို့ အဆို ကန့်ကွက်ခံရ

2017-08-04 ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသက သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း တရားမဝင် ရွှေနဲ့ ပယင်း တူးဖော်လုပ်ကိုင်နေမှုကို ရပ်စဲပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးရေးအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးက အဆိုတင်သွင်းရာမှာ လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ကန့်ကွက်လိုက်ပါတယ်။

တနိုင်း-ဟူးကောင်းဒေသမှာ တရားမဝင် ရွှေနဲ့ ပယင်း တူးဖော်နေသူတွေဟာ KIA အဖွဲ့ကို ဆက်ကြေးငွေ သိန်းထောင်ချီပေးနေရပေမယ့် ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရတွေကတော့ အခွန်ငွေတွေ ဆုံးရှုံးနေရတယ်လို့  တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး လှိုင်ဖြိုးဝေ က ပြောပါတယ်။

"တရားမဝင် ရွှေ၊ ပယင်းတူးဖော်မှုများဟာ ကေအိုင်အို/ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ကို နှစ်စဉ်ဆက်ကြေးငွေ ကျပ် သိန်းနှစ်သောင်းရှစ်ထောင်ခန့် ပေးဆောင်ရလျက်ရှိသော်လည်း ပဲ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့မှာ အခွန်ဘဏ္ဍာရရှိခြင်းမရှိဘဲ ဘဏ္ဍာငွေများစွာ နစ်နာဆုံးရှုံးလျက်ရှိပါတယ်ခင်ဗျာ။"

ဟူးကောင်းချိုင့်ဝှမ်းဒေသကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေအဖြစ် ပြည်ထောင်စုအစိုးရက သတ်မှတ်ထားပြီး သယံဇာတ တူးဖော်မှုတွေကို ခွင့်မပြုထားဘူးလို့ ပြောပါတယ်။

အဲဒီဒေသမှာ ကေအိုင်အေ/ ကေအိုင်အိုအဖွဲ့က တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး စက်ယန္တရားတွေနဲ့ ရွှေ၊ ပယင်း စတဲ့ သယံဇာတတွေကို တရားမဝင် တူးဖော်လုပ်ကိုင်နေတယ်လို့လည်း ပြောပါတယ်။

တရားမဝင် တူးဖော်လုပ်ကိုင်မှုတွေကြောင့် နန်ဗျူ၊ ညောင်ပင်ကုန်း၊ ချမ်းသာ၊ နမ့်ကွမ်း စတဲ့ မှော်နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ ဟူးကောင်းဒေသ တောတောင်ရေမြေတွေဟာ ကျင်းတွေ၊ ချိုင့်တွေဖြစ်ပေါ်ပြီး  မြစ်ချောင်းတွေ တိမ်ကောပျက်စီးလာနေတယ်လို့ အဆိုရှင်က ပြောပါတယ်။

အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက ထောက်ခံဆွေးနွေးပြီး ဖားကန့်နဲ့ တနိုင်းမြို့နယ် ကိုယ်စားလှယ် ၂ ယောက်က ကန့်ကွက်ခဲ့တာကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူခဲ့ပါတယ်။

ဒီကနေ့အစည်းအဝေးကို တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၉ ဦးမှာ ကိုယ်စားလှယ်အယောက် ၂၀ က ထောက်ခံပြီး ၂၉ ဦးက ကန့်ကွက်ခဲ့တာကြောင့် အဲဒီအဆိုကို လွှတ်တော်မှာ မဆွေးနွေးဖို့ ဆုံးဖြတ်လိုက် ပါတယ်။



ယုဇနကုမ္ပဏီနဲ့ ဒေသခံတွေ ညှိနှိုင်းမရသေး

2016-05-07  ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတဲ့ မြေနေရာတွေ မှာ ဒေသခံရွာသားတွေက ထွန်ယက် စိုက်ပျိုးဖို့ပြင်ဆင်နေတဲ့အတွက် ကုမ္ပဏီ ၀န်ထမ်းတွေက တားမြစ်ရာ မှာ နှစ်ဖက်အငြင်းပွားမှုဖြစ်နေတာကြောင့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ သွားရောက်ညှိနှိုင်းပေ မယ့် ပြေလည်မှုမရရှိခဲ့ပါဘူး။
ဖားကန့်မြို့နယ် မြေစာရင်း၊ စိုက်ပျိုးရေး၊ စီမံကိန်းစတဲ့ ဋ္ဌာနဆိုင်ရာငါးခုက မြို့နယ်အရာရှိတွေ ဒီကနေ့သွားရောက် ညှိနှိုင်းပေးပေမယ့် မပြေလည်ခဲ့ဘူးလို့  ဖားကန့်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းကျော်က ပြောပါတယ်။
"ယုဇနပိုင်တဲ့ မြေလွတ်မြေရိုင်းရထားတဲ့မြေနေရာကို ရွာသူ၊ ရွာသားတွေက လယ်ယာစိုက်ပျိုးဖို့ ဝင်ရောက်လုပ်ကိုင်ဖို့ ပြင်ဆင်ဆောင်ရွက်တာပေါ့၊ အဲ့ဒါကို ယုဇန အဖွဲ့ကနေ စိစစ်တားမြစ်ပေးဖို့ ဆိုပြီးတော့ စာတက်လာတယ်၊ ယုဇနကုမ္ပဏီကနေ တင်ပြထားတာကတော့ ၇၅၉၃ ကျေးရွာ အုပ်စုကတော့ ၂၉၄၄၊ နောင်းမီကျေးရွာအုပ်စုက ၄၆၄၉ ဧကပါဗျ၊ နှစ်ဖက်ညှိနှိုင်းလို့မရအောင် ဖြစ်နေတယ်၊ ရွာသူ၊ ရွာသားအဖွဲ့တွေက မြို့နယ်ကအဖွဲ့တွေကို တစ်ခါတည်း ဆုံးဖြတ်ပေးနိုင်မလား၊ ဘာလားဆိုပြီးတော့ ပြောနေတယ်၊ မပြေလည်ခဲ့ပါဘူးဗျာ"
ပြီးခဲ့တဲ့ မေလ ၄ရက်နေ့က အဲဒီမြေတွေမှာ ၀င်ရောက်ထွန်ယက်တဲ့ တောင်သူတွေကို ကုမ္ပဏီဝန်ထမ်းတွေက တားမြစ်ရာမှာ နှစ်ဖက်ပြဿနာဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းပေးဖို့အတွက် ကုမ္ပဏီဖက်က ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြလာတဲ့အတွက် ဒီနေ့ သွားရောက် ညှိနှိုင်းတာဖြစ်ပါတယ်။
တပ်မတော်အစိုးရလက်ထက်က ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ ကြံ၊ ပီလောပီ စတဲ့ သီးနှံတွေ စိုက်ပျိုးဖို့ဆိုပြီး ဧကသိန်းနဲ့ချီရှိတဲ့ စိုက်ခင်းတွေကို ယုဇနကုမ္ပဏီက သိမ်းယူခဲ့တာဖြစ်ပါတယ်။
ဝါရာဇွပ်၊ ဗန်ကောက်၊ နောင်းမြီ၊ ရှဒူးဇွပ် စတဲ့ကျေးရွာတွေက ဒေသခံရွာသားတွေဟာ သူ့တို့ဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးရလိုမှုအပါအဝင် လယ်မြေတွေမှာ ပြန်လည် လုပ်ကိုင်ခွင့် ရဖို့အတွက် ယုဇနကုမ္ပဏီကို တရားစွဲမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
အလားတူ ကုမ္ပဏီဘက်ကလည်း အပြန်အလှန်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
တရုတ်နဲ့ အိန္ဒိယနိုင်ငံကို ဆက်သွယ်ထားတဲ့ ကမ္ဘာ့သမိုင်းဝင် လီဒို လမ်းမကြီးဖြတ်သန်းတည်ရှိရာ ဟူးကောင်းချိုင့် ၀ှမ်းဒေသမှာ မိုးကောင်း၊ ဖားကန့်၊ တနိုင်း စတဲ့ မြို့နယ် သုံးခုက ကျေးရွာတွေ ဆက်စပ်ပါဝင်နေတာဖြစ်ပါတယ်။

ယုဇနကုမ္ပဏီကို ဆန္ဒပြသူများ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရ
2014-06-18 ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက ပီလောပီနံစိုက်ဖို့ သိမ်းထားတဲ့ မြေယာဧက သောင်း ဂဏန်းနီးပါးထဲက လျော်ကြေးမပေးရသေးတဲ့ မြေ ယာတွေအတွက် လျော်ကြေးပေးဖို့ ရန်ကုန်မြို့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ တောင်သူ ၁၆ ဦးကို ဗဟန်းမြို့နယ် ရဲစခန်းက တရားမ၀င် စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
အမှုဖွင့်ခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဖားကန့်မြို့နယ်၊ ၀ါယာစုရွာက တောင်သူ ဦးတန်ဂွန်းက အခုလိုပြောပါတယ်။
"၉ ရက်နေ့ ဆန္ဒဖော်ထုတ်ပြီးမှ ဗဟန်းရဲစခန်းမှူးက ခင်ဗျားတို့ တောင်သူ ၁၆ ဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲ အမှုဖွင့်ထားပြီလို့ ပြောတယ်လေ၊ ကျနော်တို့က အမှုဖွင့်ထားလည်း တခါတည်း တရားရုံးတင်လိုက်ပါ လို့ပြောတော့ ရဲစခန်းကို အရင်လာခဲ့ပါလို့ အဲလို သူတို့ကပြောတယ်"
ဖားကန့်နဲ့ တနိုင်းမြို့နယ်က တောင်သူ ၁၆ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့တာဖြစ်ပြီး အဲ့ဒီဆန္ဒပြပွဲအတွက် ခွင့်ပြုချက်တောင်းပေမယ့် ဗဟန်းမြို့နယ် ရဲစခန်းက ခွင့်မပြုခဲ့ဘူးလို့ တောင်သူတွေက ပြောပါတယ်။
အသိမ်းခံလိုက်ရတဲ့ လယ်မြေ၊ ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေဟာ လီဒိုလမ်းမရဲ့ အနောက်ဘက်မှာရှိတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ယုဇနကုမ္ပဏီက သိမ်းဆည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
တောင်သူတွေဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းက ယုဇနကုမ္ပဏီကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ တရားစွဲဆိုရာ ဥယျာဉ်ခြံမြေ တစ်ဧကကို ကျပ် ၆ သောင်း၊ လယ် တစ်ဧကကို ကျပ် ၈ သောင်းနဲ့ ယာတစ်ဧကအတွက် ကျပ် ၄ သောင်းပေးဖို့ တရားရုံးက ဆုံးဖြတ်ပေးခဲ့ပါတယ်။ တရားရုံးက သတ်မှတ်ပေးလိုက်တဲ့ လျော်ကြေးတွေ ကို တောင်သူအများစုက လက်မခံခဲ့ဘူးလို့ သိရပါတယ်။


2017-8-3 22:55
ကချင်ပြည်နယ်အတွင်း ရွှေလုပ်ကွက်တွေလုပ်ကိုင်ပြီးစီးလ...
2017-8-3 9:15
ကချင်ပြည်နယ်က တစ်ရှူးငှက်ပျောစိုက်ခင်းတွေနဲ့ ...
2017-8-2 12:45
ကချင်ပြည်နယ် အင်းတော်ကြီးကန်ဟာ ထူးခြားတဲ့ ...
2017-7-31 6:40
၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေ နဲ့ ...
2017-7-30 22:10
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ...
2017-7-30 6:25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ...
2017-7-27 22:48
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရက ...
2017-7-27 7:30
စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ...
2017-7-25 7:20
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖမ်းဆီးခံ ထားရတဲ့ ...
2017-7-25 6:40
မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ လာမယ့် ...
2017-7-25 1:30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ...
2017-7-25 0:20
မြန်မာနိုင်ငံက ပြန်ရောက်လာတဲ့ ကုလ သမဂ္ဂ ...
2017-7-24 7:40
ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့အတွက် တပ်မတော်က ...
2017-7-24 7:10
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် ...
2017-7-23 6:55
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော် ...
2017-7-22 5:55
ကုလသမဂ္ဂရဲ့ အထူးအစီရင်ခံစာ တင်သွင်း သူ ...
2017-7-22 4:45
ကချင်ပြည်နယ် မိုးမောက်မြို့ မြို့မဈေးရှေ့ မှာ ...
2017-7-19 0:51
ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေ ...
2017-7-18 7:45
ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေ ...
2017-7-15 3:32
လမ်းပန်းဆက်သွယ်ရေး ဝေးလံခေါင်သီတဲ့ ...
2017-7-14 8:15
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ...
2017-7-14 7:50
တရုတ်-မြန်မာနယ်စပ် ကချင်ပြည် နယ် ...
2017-7-13 8:0
ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ဖားကန့် ...
2017-7-12 0:45
ကချင်ပြည်နယ်မှာ ပိုလျှံလျှပ်စစ်ဓါတ်အား ၉ဝ မဂ္ဂါ ...
2017-7-11 23:5
မြန်မာစစ်တပ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ...
2017-7-11 6:45
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ထူးအုပ်စုကုမ္ပဏီက ...

June 12, 2017

ကအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် တွေ့ဆုံ၊ ... ပင်လုံညီလာခံ၊နေပြည်တော် မေ၂၆၊ ၂၀၁၇


အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုများ မကြာခဏ ပြုလုပ်မည်ဖြစ်ပြီး အောင်မြင်မည်ဟု
 ကေအိုင်အိုဒုဥက္ကဋ္ဌ ပြော

အစိုးရနှင့်တွေ့ဆုံ ဆွေးနွေးမှုများမကြာခဏ ပြုလုပ် မည်ဖြစ်ပြီး အောင်မြင်မှုရှိမည်ဟု ယုံကြည်ကြောင်း ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောကြားသည်။

၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲ သို့ တက်ရောက်လာသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များက မေလ ၂၇ ရက်က နေ ပြည်တော်မှ ပြန်လည်ထွက်ခွာ စဉ် သတင်းမီဒီယာများ၏ မေး မြန်းမှုကို ဗိုလ်ချုပ်ကြီးအင်ဘန်လ က ဖြေကြားခြင်းဖြစ်သည်။
‘‘ဆက်ပြီးတော့ ဆွေးနွေးဖို့ရှိ တယ်။ မကြာဘူး၊ မကြာဘူး။ မကြာမကြာဆွေးနွေးတော့မယ်’’ ဟု ၎င်းက အစိုးရနှင့်ထပ်မံတွေ့ ဆုံမည့်အခြေအနေနှင့်ပတ်သက် ၍ ပြောသည်။ ဆွေးနွေးမှုများ အောင်မြင်နိုင်မှု ရှိ၊ မရှိ အခြေအ နေနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီး အင်ဘန်လက ‘‘အောင်မြင်မယ်၊ အောင်မြင်မယ်။ မအောင်မြင်တဲ့ အလုပ်ကို မလုပ်ဘူးနော်’’ဟု ၎င်းက ဆက်လက်ပြောသည်။
၂၁ ရာစုပင်လုံညီလာခံသို့ အထူးဖိတ်ကြားသူအဖြစ် တက် ရောက်ခဲ့သည့် မြောက်ပိုင်းလက် နက်ကိုင်ခုနစ်ဖွဲ့သည် နေပြည် တော်မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ ခဲ့သည်။
KIO အပါအ၀င် မြောက် ပိုင်းလက်နက်ကိုင်အဖွဲ့များ၏ နေပြည်တော်ခရီးစဉ်တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခြင်းက အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲ များပြုလုပ်နိုင်ရန် လမ်းစပွင့်ပြီ ဖြစ်ကြောင်း မြောက်ပိုင်းကိုယ်စား လှယ်များက ဆိုသည်။
‘၀’လက်နက်ကိုင်အဖွဲ့ UWSA၊ မိုင်းလားလက်နက်ကိုင် အဖွဲ့(NDAA)၊ ကချင်လက်နက် ကိုင်အဖွဲ့(KIO)၊ ရှမ်းလက်နက် ကိုင်အဖွဲ့(SSPP)၊ တအာင်းလက် နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့ သည် တရုတ်အစိုးရ၏ ညှိနှိုင်းမှု အရ ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲ နေ့သို့ တက်ရောက်ခဲ့သည်။ မြောက်ပိုင်းလက်နက်ကိုင်ခုနစ် ဖွဲ့မှ ကိုယ်စားလှယ်များပါသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီသည် မေလ ၂၃ ရက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မေလ ၂၄ ရက်၌ ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိ သေးသည့် ယင်းအဖွဲ့များအနေ ဖြင့် ညီလာခံ၌ သဘောထားတင် ပြခွင့်ရရှိရေး ကြိုးစားသော် လည်း ခွင့်ပြုချက်မရခဲ့ပေ။ ထို့ ကြောင့် ညီလာခံဖွင့်ပွဲနေ့သာ တက်ရောက်ခဲ့သည်။
မေလ ၂၆ ရက်တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က မြောက် ပိုင်းခုနစ်ဖွဲ့ကိုယ်စားလှယ်များကို နှစ်ဖွဲ့ခွဲ၍ တွေ့ဆုံခဲ့သည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် '၀' အဖွဲ့ အပါအ၀င် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်ခုနစ်ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UWSA၊ KIA၊ SSPP၊ NDAA စသည့်လက်နက်ကိုင်အဖွဲ့များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-စိုင်းဖုန်းဟန် SSPP/SSA)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့တို့သည် နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နေအိမ်၌ မေ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကချင်လက်နက်ကိုင်အဖွဲ့ KIA ၊ '၀'လက်နက်ကိုင်အဖွဲ့ UWSA ၊ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP နှင့် မိုင်းလားအဖွဲ့ NDAA တို့နှင့်လည်းကောင်း၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ TNLA တို့နှင့်လည်းကောင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
“ဒီနေ့တော့ ကျွန်တော်တို့ ဘာမှ မဆွေးနွေးပါဘူး။ အဓိက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် တွေ့ဆုံတာပါ။ အိမ်သွားတယ်ဆိုတာ မိသားစုလို ရင်းရင်းနှီးနှီး ပိုပြီးတော့ ရင်းနှီးအောင် ဆိုပြီးတော့ သွားပြီး တော့သွားတွေ့တာ။ သူပြောတဲ့ NCA နဲ့ ကျွန်တော်တို့ ပြန်ပြင်ထားတာနဲ့ မတူဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အရင် NCA တော့ ကျွန်တော်တို့က ထိုးမှာ မဟတ်ဘူး။ ဒီတစ်ခေါက် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်ကို သွားတဲ့အချိန်က တရုတ်ပြည်ရဲ့ One Belt, One Road ပေါ်လစီပေါ့နော်။ အဲဒါလည်း နည်းနည်းဆွေးနွေးတာ။ ဟိုရှိကျင်ဖျင်နဲ့ တွေ့လိုက်သေးတာပေါ့နော်။ ဒီကြားထဲမှာ သဘောတူညီထားတာ ရှိရင်ရှိမှာပေါ့နော်။ အဲဒါကြောင့်မို့ ဒီဟာ တိုက်တွန်းပြီးတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ရောက်အောင် သူတို့ရဲ့အကျိုး ဗမာပြည်ရဲ့ အကျိုးကိုပေါ့ နှစ်ဖက်အကျိုးလည်း ပါတာတော့ အဲဒါကြောင့်မို့ သူတို့က အားသွန်ခွန်စိုက်နဲ့ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ ပါဝင်နိုင်အောင်ပေါ့။ တပ်ဘက်က UWSA '၀'နဲ့ အဆင်ပြေပါတယ်။ ကျွန်တော်ထင်တာတော့ တွေ့မယ်မထင်ပါဘူး။ ဟိုစစ်တိုက်နေတဲ့ သုံးဖွဲ့လည်း ကျွန်တော်တို့က ခေါ်လာတာကိုး။ ကျွန်တော်တို့ ခုနစ်ဖွဲ့က နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီပေါ့ သိပ်မထူးဆန်းပါဘူး။ သူ့ရပ်တည်ချက်နဲ့ ကိုယ့်ရပ်တည်ချက်ရှိတာပေါ့ ညှိယူရမှာပေါ့။ အားလုံးငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မယ်ဆို တစ်ရက်ရက်တော့ ငြိမ်းချမ်းလာမှာပါလို့ ကျွန်တော်အပြည့်အ၀ ယုံကြည်ပါတယ်။ နောက်ပိုင်း ဘယ်လို ချိတ်ဆက်ပြီးတော့ ဆက်သွယ်မယ်ဆိုတာ ရှိပါတယ်”ဟု '၀' လက်နက်ကိုင်အဖွဲ့မှ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးကျောက်ကွက်အမ်းက ပြောကြားသည်။
ထို့အတူ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA အတွင်းရေးမှူး တာပန်လှက “ကျွန်တော်တို့ကတော့ ရှေ့ဆက်ပြီးတော့ ဒီကနေပြီးတော့ ဆွေးနွေးနိုင်ဖို့ကိုတော့ ဆွေးနွေးခဲ့ကြတယ်။ အထူးသဖြင့်ကတော့ အခု ကျွန်တော်တို့ သွားပြီးတွေ့ဆုံတာက ကျွန်တော်တို့ ၂၁ ရာစု ပင်လုံ ရောက်လာတယ်။ နေပြည်တော် ရောက်လာတယ်။ သူက တာဝန်ရှိတဲ့သူအနေနဲ့ ကြိုဆိုတယ်ပေါ့လေ။ အဲဒီအဆင့်လောက်ပါပဲ။ အကျိုးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် ကျွန်တော်တို့ PSLF/TNLA နဲ့ပဲဖြစ်ဖြစ် မြောက်ပိုင်းက အဖွဲ့တွေနဲ့ ပဲ ဖြစ်ဖြစ် လအတန်ကြာပေါ့လေ။ ပိတ်ဆို့နေတဲ့ တွေ့ဆုံဆွေးနွေးမှုက တာဝန်ရှိတဲ့သူ အချင်းချင်းတွေ့ဆုံနိုင်ဖို့ အထူးသဖြင့် အစိုးရဘက်က တွေ့ဆုံနိုင်ဖို့က လမ်းကြောင်း မဖြစ်ပေါ်ခဲ့ဘူး။ အခု ဒါလမ်းကြောင်း စတင်ဖြစ်ပေါ်လာခဲ့ပြီပေါ့။ ဆက်သွားနိုင်ဖို့ ကျွန်တော်တို့ဘက်က မျှော်မှန်းပါတယ်။ အခု ဒီကိုရောက် ရှိလာတာက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့ ကျွန်တော်တို့ဘက်က ယုံယုံကြည်ကြည်နဲ့ စတင်ပြီးတော့ ခြေလှမ်းလှမ်းတယ်လို့ ပြောရမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
အဆိုပါ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များကို UPDJC က အထူးဖိတ်ကြားသူအဖြစ် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယ အစည်း အဝေးဖွင့်ပွဲ အခမ်းအနားနှင့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကာ မေ ၂၅ ရက်က အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင်နှင့်လည်း တွေ့ဆုံခဲ့ပြီး မေ ၂၇ ရက်တွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့ဖြင့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ဖွဲ့စည်းထားခြင်းဖြစ်သည်။
Writer: 
ဝီရမိုးနေ၊ ချမ်းဝေစိုး

November 07, 2013

မြန်မာ့ကာကွယ်ရေးဘတ်ဂျက် မြင့်မားမှု ကမ္ဘာ့ဘဏ်ထောက်ပြ


VOA 
Nov 6, 2013

၂၀၁၃-၂၀၁၄ ခုနှစ် မြန်မာ့စီးပွားရေးဟာ ၆ ဒဿမ ၅ ရာခိုင်နှုန်း တိုးတက်လာပေမဲ့ လက်ရှိမှာ ငွေကြေးဖောင်းပွမှုဟာ သြဂုတ်လအတွက် ၇ ဒဿမ ၃ ရာခိုင်နှုန်းအထိ ရှိနေတာတွေ့ရတယ်လို့ World Bank ကမ္ဘာ့ဘဏ် အဖွဲ့ကြီးက ဒီနှစ် အောက်တိုဘာလမှာ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကာကွယ်ရေးအတွက် ဘတ်ဂျက်ဟာ မြင့်မားနေဆဲဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ် ဘတ်ဂျက်မှာတော့ လူမှုရေးကဏ္ဍအတွက် ပိုပြီးသုံးစွဲဖို့ ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သွင်းကုန်မူဝါဒ တင်းကျပ်မှုတွေ လျှော့ချလာသလို ငွေလဲလှယ်မှု ကန့်သတ်ချက်တချို့ကို ဖယ်ရှားပေးခဲ့ပြီး အကျိုးရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေကြောင်းနဲ့ ပြည်တွင်းမှာ ငွေဖောင်းပွမှုတွေ တိုးနေပေမဲ့ ထိရောက်တဲ့ ငွေလဲနှုန်း တန်ဖိုး ကျနေတာမို့ နိုင်ငံခြား တင်ပို့မှုအား ပိုကောင်းနေတာ တွေ့ရကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း ဓာတ်ငွေ့ထုတ်လုပ်မှု တိုးနေတာနဲ့ ကုန်သွယ်မှု တိုးလာတာ၊ စိုက်ပျိုးရေးကဏ္ဍ အားကောင်းမှုတွေ ရှိနေတာမို့ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ စီးပွားရေး တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ဘတ်ဂျက်ကို ပြင်ဆင်ရေးဆွဲရာမှာ ငွေကြေးအရင်းအမြစ် အမြင့်ဆုံး သတ်မှတ်ချက်ဘောင်ထဲက ရေးဆွဲတာမျိုး မရှိသေးတဲ့အတွက် သုံးစွဲငွေ ဦးစားပေး ရွေးချယ်ရေးအတွက် အခက်အခဲတွေ ဖြစ်စေတယ်လို့ လည်း ထောက်ပြထားပါတယ်။
ဘတ်ဂျက်ဆိုင်ရာအတွက် အများပြည်သူသိအောင် လုပ်ဆောင်ရာမှာ တိုးတက်မှုတွေ ရှိလာပေမဲ့ ဘတ်ဂျက်ကိုယ်တိုင်က ပြည့်စုံမှု မရှိသေးသလို စာရင်းစစ်နဲ့ ပြင်ပ စစ်ဆေးကြပ်မတ်မှုဆိုင်ရာမှာ အားနည်းနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

July 23, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် နည်းလမ်းသစ်

ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းရန်အစပြုနေပြီဖြစ်သည်။ လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်များ ဘာကြောင့် လက်နက်ကိုင်တော်လှန်နေကြပါသနည်း..မေးခွန်း၏အဖြေမှာ - လူကိုလူလို တန်ဘိုးထားသည့် ဆက်ဆံမှု ဖြစ်ပါသည်။ ကချင်ပြည်နယ် KIA ကို လူလူချင်းတန်းတူဆက်ဆံရန်၊ နိုင်ငံရေး၊စီးပွားရေး စသည်တို့တွင် အခွင့်ရေးအနည်းဆုံး ကချင်ပြည်နယ်အတွက်၂၀%မျှခွဲဝေသုံးစွဲရန် မြန်မာအစိုးရတွင် အစီအစဉ်မရှိနိုင်သေးပါ။ ဆက်လက်ဆွေးနွေး ညှိနှိုင်းရပါမည်။ ကချင်ပြည်နယ်အတွက် လမ်းတံတား၊လျှပ်စစ်၊မီးရထားလမ်း တကယ်လုပ်မဲ့ ပရိုဂျက် ပြပါ။ ကချင်ပြည်နယ်မှာ စီးပွားရေးကို KIA အတွက် တန်းတူနီးပါးအခွင့်ရေးပေးမှဲိ့အစီအစဉ်များရှိပါသလား။ မြစ်ကြီးနားမြို့ လျှပ်စစ်ကို KIA ဘူးဂါးစီးပွားရေးအဖွဲ့က ဓါတ်အားပေးထားခြင်း၊ မြစ်ကြီးနားမြို့ လမ်းမကြီးများကို KIA လမ်းအဖွဲ့များက လပ်စားမှုနည်းပါးစွာဖြင့် အမျိုးသားစိတ်ဓါတ်ဖြင့် ဆောက်လုပ်ပေးခြင်းများကို မမေ့သင့်ပါ။

 အပြောကောင်းပြီး၊ လက်တွေ့မရှိသည့်

June 18, 2013

လက်ရှိမြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှုနှင့် ဒုတမ္မတဒေါက်တာစိုင်းမောက်ခမ်း

အဂတိလိုက်စားမှု အမွေဆိုး

AddThis Social Bookmark Button
6.18.16
၂၀၁၂ ခုနှစ်အတွင်း Transparency International အဖွဲ့အစည်းမှ ထုတ်ပြန်ထားသည့် Transparency International အဆင့်သတ်မှတ်ချက်
 (စက်ဝိုင်းပြထားသည့် နိုင်ငံများမှာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးအဆင့်တွင် ပါရှိသည့် နိုင်ငံများဖြစ်သည်)
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) မှာ မကြာမီက ကျင်းပခဲ့တဲ့ ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ လက်ရှိမြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပွင့်ပွင့်လင်းလင်း ပြောကြားသွားတာ တွေ့ရပါတယ်။
ဒုတိယသမ္မတပြောတဲ့ အဂတိလိုက်စားမှု
အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို နိုင်ငံတစ်နိုင်ငံချင်း အလိုက် လေ့လာပြီး အညွှန်းကိန်းအဖြစ် ပြန်လည်တွက်ချက် တင်ပြနေတဲ့ အဖွဲ့အစည်းကြီးဖြစ်တဲ့ Transparency International အဖွဲ့ကြီးက မြန်မာနိုင်ငံရဲ့ "Corruption Perceptions Index" အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၇၆ နိုင်ငံထဲက အဆင့် ၁၇၀ ကျော်မှာ သတ်မှတ် ခံထားရတာကြောင့် နိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေဟာ ဆိုးရွားနေတယ်လို့ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှု ပြဿနာကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေးအပြင် ပြည်သူလူထု တစ်ရပ်လုံးကပါ ပါဝင်ဆောင်ရွက်ဖို့ လိုတယ်လို့ ဒုတိယသမ္မတက သတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒုတိယသမ္မတ ပြောကြားခဲ့သလိုပဲ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု ပြဿနာဟာ နှစ်ပေါင်းများစွာ အောက်ခြေအဆင့်ကစပြီး အပေါ်အဆင့်အထိ အုပ်ချုပ်ရေး ကဏ္ဍမှာ လှိုက်စားနေခဲ့တာ ကြာပါပြီ။ အရင်အစိုးရ တုန်းကတော့ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောလေ့မရှိဘဲ ပြောတဲ့သူတွေကိုတောင် ငြိုငြင်မှု၊ သွယ်ဝိုက် အရေးယူမှုတွေ ဌာနဆိုင်ရာ တချို့မှာ ရှိခဲ့ပါတယ်။ ဒီဘက်ခတ်မှာတော့ ပြောတဲ့သူတွေကလည်း ပွင့်ပွင့်လင်းလင်း ပြောလာသလို အဂတိ လိုက်စားမှုကိုကာ ကွယ်တိုက်ဖျက်တဲ့ သိသာထင်ရှားတဲ့