Showing posts with label ၂ဝဝ၈ အခြေခံဥပဒေ. Show all posts
Showing posts with label ၂ဝဝ၈ အခြေခံဥပဒေ. Show all posts

November 16, 2013

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့် (Linn Htin)

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
လင်းထင်၊ ဇူလိုင် ၁၆၊ ၂၀၁၃
ဒီရက်ပိုင်းမှာ အတွေးအများမိဆုံးကတော့ ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်ဆိုတဲ့ ကိစ္စရပ်ပဲ။  ကျနော် တသက်လုံး ယုံကြည် ယူဆလာခဲ့တာ ဘာသာရေးဟာ လူ့အကြောင်းပြောရမယ်၊ စီးပွား လူမှု နိုင်ငံရေးရာ အကြောင်းချင်းရာတွေမှာ မှတ်ချက်ပြုရမယ်၊ ဝေဖန်ရမယ်၊ လိုရင်းကတော့ ဘာသာရေးဟာ ပလင်စင်မြင့်ပေါ်မှာသာ ခွဲခြားထားရမယ့်အရာ မဟုတ်ဘဲ စင်ပေါ်ကဆင်းပြီ လူ့အကျိုးဆောင်ဖို့ရာပဲ။  ဒီအယူအဆဟာ နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးပဲ Secular State အဖြစ် ပီပီပြင်ပြင် ထူထောင်ရန် အလိုရှိမှုနဲ့ ၀ိရောဓိ ဖြစ်စေသလား။  ကျနော့် ကိုယ် ကျနော် သေချာဖို့လိုတယ်။  ကျနော်ရှုတ်ချတဲ့ လက်ျာစွန်းရောက် အမျိုးသားရေးကို အမုန်းတရားများ ဟောကြား ဖြန့်ဝေနေတဲ့ ဘာသာရေးပုဂ္ဂိုလ်များကြောင့် ဘာသာရေးဟာ လူ့အရေးလုပ်ရမယ်ဆိုတဲ့ ကျနော့် ခံယူချက် ယိမ်းယိုင်ရမှာလား၊ ကျနော့် ကိုယ် ကျနော် ရှင်းဖို့ လိုတယ်။

April 20, 2013

၂ဝဝ၈ အခြေခံဥပဒေကို လေ့လာသုံးသပ်ခြင်း (၂) - ညိုမင်း



ညိုမင်း
ပြည်သူ့အရေးတော်ပုံဂျာနယ်

(၁) '၂ဝဝ၈ အခြခံဥပဒေ' ကို ထစ်ငေါ့ငေါ့နဲ့ ရေးဆွဲခဲ့တာ ဖြစ်တယ်။ ၁၉၉၃ ကနေ ၂ဝဝ၇ ခုနှစ်အထိ (၁၄)နှစ် အချိန်ယူခဲ့ရတယ်။ အခြေခံဥပဒေ အတည်ပြုပြီးတော့လည်း နောက်ထပ် နှစ်တချို့ယူပြီး အသက်သွင်းခဲ့ရတယ်။

အသက်ဝင်တော့လည်း NLD က သပိတ်မှောက်နေလို့၊ ဆန့်ကျင်နေလို့၊ အခက်အခဲတွေ့နေရပြန်တယ်။ ချူချာတယ်။ နောက်တော့ အမေရိကန်ရဲ့ ဗမာပြည်ဆိုင်ရာ ပေါ်လစီဆစ်ချိုး ပြောင်းတယ်။  NLD ကလည်း ရပ်တည်ချက် တဆစ်ချိုးပြောင်းတယ်။ ဦးသိန်းစိန် အသက်ရူချောင်သွားတယ်။ တက်ကြွလာတယ်။ အခုဆိုရင် ပြည်တွင်းပြည်ပက '၂ဝဝ၈ အခြခံဥပဒေ'  ကို တိုက်ဖျက်မယ်ဆိုတဲ့ ပါတီ အသင်းအပင်း အစုအဖွဲ့တွေကို '၂ဝဝ၈ အခြခံဥပဒေ' ဘောင်ထဲကို ဆွဲသွင်းတာ လုပ်နေပြီ။ NLD ဆိုတဲ့ ပင်မကပြိုကျပြီး '၁၉၉ဝ ရွေးကောက်ပွဲအလံ' ကို စွန့်လိုက်ပြီးတော့ သူတို့လည်း တင်းခံနိင်ကြမှာ မဟုတ်ပါဘူး။

April 16, 2013

၂ဝဝ၈ အခြေခံဥပဒေကို လေ့လာသုံးသပ်ခြင်း (၁) - ညိုမင်း




ညိုမင်း
အရေးတော်ပုံဂျာနယ်

(၁) ဒီအခြေခံဥပဒေကို နဝတ/နအဖ က စစ်အာဏာရှင်စနစ်ရဲ့ နှစ် (၅ဝ) အတွေ့အကြုံကနေ သင်ခန်းစာထုတ်ပြီး ရေးထားတာ ဖြစ်ပါတယ်။ ၁၉၆၂ အာဏာသိမ်းပွဲမျိုး၊ ၁၉၈၈ အာဏာသိမ်းပွဲမျိုး နောင်မလုပ်ရအောင် ရေးဆွဲထားတာပါ။

(၂) ၁၉၆၂ အာဏာသိမ်းပွဲက အစစ်ပါ။ ၁၉၈၈ အာဏာသိမ်းပွဲကတော့ အတုဖြစ်ပါတယ်။
·                 အစစ်ဆိုရင် အာဏာဟောင်းက အာဏာပိုင်တွေအားလုံးကို ဖမ်းရတယ်။ ထောင်ထဲ ထည့်ရတယ်။ သူတို့စစ်တပ် အာဏာမြဲမှပဲ ပြန်လွှတ်တယ်။ အာဏာသိမ်းဖို့  ပြင်တာကိုလည်း အာဏာ (ဟောင်း) ကလုံးဝမသိစေရဘူး။ အလစ်အငိုက်ယူပြီး အာဏာသိမ်းတာပဲ။
·         'အတု' ကတော့ အာဏာ (ဟောင်း) ကိုယ်တိုင်က စစ်တပ်က အာဏာသိမ်းနိုင်အောင် အစစအရာရာ ပြင်ဆင်ပေးပြီးမှ သိမ်းခိုင်းတာ ဖြစ်တယ်။ သမ္မတဒေါက်တာမောင်မောင်ကဆိုရင် အာဏာသိမ်းမယ့် စစ်ဗိုလ်ကို ခေါ်ပြီးဘာလုပ်ရမယ်ဆိုတာ သင်ပေးတယ်။ အာဏာသိမ်းပြီးရင် ထုတ်ပြန်ကြေငြာရမယ့် အမိန့်ကြော်ငြာတွေကို နှုတ်တိုက်ချပေးတယ်။ ဗိုလ်ခင်ညွန့်က လိုက်ရေးရတယ်။ ပြီးမှကြေငြာတာပဲ။ ဒေါက်တာမောင်မောင်ကတောင် ' ကိုင်း ဖမ်းတော့လေ' ဆိုပြီး ကျီစယ်လိုက်သေးတယ်။ အာဏာသိမ်းစစ်တပ်ကကော ဘာလုပ်သလဲ။ ဆန္ဒပြလူထုတွေကိုပဲ နှိမ်နင်းတာပဲလုပ်တယ်။

April 03, 2013

အခြေခံဥပဒေမပြင်ရင် ဘာမှဖြစ်မလာနိုင်ဘူး - စောထွန်းဇင်


စောထွန်းဇင်
မတ် ၂ဝ၁၃

ဗမာပြည်မှာ ပြည်တွင်းစစ်စဖြစ်တဲ့ ၁၉၄၈ ခုနှစ်မှာပဲ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကို တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ဟာ မရပ်မနားပဲ ကနေ့ အထိနှစ်ပေါင်း၆ဝကျော် (၆၄နှစ်ကျော်) ဖြစ်နေတယ်။ အုပ်စိုးသူ ဖဆပလ အစိုးရက အတိုက်အခံအင်အားစုကို လက်ဦးမှုယူပြီး ချေမှုန်းဖို့ လုပ်ရာက ပြည်တွင်းစစ် စတင်တာပဲ။