Showing posts with label JA MARAN. Show all posts
Showing posts with label JA MARAN. Show all posts

April 21, 2013

ကချင်ဒီအပ်စပိုရာနှင့် နိုင်ငံရေးလှုပ်ရှားမှု - Ja Maran (၂)


(ကချင်မနုဿဗေဒပညာရှင် ဂျာမရန် (Ja Maran) ရေးပြီး ခေတ်မောင်းဂျာနယ် တွဲ ၁၊ မှတ် ၂ မှာ  ဖော်ပြခဲ့တဲ့ ပညာပေးဆောင်းပါးဖြစ်ပါတယ်။ ယခင် အင်ဂွန်ဂျာဝါ မျှဝေပြီးဖြစ်တဲ့ ကချင်ဒီအပ်စပိုရာနှင့် ခေတ်သစ် မနုဿဗေဒအမြင် (၁) ကို ဖတ်လိုသူများ  နေရာမှာဖတ်နိုင်ပါတယ်။)


ဒီအပ်စပိုရာတွေဟာ မိမိရင်းမြစ်မိခင်နိုင်ငံရဲ့ နိုင်ငံရေးရာ အားဖြင့် ဆက်နွယ်မှုရှိရုံသာမက မိမိအခြေချရာနိုင်ငံရဲ့ နိုင်ငံရေးမှာလည်း စိတ်ဝင်စားမှု ရှိကြပါတယ်။ Basch က နိုင်ငံပြောင်း အခြေချကြသူတွေဟာ မိမိရဲ့ မိခင်နိုင်ငံနဲ့ မိမိအခြေချရာ နိုင်ငံနှစ်နိုင်ငံရဲ့ နိုင်ငံတည်ထောင်ရေး၊ လုပ်ငန်းမှာ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ဒီလိုဆိုရင် နိုင်ငံသစ်ကို ရောက်ရှိအခြေချခဲ့ကြတဲ့ ကချင်ဒီအပ်စပိုရာဟာ မိမိရဲ့မိခင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံနဲ့ မိမိ အခြေချရာနိုင်ငံ နှစ်နို်င်ငံရဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်ရမှာဖြစ်တယ်။ အမေရိကားက ကချင်တွေကတော့ အခွန်ဆောင်ခြင်း၊ မဲပေးခြင်းအားဖြင့် အမေရိကန် နိုင်ငံရေးကို ပံ့ပိုးပါတယ်။ ဒါပေမယ့် မိမိရဲ့ မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနို်င်ငံအပေါ်မှာ ဘယ်လောက်သစ္စာခံပါသေးသလဲ။ မိမိရဲ့သွေးချင်း ကချင်ညီအစ်ကို မောင်နှမတွေက မိခင်နေရပ် ကချင်ပြည်နယ်မှာ နိုင်ငံတော်ကို တော်လှန်နေချိန်၊ ကမ္ဘာတလွှားက ကချင်တွေဟာလည်း ကချင်အမျိုးသား အလံကိုတလူလူလွှင့်ထူပြီး တိုင်းရင်းသား အခွင့်အရေးရဖို့ တောင်းဆိုနေချိန်မှာ နိုင်ငံ (nation) နဲ့ အမျိုးသာနို်င်ငံ (nation-state) ဆိုတဲ့ အဓိပ္ဗယ်တွေကို ကချင်တွေဘယ်လို ခံယူသလဲဆိုတာ လေ့လာကြည့်ရအောင်။

March 28, 2013

ကချင်ဒီအပ်စပိုရာနှင့် ခေတ်သစ်မနုဿဗေဒအမြင် - Ja Maran (၁)

 ကချင်မနုဿဗေဒပညာရှင် ဂျာမရန် (Ja Maran) ရေးပြီး ခေတ်မောင်းဂျာနယ် တွဲ ၁၊ မှတ် ၁ မှာပါတဲ့ ပညာပေးဆောင်းပါးပါ။