Showing posts with label နန်းလွင်. Show all posts
Showing posts with label နန်းလွင်. Show all posts

November 13, 2013

အိမ်မက်ဆိုးမှာ…. နှစ်ရက်တာ - နန်းလွင်

နန်းလွင်
Nov 12, 2013

ကျမဆီကို ဗန်းမော် မြို့က သတင်းတွေ ဆက်တိုက် ၀င်တာ တစ်ပတ်လောက် ရှိပြီဖြစ်ပါတယ်။
အစကတော့  စစ်ပွဲ တွေပြန်ဖြစ်နေတယ်။ ဒုက္ခသည်တွေ ရှိနေတယ် ဆိုတာလောက်ကိုပဲကြားမိပါတယ်။ နောက် တော့အဲဒီဘက်က အဆက် အသွယ်များစွာနဲ့ ဖုန်းပြောဖြစ်ပြီး ရန်ကုန်မှာရှိတဲ့သတင်းအရင်းအမြစ်များနဲ့ စကားပြောမိပါတယ်။

ဒုက္ခသည် တစ်ထောင်ကျော် အစားရေစာပြတ်လတ်နေသည် ဆိုတဲ့သတင်းက ကျမ အတွက် တဖြေးဖြေး တုန်လူပ်ခြောက်ခြားစေခဲ့ပါတယ်။ ဗန်းမော်ကို ကျမ ကိုယ်တိုင် သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထိုအချိန်မှာ မန်စီမှာ ဘယ်လို အခြေအနေတွေ ရှိ လဲဆိုတာ ကျမ သေချာ မသိပါ။ နန့်လင်းပါရွာမှာ ဒုက္ခသည်ပေါင်း တစ်ထောင်ကျော်နဲ့ရွာသူ ရွာသား ငါးရာကျော် အစားရေစာ ပြတ်လတ်နေသည်မှာ ဆယ်ရက်ခန့်ရှိပြီ။ မန်စီထဲကရွာတွေ မှာ အစိုးရစစ်ကြောင်းတွေ ၀င်လို့ ရွာသားများ အထိတ် တလန့်နဲ့ ထွက်ပြေးနေရသည်ဟုသာ အကြမ်းဖျင်း ကျမ သတင်းရထားပါတယ်။ ကျမတို့ခရီးအတွက် မခွန်ဂျာက သူတတ်နိုင်သလောက် အစအစအရာရာကူညီခဲ့ပါတယ်။

May 08, 2013

လူထုခေါင်းဆောင်အတွက် ပါရမီဖြည့်သူများ - နန်းလွင်


ကုမုဒြာ

ရန်ကုန်၊ ဧပြီ ၂၄ - ပူပြင်းလှတဲ့ နေရောင် အောက်မှာ လမ်းမကြီးပျောက်သွား လောက်အောင် လူအုပ်ကြီးက နေရာယူ ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကားပေါ်ကဆင်းလိုက်တာနဲ့ တစ်ပြိုင် နက် ထောင်ချီတဲ့ လူအုပ်ကြီးဟာ အမေအမေ ဆိုပြီး သူမအနီးကို ရောက်ဖို့ ကြိုးစားကြပါ တယ်။ သူမနဲ့ လက်ဆွဲနှုတ် ဆက်ဖို့အရေး၊ ပန်းစည်းတစ်စည်း သူမ လက်ထဲရောက် ရေးအတွက် ကြိုးပမ်းကြ ပါတယ်။ သူမ ဘေးနှစ်ဖက်မှာတော့ မျက်မှန်အမည်းတပ် ထားပြီး တိုက်ပုံအင်္ကျီအဖြူ မြန်မာဝတ်စုံ ဝတ်ထားတဲ့ အမျိုးသားလေး ငါးဦးခန့်က လူအုပ်ကြီး သူမပေါ် ပိကျမသွားအောင် လက်တွေနဲ့ကာ၊ ကိုယ် ခန္ဓာနဲ့ တွန်းတိုက် ကာ ကာကွယ်ထားကြပါတယ်။ တောင်း ပန်ပါတယ်၊ လမ်းလေး နည်းနည်းပေးပါ လို့လည်း အဲသည်အမျိုးသား တွေက ပြည် သူတွေကို တောင်းပန်ပြီး လူအုပ်ကြီးကို လက် တွေနဲ့ တားကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သွားလိုရာနေရာ ကို ရောက်အောင် ကာကွယ်ပို့ဆောင်ပေး ကြပါတယ်။

April 26, 2013

"မြောက်ဖျား အိမ်မက် အသက်ဝင်တဲ့နေ့ " - နန်းလွင်


(စာဖတ်ပရိသတ်များလည်း အင်ဂွန်ဂျာဝါနည်းတူ ညီမလေး နန်းလွင်တို့ မြေးအဖိုးနှစ်ဦး အမြန်ဆုံစည်းဖို့ ဆုတောင်းခဲ့ကြမယ်လို့ ယုံကြည်ပါတယ်။ ငါတို့ရဲ့ ဆုတောင်းပြည့်ခဲ့ပြီ။ နန်းလွင် တယောက် အဖိုးနဲ့ ပြန်တွေ့ပြီ။ အဲဒီ သတင်းကြားခြင်း မပြာပြတတ်လောက်အောင် ဝမ်းသာမိတယ်။ အောက်ပါ ဆောင်းပါး ကို နန်းလွင် ခွင့်ပြုချက်နှင့် မျှဝေပါသည်။ အင်ဂွန်ဂျာဝါ)


နန်းလွင်
Apr 12, '13

လတ်ဆတ်သော လေရသည့်ကမ်းနားကို ရောက်တာနဲ့ တပြိုင်နက် သူမ အိတ်ကိုပစ်ချလိုက်သည်။
သူများတွေကို ဟေးကနဲမအော်ဟစ် …………………………………………………………………………….။
သူမ မျက်လုံးအစုံကိုမှိတ်လိုက်သည်။ အသက်ကို ခပ်ပြင်းပြင်းရူလိုက်သည်။ ဖေဖေသမီးပြန်ရောက်ပြီလို့စိတ်ထဲကနေ တိတ်တိတ်လေးပြောလိုက်သည်။

သူမ ပါးပေါ်ကိုမျက်ရည်များကျလာသည်။ မျက်ရည်များကို မသုတ်မိ လေတဖြူးဖြူးတိုက်နေသော ကမ်းစပ် ကလေများက သူမ ပါးပြင်ကို ထိတွေ့ကာ သူမမျက်ရည်များကို အလိုလိုခြောက်သွေ့သွားစေသည်။

ကမ်းနားကနေ ခပ်ဖြေးဖြေးလမ်းလျောက်လာရင်း လျောင်းတော်မှုဘုရားကိုသူမမြင်ရသည်။ ဘုရားဝင်းထဲ ကိုသူမ၀င်လိုက်ပြီး ခြံစည်းရိုးနားက ကျောက်စာတစ်ချပ်ကို သူမ ပွတ်သပ်ပြီးဖတ်လိုက်သည်။ခပ်မှိန်မှန်ဖြစ်နေသော အဖြူရောင် ကျောက်ပြားပေါ်မှာ  ဘုရားရဲ့အုတ်တံတိုင်းတခြမ်း လှူဒါန်းထားသည့်  အတွက်သူ ဖခင်နာမည် နှင့်မိခင် နာမည်မိသားစုကောင်းမှု လို့ရေးထိုး ထားတဲ့ စာသားရှိနေဆဲဖြစ်သည်။

ဘုရားမရှစ်ခိုးမိ သူမခပ်ဖြေးဖြေးလျောက်လာခဲ့သည်။ တဖြေးဖြေးနဲ့ မနောကွင်းနားရောက်လာသည်။ ကြီးမားလှသောမနောတိုင် ကြီးကို သူမ မော ကြည့် လိုက်သည်။ဖခင်အလွန်ချစ်သော နေရာ မနောပွဲ လုပ်တဲ့နှစ်တွေမှာ သူမတို့မောင်နှမတွေနဲ့ ဖခင်ပါ ၀င်ရောက်က ခဲ့သည် နေရာ။သူမနူတ်ခမ်းတွေပြုံးနေသည်။အချို့ အတိတ်များသည် တစ်ခါတရံတွင်ချိုမြိန်သည် မဟုတ်လား။

April 10, 2013

ရန်ငြိုးရန်စတွေ ကင်းခဲ့ပေမဲ့ ပြာပုံထဲကနေ အသစ်ပြန်စရမယ့် ဘဝတွေ - နန်းလွင်

Photo: AP
 နန်းလွင်
ကုမုဒြာ
ရန်ကုန် ဧပြီ ၂၉ 

မီးဘေးသင့် ယာယီဒုက္ခသည်စခန်း ပြုလုပ်ထားတဲ့ ဘုန်းကြီး ကျောင်းဝင်းအတွင်းက သီးသန့် တိုက်ခန်းငယ်ရဲ့ရှေ့မှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထိုင်နေပါတယ်။ သူမ ဘေးမှာ ဆော့ကစားနေတဲ့ ကလေးငယ် သုံးဦးကို ခပ်တွေတွေကြည့်နေသလို မျက်ဝန်းတွေထဲမှာတော့ မျက်ရည်တွေ ဝဲလို့နေပါတယ်။
“ဦးလေးက ရှိခိုးတောင်းပန်တယ်၊ ဗုဒ္ဓဘာသာအစစ်ပါလို့လဲ အကြိမ်ကြိမ် ပြောပါတယ်”လို့ ပြောပြီး ဆက်မပြောနိုင်ဘဲ ငိုပါတော့တယ်။

March 27, 2013

အမှန်တရား အတွက်နှလုံးသားဟာ အိပ်မွေ့ချထားခြင်းခံရတယ်



နန်းလွင်
မတ် ၂၆၊ ၂ဝ၁၃


နာကျင်မှု  ၀မ်းနည်းမှု အော်ဟစ်သံတွေ မတရားမှုတွေ အကြိမ်ကြိမ်ကြားရတယ်

နားတွေပိတ်ထားတယ်ကြားရပြန်တယ်။

စစ်ပွဲကိုရောက်တယ်။ တရားတယ် မတရားတယ် ယုံကြည်ချက် အတွက်လူသတ်တယ်။

အပြစ်မဲ့သူတွေသေဆုံးတယ်။
ပဋိုပက္ခတွေ အမုန်းတရားတွေ အညိုးတရားတွေ၊ ဆာလောင်မှုတွေ ၊ဒေါသတွေ ။လူစိတ်ပျောက်ဆုံးပြီး

လူသတ်တယ်။နှလုံးသားဟာ ရေရှည်မှာ တောင့်မထားနိုင်ခဲ့ဘူး။
စစ်ပွဲ၊ ပဋိုပက္ခ ၊သေဆုံးသူတွေ၊
သွေးသံရဲရဲတွေငိုကြွေးမှုတွေ

သတင်းတစ်ပုဒ်ကို အဆုံးသတ်လိုက်ယုံနဲ့ ပျောက်မသွားဘူး
အတင်းမေ့ထားလည်း မသိစိတ်ထဲမှာ ရှိနေတယ်

သူတို့ငိုတယ် ကိုယ် အပြင်မှာ မငိုမိပေမယ့်နှလုံးသားထဲက လိုက်ငိုတယ်။
သူတို့ နာကျင်တယ်။ကိုယ် ရင်ထဲမှာလည်း မသိစိတ်မှာ လိုက်နာကျင်တယ်။

နှလုံးသား ဘယ်ဘက်ခြမ်း က ဘယ်သူကိုမှ မယ်မယ်ရရ မချစ်ရသေးပေမယ့်
ဒီအလုပ်နဲ့ တင် တော်တော်နာကျင်နေပြီ နှလုံးသားက  ငိုကြွေးတတ်နေပြီ

အိမ်ပြန်ရောက်လို့ မျက်စိ မှိတ် ပြန်စဉ်းစားလိုက်ရင်ငိုကြွေးသံတွေနာကျဉ်းစွာ အော်သံတွေမတရားမှုတွေ
တန်းတူ မညီမျှမူတွေ
ခွဲခြားဆက်ဆံခံရမှုတွေ
အနိုင်ကျင့်ခံရတာတွေ
ယုံကြည်ချက်တွေရိုက်ချိုးခံရတာတွေ
အော်ဟစ်ညီးညူးသံတွေ
မပြီးဆုံးနိုင်သေးတဲ့စစ်ပွဲတွေ ။
အမြဲတစေလိမ်ညာနေတဲ့ လူတွေရဲ့စကားသံတွေ
အမြဲတစေ အလိမ်ညာခံနေရတဲ့ လူသားတွေရဲ့ စကားသံတွေ ။

ထုတ်ပြန်ချက်တွေ။အရေးပေါ်ကြေညာချက်တွေ ဖိနှိပ်ခံရမှုတွေ
ညဘက် အိပ်ခါနီး မျက်လုံးတွေ မှိတ်လိုက်တိုင်း မျက်ရည်က ကျလာတယ်။

ပဋိုပက္ခတွေကို အနီးကပ်မြင်ရတဲ့ ငါတို့နှလုံးသားတွေ နာကျင်လှပြီ
ငါတို့ ရင်တွေ ပေါက်ကွဲလုနီးနီးဖြစ်နေပြီ

 စိတ်တွေကိုတင်းထားခဲ့တယ်။
မျှတမှု လက်ကိုင်ထားလို့ စိတ်ထဲမှာတော့နာကျင်ရတယ်
လုပ်သက် လေးနှစ်ခွဲကျော်

ဒီ တစ်နှစ်ခွဲကာလ အတွင်းမှာပဲ
ဒုက္ခသည် စခန်းများစွာကိုရောက်ဖူးပြီ

ယုံကြည်ချက်နဲ့ မျှတမှုအတွက် စစ်ကို တိုက်နေတဲ့သူတွေနဲ့ အနီးကပ် ရှိခဲ့ဖူးပြီ
လူသေများစွာကိုမြင်ဖူးပြီ

ငိုကြွေးနေတဲ့ မျက်ဝန်းများ စွာကို ဆွံအစွာ နဲ့ထိုင်ကြည့်ဖူးပြီ
မိသားစုဆုံးရူံးသွားလို့ငိုကြွေးနေသူကို ကိုယ့်မျက်ရည်တွေ အတင်းထိန်းထားပြီး မေးမြန်းခဲ့ဖူးပြီ

အပြစ်မဲ့ကလေးတွေသွေးရဲ သံရဲနဲ့ သေဆုံးတာကို မြင်ရလို့ ထွက်ပြေးပြီး ငိုခဲ့ဖူးပြီ။
မီးပင်လယ်တွေကို မြင်ခဲ့ဖူးပြီ
ပြောရင်းဆိုရင်း ရင်ဘတ်ထဲက အောင့်အောင့်လာတယ်။

မြန်မာပြည်က ထွက်ပြေးချင်စိတ်ပေါက်လာတယ်။
ပဋိုပက္ခတွေကို မုန်းတီးလာတယ်။ `
ပဋိပက္ခဖြေရှင်း ချင်သူဖြစ်လာတယ်။ ငြိမ်းချမ်းရေးသမားကြီးလည်း ဖြစ်ချင်လာတယ်။
စေ့စပ်ညှိနိုင်းသူ ကြီးလည်းဖြစ်ချင်လာတယ်။
အရာရာကို စိတ်မရှည်တော့ပဲ အဆုံးသတ်ပေးချင်လာတယ်။

သတင်းထောက်အလုပ်ဟာ ကမ္ဘာ့ပေါ်မှာ စိတ်ဖိစီးမှုအများဆုံး အလုပ် အကိုင်ထဲမှာ နံပါတ် နှစ်ချိတ်တယ်။
သတ်သေမှု အများဆုံးအလုပ် အကိုင် ထဲမှာပါဝင်တယ်။

အသံတစ်ခုခုကြားတယ်။။  ရီကော်ဒါကိုကိုင်ထားမှရမယ်။ ကင်မရာကို ကိုင်ထားမှရမယ်။
အဲဒီနေရာကိုပြေးမှရမယ်။
တာဝန်ရှိတယ်။ အမှန်တရားရှိရတယ်။ မျှတမှုရှိရတယ်။ တိကျရမယ်
မမှားရဘူး။ ပြည်သူတွေ အမှန်တရားကိုသိရဖို့ အရေးကြီးတယ်
သန်းခြောက်ဆယ် သောပြည်သူတွေအတွက် အလုပ်လုပ်ရမယ်။

နှလုံးသား မနာကျင်ပါနဲ့ဦး မျက်ဝန်းတွေ မငိုပါနဲ့ဦး
နောက်ထပ် ပဋိပက္ခ မြင်ကွင်းတွေကို မြင်နိုင်ဖို့ အားမွေးပါဦးလို့ ကိုယ့်နှလုံးသားကို အားပေးတယ်။
နာကျင်နေတဲ့ နှလုံးသားလေးကို ခဏက အိပ်မွေ့ချထားတယ်။

အမှန်တရား အတွက်နှလုံးသားကို အိပ်မွေ့ချထားရတယ်

ပြည်သူတွေ အမှန်တရားကိုသိရဖို့ အရေးကြီးတယ်
သန်းခြောက်ဆယ် သောပြည်သူတွေအတွက် အလုပ်လုပ်ရမယ်။………….
ပြည်သူတွေ အမှန်တရားကိုသိရဖို့ အရေးကြီးတယ်
သန်းခြောက်ဆယ် သောပြည်သူတွေအတွက် အလုပ်လုပ်ရမယ်။…………………..

တစ်စုံတရာ ..အမှန်တရား အတွက်နှလုံးသားကို အိပ်မွေ့ချထားရတယ်
  

March 10, 2013

အဘိုး ကျန်းမာပါစေ

(ညီမလေး နန်းလွင်  အဘိုး ကချင်ဒူဝါကြီး နှင့် အမြန်ပြန် တွေ့ ရပါစေ  လို့ ဆုတောင်းပေးရင်း....)


နန်းလွင်
ဒီဇင်ဘာ ၂၀၊ ၂၀၁၂  


ကျမတို့ မိသားစုအကြောင်းပြောရင် ရှင်းရတာတွေများ လိမ့်မယ်။
ကျမ မှတ်မိသလောက် ဖေဖေရဲ့ အဖေ ကျမရဲ့ အဘိုး ကချင်ဒူဝါကြီးကနေစရလိမ့်မယ်ထင်တယ်။
 အဘိုး က ကျမတို့ အဘွားဖြစ်လာမယ့် ရှမ်းအမျိုးသမီးကို သိန္ဒီ မှာတွေ့ပြီး လက်ထပ်တယ်။

ဖေဖေအပါအ၀င် မောင်နှမ ရှစ်ယောက်မွေးတယ်။ ဖေဖေက ငါးယောက်မြောက်။
အဖိုး ဘာလို့ ရှမ်းအမျိုးသမီးကိုယူခဲ့လို့ကျမ ခဏခဏ စဉ်းစားတယ် ။ နောက်ကျမ သိန္ဒီရောက်မှသိတယ် အဲဒီက ရှမ်းမတွေက သိပ်လှတာကိုး အဲဒီခေတ်က ကချင်ဒူဝါကြီးတွေကိုရှမ်းမ ချောချောလေးတွေ ဆက်သလေ့ရှိတယ်လို့လည်းစာတွေမှာဖတ်ရတယ်။  အဖိုးက အဘွားရှမ်း အမျိုးသမီး ကိုယူခဲ့လို့ ဖေဖေတို့ မောင်နှမထဲမှာ ဘာသာနှစ်မျိုးကွဲတယ်။ အဘွားလိုမျိုး ဗုဒ္ဒဘာသာကိုးကွယ်တာရှိသလို အဘိုးကိုးကွယ်တဲ့ နှစ်ခြင်းခရစ်ယာန် ဘာသာကိုလည်း ကိုးကွယ်ကြတာရှိတယ်။

March 08, 2013

သူမ နဲ့ လွတ်မြောက်ခြင်း…( သို့) မလွတ်မြောက်ခြင်း


(မတ်လ ၈ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကို ဒီဝတ္ထုတိုလေးနဲ့ ဂုဏ်ပြုအပ်ပါတယ်။  ဒုက္ခသည်စခန်း အသီးသီးမှ ကချင်အမျိုးသမီးများအားလုံး မိမိနေရပ်သို့ အမြန်ပြန်နိုင်ကြပါစေ။ လွတ်မြောက်ခြင်းမရှိသေးသော အမျိုးသမီးအားလုံးလည်း လွတ်မြောက်ခြင်း ရကြပါစေ။ စားရေးသူ နန်းလွင်ဟာ ကချင်အမျိုးသမီး သတင်းထောက်၊ စာရေးဆရာမတဦး ဖြစ်ပါတယ်။)


နန်းလွင်

သူမရဲ့ မျက်ဝန်းတွေက တောက်ပ နေသည်။ သူမ ထိုင်နေတဲ့ မြက်ခင်းစိမ်း အဝေးတနေရာဆီကို လှမ်းကြည့်လိုက်ရင်မြင်နေရတဲ့ တောင်တန်းစိမ်းညိုညို များ လတ်ဆတ်သောလေ…အရာရာဟာ လှပနေတော့ သည်။  သူမ မျက်နှာကို မော့ထားလိုက်တော့ ကောင်းကင်ထက်က ကျလာသည့် နှင်းမှုန်လေးများ သူမ မျက်နှာကို ပွတ်တိုက်ကျီစယ်သွားသည်။
သူမပြုံးလိုက်သည်။ သူမလွတ်မြောက်လေပြီ။ သူမဒီတစ်ခါ တကယ်လွတ်မြောက်လေပြီ။
အလုပ်၊အချစ်၊မွန်းကျပ်ခြင်း၊နောင်တ၊သင်ခန်းစာ၊အတ္တ၊မာန၊ အရူံး၊အနိုင်၊ မျှော်လင့်ချက်များဆီမှ သူမလွတ်မြောက် လာပြီဖြစ်သည်။

ဖဲကြိုးဝါ.... မြောက်ဖျား အိမ်မက်...... သူ နဲ့  သူမ

(Wunpawng shayi sha langai rai nga ai, Nan Lwin ka da ai, short story (ဝတ္ထုတို)  re. Manu mana hti pyaw ai hte, Wungpawng mungdan shanglawt asuya hte Myen ni byin taw ai majan hte seng  nna ka da ai re majaw hti n-gun jaw la ga.)

(  မြန်မာအစိုးရတပ်နှင့် ကေအိုအေ စစ်ပွဲ ကိုအခြေပြု၍ ရေးထားသော ဝတ္ထုတို ဖြစ်ပါတယ်)



နန်းလွင်

(၁)

မနက်ခင်းတိုင်း ပြတင်းပေါက် အကုန်လုံးကို လိုက်ဖွင့်ပြီး ကမ္ဘာလောကကြီးကို မဂ်လာပါလို့ သူမ နူတ်ဆက်မိသည်။  ရေနွေးအိုးကို ပလက်ပေါက် တတ်ပြီးကော်ဖီဖျော် ဖို့ပြင်သည်။ ပြတင်းပေါက်ကနေ အိမ်ရှေ့ က ခိုတွေ လျှပ်စစ်ကြိုးပေါ်က ခိုတွေ …..ဓာတ်တိုင်မှာ နားနေတဲ့ခိုတွေကိုကြည့်သည်။ တစ်ခါတလေ လိုက်ပြီးရေတွက်နေမိပြန်သည်။