Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

October 18, 2017

မြန်မာ့နိုင်ငံရေး ဘင်္ဂါလီအရေးခင်းကြောင့် အမျိုးသားရေးဝါဒကြောင့် ညီညွတ်မှုအခွင့်အရေး ရရှိလာခြင်း


ဗိုလ်ထက်မင်း – ၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – ၇
(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၇ခြုံငုံသုံးသပ်ချက်(နိဂုံးချုပ်)
၇၁။ သုတေသနဆောင်းပါးရေးနေစဉ်မှာပင် မောင်းတောမြို့ ဘင်္ဂလီရပ်ကွက်အတွင်း မီးလောင်တဲ့ ဖြစ်စဉ်၊
ဘင်္ဂလားဒေရှ်ဘက်ခြမ်းက အစွန်းရောက်များက တွေကို လက်နက်တပ်ဆင်ပေးဖို့တောင်းဆိုတာ၊ ဘင်္ဂလားဒေ့ခ်ျက  မြန်မာပြည်မှ ထွက်ပြေးသူတွေဟာ အထောက်အထားမပြနိုင်လို့ အားလုံး လက်ခံဖို့တောင်းဆိုတာ၊ အမေရိကန်လွှတ်တော်ကြားနာပွဲမှာ US AID က လူသားချင်းစာနာမှုထောက်ပံ့ရေးတွေ ရခိုင်ဒေသခံတွေက လက်မခံတာကို တင်ပြတဲ့ ဖြစ်စဉ်၊ အကြမ်းဖက် ARSA က ငြိမ်းချမ်းရေးတွေ့ဆုံမှု စကားကမ်းလှမ်းတာ စတာတွေကြောင့် စိုးရိမ်နေရပြီး သတိထားကိုင်တွယ်ကာ ကျောခြင်းကပ် စည်းလုံးညီညွှတ်ဖို့ အထူးလိုအပ်ပါတယ်။

နောက်ပိုင်း လူသားချင်းစာနာစိတ်နဲ့ထောက်ပံ့ပေးမည့် NGO,INGO, UN, USAID တို့ဝင်ခွင့်ပြုရေး အတင်းအကျပ်တောင်း ဆိုလာဖို့ရှိသလို ထွက်ပြေးသူတွေ ပြန်လည်လက်ခံမည့်အစီအစဉ် ဆောလျင်စွာဆောင်ရွက်ဖို့ဖိအားပေး လာမည့်အပိုင်းမြင်မိပါတယ်။ အကြမ်းဖက် အာဆာအဖွဲ့ဟာ အနုနည်းလေသံပစ်ပေမဲ့ အကြမ်းဖက်လုပ်ဖို့ သင်တန်းတွေပေးနေပြီး ထိုးဖေါက်ဝင်ရောက်လာဖို့က ကြိမ်းသေပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ဖိအားပေးတာ အစိုးရက လက်မခံပါက စီးပွါးရေးပါ ပိတ်ဆို့မည့် အစီအစဉ်ရေးဆွဲနိုင်သလို အထက်ပါ လှုံ့ဆော်မှုတွေ ဖိအားတွေကနေ မခံမရပ်နိုင်ဖြစ်လာပြီး ဟိုဘက် သည်ဘက် အစွန်းရောက်အုပ်စုတွေရဲ့ မတည်မငြိမ် မင်းမဲ့စရိုက်တွေ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ကြိုတင်ပြင်ဆင်သင့်တဲ့ တင်ပြခဲ့ပါ အချက်အလက်များကို အောက်ပါအတိုင်း ခြုံငုံ တင်ပြလိုက်ပါတယ်။

(က) ပြည်သူလူထုကို ဘယ်လို စည်းရုံးပြီး ကွန်ယက်နဲ့ ပြည်သူ့စစ်မဟာဗျူဟာ ခင်းကျင်းရန် လို/ မလိုနဲ့ ခံစစ်စည်းတည်ဆောက်ရေး မဟာဗျူဟာစီမံချက်ချဖို့ ဆွေးနွေးဖို့ သင့်/မသင့် ဖြစ်ပါတယ်။
(ခ) နယ်စပ်ခြံစည်းရိုးတလျှောက် ခြံစည်းရိုး အမြန်ကာနိုင်ရေးနဲ့ ကားလမ်းဖေါက်လုပ်နိုင်ရေး ၊ ခြံစည်းရိုးအတွင်း လုံခြုံရေး တိုးမြှင့်ခြင်း၊ လုံခြုံရေးအထူးစောင်ကြပ်လိုတာက တချိန်ချိန်မှာ ထပ်ပြီးခိုးဝင်လာသူတွေကို ကင်မရာမှတ်တမ်း၊ သက်သေအထောက်အထားနဲ့ ရအောင်ဖမ်းပြီး ဘင်္ဂလားဒေရှ် နိုင်ငံကို ချက်ခြင်းပြန်လွှဲပြောင်းပေးဖို့  နိုင်ငံတကာသိအောင် သတင်းထုတ်ပြန်ဖို့ဖြစ်ပါတယ်။
(ဂ) စုစည်းရွာပုံစံမျိုး လုပ်နိုင်မလား၊ဒါမှမဟုတ် (ရခိုင်၊ ဟိန္ဒူ၊ မြို၊ ဒိုင်းနက်လူမျိုးစု) ရွာတွေနဲ့ သုံးချိုးတချိုး  ဖိုခနောက်ဆိုင် တည်ဆောက်ပေးမလား၊ တနည်းကတော့ ရခိုင်ပြည်နယ်နဲ့ တနလာင်္ရီတိုင်း ဒေသကြီးရဲ့  ကျွန်းကြီး တကျွန်းကို ပို့ထားပြီး ရေတပ်အခြေစိုက်စခန်းနဲ့ ကျွန်းပေါ်မှာ BGF၊ ရဲ၊ နယ်ခြားစောင့်ရဲ တို့နဲ့ ပူးတွဲထိမ်းမလား။ သန်းကောက်စာရင်းကောက်ယူခြင်းနဲ့ ဧည့်စာရင်းစစ်ဆေးတာကို လွှတ်တော်က လုံခြုံရေးအရ ကန့်သတ်  (ဧရိယာနဲ့ အချိန်) ထား ပြဌာန်းပေးမလား၊ ရွာမှာ စခန်းအုပ်ချုပ်မှု ကော်မတီနဲ့ ပြည်သူ့စစ်အဖွဲ့ ဆိုတာ ဖွဲ့စည်းပေးမလား စတာတွေဟာ ပြန်လည်လက်ခံရင် အစီအစဉ်များ စဉ်းစားနိုင်ဖို့ဘဲ ဖြစ်ပါတယ်။

(ဃ) နိုင်ငံတကာကတဲ့ ဇာတ်အတိုင်း လိုက်ကစားနေရတာမို့ တိုက်စစ်မျက်နှာစာဖွင့်ကစားက တပန်းသာနိုင်ပါတယ်။ ကိုဖီအာနန်ရဲ့အစီရင်စာအရ အကောင်အထည်ဖေါ်ကြောင်း ထင်ရှားစွာ စတင် လုပ်ဆောင်ပြသ သင့်တာကတော့ တိုက်ပွဲကာလမှာ အကြမ်းဖက်များနဲ့ မပူးပေါင်းဘဲ သစ္စာရှိစွာနဲ့နေထိုင်ခဲ့တဲ့ ဘင်္ဂလီရွာသားတွေထဲက ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအရ အကျုးံဝင်တဲ့ NVC ကဒ်ရ ဘင်္ဂလ်ီတွေကို (ဖြစ်နိုင်ရင် သိသာတဲ့အရေအတွက် ၁၀၀၀ လိုမျိုး) နိုင်ငံသားဖြစ်ခွင့် အမြန်ကဒ်ထုတ်ပေးလိုက်ပြီး တပြိုင်နက် နယ်စပ်ကိုလည်း တင်းကျပ်စွာ ပိတ်ထားလိုက် မလား၊ ရခိုင်ပါတီက လူများကို သြဇာရှိတဲ့ တပ်ချုပ်က ဖျောင်းဖျပေးဖို့လိုသလို အချိန်အကန့်အသတ်နဲ့ အရေအတွက် အတိုင်းအတာတခုသာပြီးရင် နောက်ပိုင်း Zero လိုင်းဆွဲ တင်းကျပ်ပေးမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောပေးမလား၊ လူသားချင်း စာနာစိတ် ပေးလိုတဲ့ UN,NGO, USAID,WFP တွေကို ပေးချင်ရင် တန်းတူပေးဖို့နဲ့  အကြမ်းဖက်သမားဆီ မရောက်သွားဖို့ ဘယ်လို ကတိကဝတ်တောင်းမလဲ။ ပြည်တွင်းက NGO အဖွဲ့နဲ့ ထိန်းဝင်ခံမလား၊ သူတို့ပြောမှ လုပ်တာထက် အစီရင်ခံစာအတိုင်း လုပ်နေတယ်ဆိုတာ လုပ်ကွက်ရှိရင် အပြစ်ရှာလို့ မရ သက်သာသွားမှာ ဖြစ်သလို နောက်ပိုင်းလုပ်တာကို ဖြေးဖြေးနဲ့မှန်မှန် သူတို့အခြေအနေစောင့်ကြည့်ရင်း အချိန်ဆွဲဆန့်လို့ရသွားနိုင်ပါတယ်။တန်ပြန် ထိုးစစ်အနေနဲ့ ဘင်္ဂလီအကြမ်းဖက် ARSA နဲ့ပတ်သက်နိုင်တဲ့ ARU အဖွဲ့ကို ပါ BLACK LIST ကြေညာသလို လိုအပ်ပါက Terrorist အဖြစ် ကြေညာမလား၊ နောက်ပိုင်း ပါကစ္စတန်ကိုပါ သတိထားဖို့လိုပြီးသူတို့ဆီက ဝယ်ထားတဲ့ JF-17 တိုက်လေယာဥင်္ကိစ္စကို ပြန်လည်သုံးသပ်ပြီး ဘယ်လိုဇာတ်လမ်းဖြတ်ကြမလဲ။စတာတွေဟာ ရန်သူလှုပ်ရှားမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ စဉ်းစား သုံးသပ်နိုင်ဖို့ဖြစ်ပါတယ်။

(င) မီဒီယာတုန့်ပြန်မှု အားနည်းနေရာ သတင်းစီစစ်ရေးအဖွဲ့က မြန်မြန်အတည်ပြုပြီးတာနဲ့ နိုင်ငံတကာသိအောင် အင်္ဂလိပ်လို ဘာသာပြန်တင်နိုင်ရေးအတွက် နေ့ဆိုင်းညဆိုင်း အလှည့်ကျ တာဝန်ခွဲဝေမှု ၊ ဇယားနဲ့ Stand By စောင့်သင့်ပါတယ်။ ပြည်တွင်းမီဒီယာကို အခါအားလျော်စွာ သုံးတာထက် များများသုံးသင့်သလို နိုင်ငံခြားမီဒီယာထဲက VOA, RFAနဲ့ အာရှတိုက်မှ မီဒီယာများကို ဖိတ်ခေါ်သုံးခြင်းဖြင့် နိုင်ငံတကာ ယုံကြည်မှူရစေပါတယ်။ ဒီနေရာမှာ ကက(ပြည်) ညွှန်မှူးကို ပြောချင်တာက သတင်းဦး သတင်းဖျား တင်တာဟာ မိမိလုပ်ဆောင်ချက် ကောင်းမွန်လို့ Credit ရ၊ အမှတ်တက်ဖို့ထက် နိုင်ငံတကာက ယုံကြည်မှု အပြည့်အဝရစေမည့် တတိယမီဒီယာအဖွဲ့အစည်းနဲ့ မြဝတီညှပ်ပြီး တင်ပေးလိုက်ရင် နိုင်ငံအတွက် အကျိုးရလဒ်ထွက်သွားတာက ပို မကောင်းဖူးလားဆိုတာ စဉ်းစားစေလိုတယ်။

၇၂။ စာရေးသူအနေနဲ့ အမျိုးသားရေးဝါဒီ၊ မျိုးချစ်တပ်မတော်အရာရှိများနဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ဘက် (၂) ဘက် အမြင်ပေါ် တိုက်တွန်း မေတ္တာရပ်ခံလိုတာက ဒီအချိန်ဟာ တပ်ချူပ်ပြောသလို အရေးကြီးပြီး ညီညွှတ်ရမည့်အချိန်ဖြစ်ပါတယ်။ ယခု … ခင်ဗျားတို့ကို စံနမူနာပြထိုးပြချင်တာက မူလကတိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ငြိမ်သက်ပေးတာ အလိုက်တသိ ပေးနေတာကိုက ကျေးဇူးတင်စရာဖြစ်သလို အတုယူဖွယ်ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲနေကြတာဟာ မိမိခေါင်းဆောင်တွေ အပေါ်သက်ရောက်မှူဖြစ်သွားနိုင်သလို ပြည်သူလူထုအဖို့ နေ့စဉ်ရုန်းကန်နေရတဲ့အထဲ စိတ်ဆင်းရအောင် လုပ်ပေးနေသလိုဖြစ်ပါတယ်။ ဖြစ်စဉ်အကျဉ်း တင်ပြရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုင်စွဲထားတာမို့ ပြီးခဲ့တဲ့ ခံစားမှုတွေကို သင်ပုန်းချေတဲ့အပြင် သူ့အောက်က တပ်ချုပ်ကို ဝေဖန်ခဲ့တဲ့ တပည့်ဖြစ်သူကိုတောင် မျက်နှာသာ မပေးဘဲ တပ်မတော်ဘက်ရပ်တည်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

၇၃။ လူမှုမီဒီယာမှာ စစ်မှုထမ်းဟောင်း ရဲကျော်သူရက ဒေါ်အောင်ဆန်းစုကြည်ရဲ့လိုလားချက်ဖြစ်တဲ့ Mind Set တွေပြောင်းဖို့ရန် သူ့ရဲ တိုက်တွန်းထားချက်ကို ကောက်နှုတ် ဖေါ်ပြပေးလိုက်ပါတယ်။

“မြန်မာ့နိုင်ငံရေးသမိုင်းမှာ stakeholder တစ်ခုဖြစ်တဲ့ တပ်မတော်ကို ဖယ်ထုတ် ပစ်လို့မရဘူး။ ဖယ်ထုတ်ပစ်ဖို့ ကြိုးစားလာရင် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ထိခိုက်ဖို့သာ ရှိမယ်။ ဒါ့ကြောင့် တပ်မတော်နဲ့ပူးပေါင်းလက်တွဲပြီး  တပ်မတော်ကို စည်းရုံးပါလို့ ခဏခဏ ပြောနေတာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကို နားလည်ဖို့ဆိုတာ တစ်ပါတီတို့ စစ်အာဏာရှင်တို့ဆိုတဲ့ စကားလုံးတွေနဲ့တင် မပြည့်စုံပါဘူး။ မြန်မာ့သမိုင်းတစ်ခုလုံးကို လေ့လာသင့်သလို တပ်မတော်ရဲ့ သဘောထား၊ တပ်မတော်ရဲ့စိုးရိမ်ပူပန်မှုတွေက ဘာတွေလဲ ဆိုတာလဲ သိအောင်ကြိုးစားသင့်တယ်။ ဒါတွေကို မချေဖျက်နိုင်သမျှ စစ်တပ်ရဲ့ပါဝင်စွက်ဖက်မှုဆိုတာ အလိုအလျောက် ပျောက်သွားမှာ မဟုတ်သလို အတင်းအဓမ္မလည်း လုပ်ယူလို့မရဘူး။ မြန်မာ့နိုင်ငံရေးဟာ သာမန်အာဏာရှင်စနစ်လွှမ်းမိုးမှုကို ခြေဖျက် ဖြိုချရမယ့် နိုင်ငံရေးမဟုတ်ဘူး။ အများစုဖြစ်တဲ့ ဗမာနဲ့ ကျန်တဲ့တိုင်းရင်းသားအားလုံးရဲ့ အမုန်းတွေကိုပါ ဖြိုချရမယ့်နိုင်ငံရေးဖြစ်တယ်။ Mindset တွေ attitude ပြင်ဖို့ဆိုတာ စစ်တပ်တစ်ခုတည်းလုပ်ရမယ့်အလုပ်လို့ သတ်မှတ်ထားလို့မရဘူး။ နိုင်ငံရေးသမားတွေရော တိုင်းရင်းသားတွေပါ အတူပြင်ဖို့ ကြိုးစားနိုင်မှသာ ခရီးဆက်လို့ရမှာ ဖြစ်တယ်။ ”

၇၄။ တပ်ချုပ်အနေနဲ့လည်း အမတစ်ယောက်လို ဒေါ်အောင်ဆန်းစုကြည်အား လေးစားပြီး အာဇာနည် အခမ်းအနားတွေ တက်ပေးခဲ့ကာ နိုင်ငံရေးစီးပွါးရေးအုပ်ချုပ်ရေး တော်တော်များမှာ မစွက်ဖက်ဘဲ အနေမှန်ခဲ့တဲ့ ပုံရိပ်တောက်ပတာမို့ မကြိုက်တာရှိခဲ့ရင် နားလည် သည်းခံပေးကာ ဘုံရန်သူကို ညီညွှတ်စွာ ရင်ဆိုင်သွားဖို့ လိုပါတယ်။ တိုင်းရင်းသားတွေတောင် နားလည်ပေးရင် ကျန်တဲ့သူတွေလည်း နားမလည်စရာ အကြောင်း မရှိဖူးလို့မြင်ပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို မညီညွှတ်ပါက ဖဲသဘောအရ ဒိုင်စား၊ ညီလေး စားပါလိမ့်မယ်။

ပိုကာဖဲဝိုင်းမှာ UN က အကောက်ကောက်၊ လက်မည်းကြီးတွေရဲ့ အုပ်စုတွေက ဖဲအိမ်အမျိုးမျိုးမှာ ထိုင်တဲ့ ဖဲသမားတွေလုပ်၊  ဖဲထုပ်ကို အခါခါချိုးပြီး သူတို့ဆီမှာ ဂျိုကာတွေရအောင် စီစဉ်ထားသလို အပေါ်အိမ်တွေကနေ ဖဲများကို အောက်အိမ် မြန်မာအိမ်ကို ပစ်ပြီးညစ်ကစားနေကြပါတယ်။ တက်ဖဲဆိုတာက မျှော်လင့်ချက် ဂျိုကာ မရနိုင်တော့သလို အသေပစ်ဖဲများနဲ့ ပိတ်နေပြီး လိမ့်နေအောင် ခံရပေမဲ့ နောက်ဆုံးမှာ လက်မည်းကြီးတွေ ဘယ်လိုပဲ အသေဖဲ ပစ်ချပစ်ချ၊ အဲဒီအသေဖဲကိုဘဲ ဒေါ်အောင်ဆန်းစုကြည်က ကောက်စားပြီး ပိုကာဒေါင်းသွားပါလိမ့်မယ်။

၇၅။ နိဂုံးချုပ်အနေနဲ့ စာရေးသူ အလေးအနက်တင်ပြချင်တာက စစ်အာဏာရှင်ဦးနေဝင်းနဲ့ ဦးသန်ရွှေတို့ရဲ့ သမီးတွေလာရင် စစ်ဖက်နယ်ဖက်အရပ်သား ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ ဂါရာဝပြု အရိုအသေပေးခဲ့ကြတာမို့  သူတို့တွေရဲ့သမိုင်းကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းသားအဖတွေရဲ့ သမိုင်းကြောင်းသန့်ရှင်းမှုဟာ ဆီနဲ့ရေလို ကွာခြားတာကြောင့် ဒီမိုကရေစီဘက်တော်သားများနဲ့ အမျိုးသားရေးဝါဒီ၊ တပ်မိသားစု အသိုင်းအဝိုင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိဗိုလ်ချုပ်မှုးကြီးတို့အပေါ်  အပြစ်တင်ရှုတ်ချနေမည့်အစား ယခင် စစ်အာဏာရှင်တွေရဲ့သမီးတွေ အပေါ်ထားရှိတဲ့ (ကြောက်စိတ်အခြေခံတဲ့) ဂါရဝတရားရဲ့  ၅၀% သာသာ ထားမယ်ဆိုပါက စည်းလုံးခြင်းရဲ့အင်အားစုတရပ် ပေါက်ဖွားလာကာ ရခိုင်၊ဘင်္ဂလီအရေး အောင်မြင်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ   မြန်မာနိုင်ငံကို ပြိုကွဲသွားစေမည့် ပြင်ပနိုင်ငံတွေ အသုံးချတာမျိုးနဲ့ အမျိုးသားရေးဗန်းပြ သွေးထိုးမြောက်ပင့်တာမျိုး သူတိုရဲ့သမိုင်း အမဲစက်ဖြစ်ခံပြီး ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ကြောင်း တင်ပြလိုက်ရပါတယ်။
.
..................................
ဗိုလ်ထက်မင်းဆောင်းပါးများ မိုးမခ မှ ဖတ်ရန်..လင့်ခ် (Click Here)

October 09, 2017

ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ တိန့်ရှောင်ဖိန့် (တရုပ်ခေါင်းဆောင်) လုပ်ဆောင်ချက်ကို သုံးသပ်ကြည့်ခြင်း..


သမိုင်းဆိုတာ မအ ဖို့ လို့ ဒေါက်တာသန်းထွန်း ကပြောပါတယ်။ 
၁၉၇၇ မှာ တရုပ်ပြည် တိန်ရှောင်ဖိန့် ခေါင်းဆောင်ပြန်ဖြစ်လာတယ်။ ၈၇ အထိ ၁၀နှစ်ကြာ ပြုပြင်ပြောင်းလဲချိန် ယခု မြန်မာနိုင်ငံလိုပဲ ခရိုနီတွေ အကြီးအကျယ် မြူးကြွလာတယ်။ ၁၉၈၈ မြန်မာပြည် ရှစ်လေးလုံးအရေးတော်ပုံ နှိမ်နင်းခံရပြီး၊ ၁၉၈၉ တရုပ်ပြည် အရေးအခင်းကြီးလဲ နှိမ်နင်းခံရတယ်။ ဒီတော့မှ တိန်ရှောင်ဖိန့် ကွန်မြူနစ်ပါတီ လူသန့်စင်ရေး အောင်မြင်စွာလုပ်နိုင်ပြီး လမ်းမှန်ကို ချီတက်နိုင်ပါတယ်။ 
.
မြန်မာပြည်တော့ ၁၀နှစ်မကြာပါဘူး။ ၅နှစ် သမ္မတဦးသိန်းစိန်လက်ထက် ခရိုနီမြူးကြွတဲ့ခေတ်ကနေ ရုတ်တရက် (အာဏာရှင်ဟောင်းကြီး.ဦးသန်းရွှေ မျက်ပါးစူးလို့ထင်ပါရဲ့)။ ကြံခိုင်ရေးအစိုးရက ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်အယ်ဒီပါတီ ကို အာဏာလွှဲပေးလိုက်ရတယ်။ မြူကြွချင်တဲ့ အင်အယ်ဒီများစွာ ရှိနေကြတယ်။ 
.
(ဦးမောင်မောင်စိုး) ဆောင်းပါးမှာ ၁၉၇၇ တရုပ်ခေါင်းဆောင်ကြီး မော်စီတုန်း သေဆုံးတော့ လေးဦးဂိုဏ်းက တိန့်ရှောင်ဖိန့်ကို ရှင်းဖို့လိုက်ရှာချိန် တပ်မှုးကြီးတွေက ကာကွယ်ပေးထားကြောင်း၊ မော်စီတုန်း က တရုပ်နိုင်ငံကြီးမှာ သူ့တပည့် အထူးသဖြင့် ဇနီးချန်ချင်းတို့ လေးဦးဂိုဏ်း တွေ လမ်းလွဲနေကြတာ သိနေသော်လဲ ဖယ်ရှားဖို့ သူ မလုပ်နိုင်ဘူး၊ ထက်မြက်တဲ့ တိန့်ရှောင်ဖိန့်ကို ပြန်ခေါ်ပြီး အစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ်ခန့်တယ်။ လေးဦးဂိုဏ်းက အပြစ်ရှာပြီး ဖြုတ်ပေမဲ့ မော်စီတုန်းက ကွန်မြူနစ်ပါတီမှာပဲ ဆက်ထားတယ်။ မော်စီတုန်းနေရာ ဆက်ခံတဲ့ ဟွကိုဖုန်း နဲ့ လေးဦးဂိုဏ်းတွေ အာဏာပြိုင်ရာမှာ တနှစ်အတွင်း လေးဦးဂိုဏ်း ဖယ်ရှား၊ ဖမ်းဆီးခံလိုက်ရတယ်။ တိန့်ရှောင်ဖိန့်က အရေးပါတဲ့ ရာထူးတွေ မယူပဲ သူ့ကိုကာကွယ်ပေးတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဗဟိုစစ်ကော်မရှင် ရဲ့ ယုံကြည်စိတ်ချမှုကို ဆက်လက်ရယူထားပါတယ်။ 
.
တရုတ်ကွန်မြူနစ်ပါတီ၏ အပြောင်းအလဲများကတော့ ဥက္ကကြီးမော် ယုံကြည်စိတ်ချ သည်ဆိုတဲ့ ဟွကိုဖုန်းလည်း နေရာဖယ်ပေး ရပြီး သာမန်ဗဟိုကော်မတီဝင်တဦးဖြစ်သွားခဲ့တယ်။ ပါတီစဖွဲ့ကထဲက ဥက္ကဌ စနစ်ဖြင့် ဖွဲ့စည်းခဲ့သော တရုတ်ပါတီသည် အထွေထွေအတွင်းရေးမှူး ဦးစီးတဲ့စနစ်သို့ပြောင်းသွားတယ်။ ပထမဆုံးအတွင်းရေးမှူးအဖြစ် ဟူရောက်ပန်း ဖြစ်လာခဲ့တယ်။ တိန့်ရှောက်ဖင်ကတော့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ဖြစ်လာပြီး အာဏာဆိုတာ သေနပ်ပြောင်းဝ ဆိုစကားကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ 
.
စာရေးသူ ဘိုဘိုကျော်ငြိမ်း ကလည်း တိန့်ရှောင်ဖိန့်ကို မွေးခဲ့တာ ဥက္ကဌကြီး မော်စီတုန်းကိုယ်တိုင်ဖြစ်ကြောင်း တရုပ်ပြည် ပြုပြင်ပြောင်းလဲမှုများအကြောင်း သုံးသပ်တင်ပြ ရေးသားထားတာ တွေ့ရပါတယ်။ 
.
ဗိုလ်ကျော်ဇော နဲ့သမီးဖြစ်သူ လှကျော်ဇော ရေးတဲ့ စစ်အာဏာရှင်စနစ်ရဲ့သားကောင်များ ဆောင်းပါးမှာလဲ ဦးနုခေတ်က ဆိုရှယ်လစ်များ နဲ့ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်နေ၀င်း တို့ရဲ့ အာဏာရှင်စိတ်ဓါတ်များကြောင့် စစ်ဗိုလ်ကောင်းများ တဖြေးဖြေးဖယ်ရှားခံရပြီး နောက်ဆုံး မြန်မာနိုင်ငံဟာ ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေ စတဲ့ စစ်အာဏာရှင်စနစ်ထဲ ကျရောက် ဆင်းရဲ မွဲတေ ပျက်စီးသွားခဲ့ကြောင်း သမိုင်းအစစ်အမှန်ကို တင်ပြထားပါတယ်။
.
မြန်မာပြည်မှာတော့ စစ်ခေါင်းဆောင်ကောင်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက် ဗိုလ်ကျော်ဇော ဆိုသူတစ်ဦး ပေါ်ထွန်းခဲ့ဖူးပါတယ်။ မြန်မာပြည်ကို ကျူးကျော်လာတဲ့ တရုပ်ဖြူများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ပြီး နိုင်ငံရေးစိတ်မ၀င်စားသူ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဦးနုလက်ထက် နိုင်ငံရေးသမားများကြောင့် စစ်ခေါင်းဆောင်ကောင်း ဗိုလ်ကျော်ဖော ပထမဆုံး ရှင်းလင်းဖယ်ရှားခံလိုက်ရပါတယ်။ ဗိုလ်နေ၀င်း အာဏာရလာတော့ ဒီမိုကရေစီကို ထိန်းသိမ်းချင်တဲ့ စစ်ခေါင်းဆောင်ကောင်းများ တပ်မှူးကြီးများဖြစ်ကြတဲ့ ဗိုလ်မှူးကြီးကြည်မောင်(နောက်ပိုင်း NLD-ဦးကြည်မောင်)၊ ဗိုလ်မှူးကြီးတင်မောင် (စာရေးဆရာ မြတ်ထန်) စသည်တို့ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ကောင်း မဟုတ်ပေမဲ့ ဗိုလ်နေ၀င်းကို အတိုက်ခံလုပ်မဲ့ ဗိုလ်အောင်ကြီး လို တပ်မှုးကြီးများ များကိုလဲ ဖယ်ရှားခဲ့ပြီး စစ်အာဏာရှင်စနစ်ကြီး ခိုင်မြဲသွားခဲ့ပါတယ်။
.
.
လက်ရှိမြန်မာနိုင်ငံ
မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ဗိုလ်သန်းရွှေ ကို (မနှိုင်းယှဉ်အပ်ပေမဲ့) မော်စီတုန်း ကဲ့သို့ သဘောထားရင်၊ ဗိုလ်သိန်းစိန်ကတော့ သူယုံကြည်စိတ်ချရသူအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ တိန့်ရှောင်ဖိန့် ကဲ့သို့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။ တပ်မှုးကောင်းများကို ရွေးချယ်ဖို့ ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်တပ်သန့်စင်ရေး လုပ်ပြီး ဗိုလ်ချုပ်ကြီးများစွာကို ဂရက်ဂျူတီ (အငြိမ်းစားဆုကြေး ကျပ်သိန်းထောင်ပေါင်းများစွာပေးပြီး) ရွေးကောက်ပွဲဝင်စေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကတော့ မြန်မာ့သမိုင်းကြီးတခုလုံးမှာ အလှည့်အပြောင်းကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီ အပြတ်အသတ် အနိုင်ရရှိ၊ အာဏာလွှဲပြောင်းရယူသွားပါတယ်။ အာဏာရှင်တွေရဲ့ တပ်မတော်ကတော့ ၂၅% လွှတ်တော် နဲ့ အစိုးရရဲ့ အရေးပါဆုံး လက်နက်ကိုင်များကို အခြေခံဥပဒေနဲ့ စွဲကိုင်ထားပါတယ်။ လက်ရှိ ပကတိအခြေအနေ ဖြစ်ပါတယ်။ 
.
တရုပ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တိန့်ရှောင့်ဖိန့်က စစ်ခေါင်းဆောင်ကောင်းများ (တပ်မှုကြီးများ) ရဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ ယုံကြည်မှုရရှိပြီး အောင်ပန်းဆင်ခဲ့သလို မြန်မာနိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် မြန်မာ စစ်ခေါင်းဆောင်ကောင်းများရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု ရရှိအောင် နည်းမျိုးစုံနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတာလည်း အခွင့်ထူးကြီး ဖြစ်နေပါတယ်။ တားဆီးမဲ့ လူတွေကတော့ စစ်ဝါဒီ စစ်ခေါင်းဆောင်များနဲ့ အင်အယ်ဒီက စစ်ဝါဒီစတိုင် ခေါင်းဆောင်များပဲ ဖြစ်ပါတယ်။ 
.
ဘာပဲဖြစ်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ DASSK is DASSK ပါပဲ။ မနှိုင်းယှဉ်အပ်ပေမဲ့ သုံးသပ်တင်ပြရခြင်းဖြစ်လို့ နားလည်ခွင့်လွှတ်စေလိုပါတယ်။ တရုပ်နိုင်ငံနဲ့ မြန်မာနိုင်ငံ တူမှမတူပဲကိုး။  စာရေးသူအနေနဲ့ မြန်မာပြည်ရဲ့ တိန့်ရှောင်ဖိန့်က တော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါစေ..လို့ပဲ ဆုတောင်း မျှော်လင့်ရနေရပါတယ် ခင်ဗျား.။
.
ဇာနီကြီး
၁၀.အောက်တိုဘာ.၂၀၁၆

August 29, 2017

မောင် တောဒေသ၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက တိုက်ခိုက်မှုများ သြဂုတ်.၂၀၁၇



မောင်တောဒေသရှိ လုံ ခြုံရေးရဲကင်းနှင့် ရဲစခန်း စုစုပေါင်း၃၀ ကို အစွန်းရောက် ဘင်္ဂါလီ အ ကြမ်းဖက်သမားများက တစ်ပြိုင် တည်းတိုက်ခိုက်မှုကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်း တစ်ဦး ကျဆုံးပြီး ကျန်းမာရေး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန် သည်။

မောင်တောမြို့ပေါ်အပါအဝင် မောင် တောဒေသ၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရာ အရပ်သားငါးဦး သေဆုံးကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။
သြဂုတ် ၂၅ ရက်တွင် အကြမ်း ဖက်သမားမျာ၏ တိုက်ခိုက်မှု ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာထမ်းတစ်ဦး အသက်ဆုံး ရှုံးခဲ့သည်။ အကြမ်းဖက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမား ၇၇ ဦးကို အသေဖမ်းဆီးရ မိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့ ကြောင်း ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ထပ် မံ၍ အရပ်သားငါးဦး သေဆုံးခဲ့ ပြီး အကြမ်းဖက်သမားသုံးဦး အ သေရရှိခဲ့ကြောင်း ဩဂုတ် ၂၆ ရက် ည ၉ နာရီထိ ထုတ်ပြန်ချက် များတွင် ဖော်ပြသည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပါအဝင် ပါတီခေါင်းဆောင်များသည် ဩဂုတ် ၉ ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် နေ ပြည်တော်၌ တွေ့ဆုံစဉ် ရခိုင် ဒေသလုံခြုံရေးကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ရာ ဩဂုတ် ၉ ရက် တွင် တပ်မတော်သားအများအ ပြားကို ရခိုင်ဒေသသို့ စေလွှတ်ခဲ့ သည်။
ရခိုင်အမျိုးသားပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သည် အစိုးရ ဖွဲ့စည်းပေးထားသည့် ကိုဖီအာ နန် ခေါင်းဆောင်သော ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကိုလည်း ကန့်ကွက်ထားသည့် ပါတီများဖြစ်သည်။
မောင်တောမြို့နယ် ကျေးလက်ဒေသများတွင် ပိတ်မိ နေသူများနှင့် ဌာနဆိုင်ရာဝန်ထမ်း များအတွက် လိုအပ်သော စားနပ် ရိက္ခာများကို ရဟတ်ယာဉ်များ ဖြင့် သယ်ယူပို့ဆောင်ပေးနေပြီး စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေ ရေး တာဝန်ရှိသူများက စီစဉ်ပေး မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုကပြောသည်။
မောင်တောဒေသတွင် လူဦး ရေ ရှစ်သိန်းသုံးသောင်းကျော်ရှိ ရာ ဘင်္ဂါလီလူဦးရေ ခုနစ်သိန်းခွဲ ကျော်ရှိပြီး စုစုပေါင်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။


အကြမ်းဖက်ခေါင်းဆောင် ဘင်္ဂလားဒေ့ခ်ျ ဆေးရုံတွင် သေဆုံးသတင်း



ငြိမ်းချမ်းရေးသတင်း

မြန်မာအစိုးရ၏ ဖိတ်ကြားမှုဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လေးရက်ကြာ လြာရောက်မည်ဟု ပုပ်ရ ဟန်းမင်းကြီး၏ ဗာတီကန်နန်းတော်နှင့် တစ်ကမ္ဘာလုံးရှိ ကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ်များက ဩဂုတ် ၂၈ ရက်တွင် တရားဝင်ကြေညာသည်။ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် မြန်မာနိုင်ငံမှတစ်ဆင့် နိုဝင် ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက် အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆက် လက်သွားရောက်မည်ဟု ဗာတီ ကန်နန်းတော်က ကြေညာထား သည်။.
.
ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ်အရေးအခင်းကို တပ်မတော်မှ ထိမ်းသိမ်းပေးရန် အဆိုရှုံးနိုမ်သွားသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း များတွင်လည်း တပ်မတော် ၀င်ရောက်ထိမ်းသိမ်းမှုကို လွှတ်တော်မှ မထောက်ခံခဲ့သော်လည်း၊ စစ်ရေးသည် တပ်မတော် လက်ထဲတွင်သာ ရှိနေဆဲ ဖြစ်သည်။ ရခိုင်ဒေသခံများက အတူယှဉ်တွဲ မနေထိုင်လိုပဲ ဘင်္ဂါလီများကို ရခိုင်ပြည်နယ်မှာ အပြီးထွက်ခွာရန်သာ လိုလားကြသည်။ ကမ္ဘာ့ အရေးအခင်း ဖြစ်လာပါသည်။
End...



August 20, 2017

မြန်မာစစ်တပ် သြဇာကြီးမားနေကြောင်း အမေရိကန်စစ်သံမှုးဟောင်း၏ ဆောင်းပါး


ပြုပြင်ပြောင်းလဲရေး ဆက်လက် ဖေါ်ဆောင်ရန် တပ်မတော်က အဓိက သော့ချက် ဖြစ်နေဟု အမေရိကန် စစ်သံမှုးဟောင်း ပြော
===================
(ယခုဖေါ်ပြမည့် ဆောင်းပါး ကို မြန်မာနိုင်ငံတွင် စစ်သံမှုး အဖြစ် ၂၀၁၂-၁၅ တာဝန်ထမ်းဆောင်သွားသူ အမေရိကန် ကြည်းတပ်မှ ဗိုလ်မှုးကြီး ၀ီလျံ စီ ဒစ်ကီး နှင့် မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး ဌာန၏ ပစိတ်ဖိတ် ဖိုရမ် မှ ဦးနေရန်ဦး တို့ ပူးတွဲ ရေးသားထားမှုကို Nikkei Asian Review တွင် "Myanmar military holds key to further reform" ခေါင်းစဉ် ဖြင့် ဖေါ်ပြထားခြင်း ဖြစ်သည်)
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်စွာ ဖြစ်ထွန်းရေး အတွက် ရင်ဆိုင်ရမည် များပြားလှစွာသော စိမ်ခေါ်မှုများထဲတွင် ခိုင်မာသော နိုင်ငံတော် အဖွဲ့အစည်းများ ပေါ်ထွန်းရေး၊ စီးပွားရေးကို အသွင်ပြောင်းလဲ ပြစ်ရေး၊ တိုင်းရင်းသား လူမျိုးစုများနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး တို့ ပါဝင်နေပေသည်။ ပြုပြင် ပြောင်းလဲရေး များ ရှေ့ရှောက် ပြုလုပ်ရာ လမ်းတွင် ကြီးမားလှသော အခက်အခဲ တရပ် အဖြစ် ရှိနေသည့် တပ်မတော်၏ အခန်းကဏ္ဍ နှင့် ယှဉ်လျင် အဆိုပါ တာဝန်ကြီးများက မပြောပလောက်သည့် အနေအထားကို ရောက်ရှိသွားခဲ့ရပေသည်။
မြန်မာနိုင်ငံတွင် တပ်မတော်သည် သြဇာ အာဏာ အရှိဆုံး အဖွဲ့အစည်းတခု အဖြစ် တည်ရှိနေသည်။ နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ကြသောကြောင့်လည်း နိုင်ငံရေး နှင့် စီးပွားရေးတို့တွင် ခြေကုပ်ရယူထားပြီး ဖြစ်နေပေသည်။ ပါလီမန် တွင် နေရာများ ရယူထားခြင်း၊ ၀န်ကြီးဌာန သုံးခုကို ထိမ်းချုပ်ထားခြင်း၊ ကာကွယ်ရေး ဦးစီးချုပ်အား မည်သူကမျှ ထိမ်းချုပ်နိုင်ခွင့် မရှိခြင်း၊ အရေးပေါ် အခြေအနေတွင် နိုင်ငံ အာဏာကို လွှဲပြောင်းရယူနိုင်ခြင်း အစရှိသည်တို့ ပါဝင်နေသည်။
တပ်မတော်အနေဖြင့် နိုင်ငံရေးတွင်မပါဝင်ပဲ အရပ်သား အုပ်ချုပ်မှုအောက်တွင် ရှိပြီး နိုင်ငံတကာ စံနှုန်း များကို လေးစားလိုက်နာသော အဖွှဲအစည်း တရပ် ဖြစ်လာရေးသည် နိုင်ငံတွင်း ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်မှုတွင် အရေးပါသော နေရာမှ တည်ရှိနေပေသည်။ သို့မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်မှု ရရှိလာစေပြီး နောက်ဆုံးတွင် စစ်တပ်မှ ဦးဆောင်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အား ပြုပြင်ပြောင်းလဲရေး များ ဖြစ်ပေါ် လာပေမည်။ ထို့ အတွက် မြန်မာ အစိုးရ အထူးသဖြင့် နိုင်ငံ ခေါင်းဆောင် တဦးကဲ့သို့ ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာစစ်တပ်အား ပရိုဖက်ရှင်နယ် တပ်မတော် အသွင် ပေါ်ထွန်းလာစေရေး ကူညီလေ့ကျင့်ပေးရန် အမေရိကန်၏ အကူအညီကို ရယူသင့်ပေသည်။
အမေရိကန် အနေဖြင့် ၂၀၁၃ တွင် မြန်မာနှင့် သံတမန် ဆက်ဆံရေး အပြည့်အ၀ ပြန်လည်ထူထောင်ခဲ့ပြီး စီးပွားရေး ဒဏ်ခတ်မှု အားလုံးနီးပါးအား ဖယ်ရှားပေးခဲ့ပြီ ဖြစ်သော်လည်း အမေရိကန် ကွန်ဂရက်မှ ပြဌာန်းထားသော မြန်မာပြည်ဆိုင်ရာ ဥပဒေများကြောင့် အမေရိကန် စစ်တပ်အနေဖြင့် မြန်မာ တပ်မတော်နှင့် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်နိုင်ခွင့် မရ ဖြစ်နေရပေသည်။ ထိုအထဲတွင် မြန်မာတပ်မတော်အား အကူအညီပေးရေး နှင့် စစ်တပ်အသွင် ပီသအောင် အရာရှိများကို ပညာပေးရေးတို့ ပါဝင်နေသည်။ ၂၀၀၈ ခုနှစ် တွင် ပြဌာန်းခဲ့သော JADE (Junta Anti-Democratic Efforts) ဥပဒေတွင် မြန်မာ စစ်တပ်အား စစ်ရေး လေ့ကျင့် သင်တန်း များ ပေးရန် အစိုးရ ရံပုံငွေ သုံးစွဲခြင်းအား တိတိကျကျ တားမြစ်ထားသည်ကို တွေ့ရသည်။
ထိုကဲ့သို့ အခက်အခဲများ ရှိနေသော်လည်း မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့် ပင်တဂွန် နှင့် နီးနီးကပ်ကပ် စစ်ရေး အရ ဆက်ဆံသွားရန် လိုလားနေကြသည်ကို တွေ့ခဲ့ရသည်။ ၂၀၁၂ ခုနှစ်မှ စ၍ တပ်မတော်မှ လူ့အသက် အန္တရာယ် မထိခိုက်နိုင်သော နယ်ပါယ်များ ဖြစ်သည့် ဆေးပညာ နှင့် ပရိုဖက်ရှင်နယ် စစ်တပ် ဖြစ်ပေါ်ရေး ပညာပေး အစီအစဉ်များ ကူညီလေ့ကျင့်ပေးရန် အမေရိကန် အား ချည်းကပ်ခဲ့ကြပြီး ဖြစ်သည်။ လက်ရှိ အမေရိကန် ဥပဒေများအရ အမေရိကန် အနေဖြင့် ထိုကဲ့သို့ မပြုလုပ်ရန် တားမြစ်ထားသော်လည်း မြန်မာနိုင်ငံ၏ အရပ်သား အစိုးရမှ သံတမန် လမ်းကြောင်းမှ တဆင့် တရားဝင် အကူအညီ တောင်းလာပါက ကွန်ဂရက်မှ ကောင်းမွန်စွာ လက်ခံ စဉ်းစားပေးကောင်း ပေးနိုင်ပေမည်။
နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခင် အမေရိကန် အစိုးရ လက်ထက်မှာကဲ့သို့ တက်ကြွမှု မရှိတော့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အ၀ါသည် ၀ါရှင်တန် တွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်၍ သူမအနေဖြင့် အချို့မူဝါဒ များကို ချွင်းချက် ဖြင့် ခွင့်ပြုပေးရန် တောင်းဆို၍ ရနိုင်ပေသည်။ ရခိုင်ကိစ္စတွင် နာမည်ပျက်မှု အချို့ ရှိခဲ့သော်လည်း သူမ အနေဖြင့် ကွန်ဂရက်၏ ထောက်ခံမှု ရရန် စည်းရုံးနိုင်သော သြဇာ အာဏာ ရှိနေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ရီပါတ်ဘလီကင် ဆီးနိတ် လူများစု ခေါင်းဆောင် မစ်ခ်ျ မက်ကွန်းနဲလ်မှ နိုင်ငံခြားရေး ၀န်ကြီး ရက်စ် တီလာဆန် နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ရာတွင် Don't forget about Burma ဟု ပြောခဲ့ပေသည်။ တီလာဆန် ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဂျွန်လ ကုန်ပိုင်းက တယ်လီဖုန်း ဖြင့် စကားပြောခဲ့ပြီး ယခုနှစ် အကုန်ပိုင်းလောက် အမေရိကန်ကို လာပါရန် ဖိတ်ကြားခဲ့ပေသည်။
အမေရိကန် အနေဖြင့် လည်း မြန်မာ အနေဖြင့် ၎င်းတို့အကူအညီတောင်းသည့် ကိစ္စများအား ကူညီရန် သင့်လျော်သော နိုင်ငံ ဖြစ်နေပြန်သည်။ ထို့အပြင် အမေရိကန်၏ Expanded International Military and Education Training (E-IMET) အစီအစဉ် ရံပုံငွေ ဖြင့် နိုင်ငံပေါင်းများစွာကို အကူအညီပေးခဲ့သည့် အတွေ့အကြုံများ ရှိခဲ့ပြီးလည်း ဖြစ်သည်။ ထိုအစီအစဉ်များတွင် ကာကွယ်ရေး အရင်းအမြစ်များကို သင့်လျော်စွာ စီမံခန့်ခွဲ သုံးစွဲနိုင်ရေး၊ နိုင်ငံတကာ မှ အသိအမှတ်ပြုထားသော လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ စစ်ဖက်တရားစီရင်မှု တိုးတက်လာရေး၊ စစ်ဖက်ကို အရပ်သား ထိမ်းချုပ်မှု သဘောကို နားလည်လာစေရေး များ ပါဝင်နေပေသည်။ ထိုကဲ့သို့ E-IMET ရံပုံငွေ ဖြင့် သုံးစွဲ နိုင်ရန် ကွန်ဂရက် ၏ အတည်ပြုချက် ရရှိဖို လိုအပ်နေသည်။ ကွန်ဂရက်မှ အဆိုပါ နိုင်ငံ၏ အခြေအနေများကို နှစ်စဉ် သုံးသပ်ပြီး လိုအပ်သလို ဆက်လက် ပြုလုပ်ခွင့် ရပ်ဆိုင်းခွင့် အမိန့်များ ထုတ်ပြန်နိုင်သည်။


အင်ဒိုနီးရှားစစ်တပ်
E-IMET အစီအစဉ် ဖြင့် အောင်မြင်ခဲ့မှုများတွင် အထင်ရှားဆုံးသည် အင်ဒိုနီရှားပင် ဖြစ်ပေသည်။ ဗိုလ်ချုပ်ကြီး ဆူဟာတို သည် စစ်တပ်ထောက်ခံမှုပေးထားသော အာဏာရှင် စနစ်ဖြင့် တိုင်းပြည်အား ၁၉၆၆ မှ ၁၉၉၈ အထိ အုပ်ချုပ်သွားခဲ့သည်။ ယနေ့ မြန်မာပြည်မှာကဲ့သို့ပင် အင်ဒိုနီရှား စစ်တပ်သည်လည်း ဥပဒေပြု လွှတ်တော်တွင် ကိုယ်စားလှယ်များ ထားရှိခဲ့သည်။ အမေရိကန်မှ အင်ဒိုနီရှား စစ်တပ်အရာရှိ ရာပေါင်းများစွာကို E-IMET အစီအစဉ် ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့သည်။ ဒီမိုကရေစီ စစ်တပ် သဘောသဘာဝ ကို ထိတွေ့ သိရှိခွင့် ရလာခဲ့မှုကြောင့် ဒီမိုကရေစီ အကျိုး ဖြစ်ထွန်းမှုကို သဘောပေါက်ခဲ့ကြပြီ့း ၂၀၀၄ တွင် လွှတ်တော်မှ အပြီးအပိုင် ထွက်ခွာ သွားခဲ့ကြပေသည်။
ထိုကဲ့သို့ ထွက်ခွာနိုင်ရေးတွင် အဓိက နေရာမှ ပါဝင်ခဲ့သူသည် ဒုတိယ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) အာဂပ်စ် ၀စ်ဂျိုဂျို ပင် ဖြစ်သည်။ ၎င်းသည် ၁၉၈၈ တွင် အမေရိကန်ကြည်းတပ်၏ ကွပ်ကဲရေး နှင့် စစ်ရေးချုပ် ကောလိပ်တွင် တက်ရောက်သင်ကြားခဲဖူးပြီး ၁၉၉၄ တွင် အမေရိကန် အမျိုးသား ကာကွယ်ရေး တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့သူ ဖြစ်သည်။ ၎င်းက "အင်ဒိုနီရှား၏ ဒီမိုကရေစီ ဖြစ်ထွန်းရေးတွင် IMET သည် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည်လည်း အလားတူ ဖြစ်သင့်သည်" ဟု တခါက ပြောကြားခဲ့ဖူးသည်။ ပြီးခဲ့သည့် အပါတ်အတွင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖိုရမ် ကို ၎င်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး ထိုအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပေသည်။
.
.
လောလောဆယ်တွင် မြန်မာ အနေဖြင့်
E-IMET ရံပုံငွေ လက်ခံ မရရှိနိုင်သေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ၏ လာမည့် ၀ါရှင်တန် ခရီးစဉ်တွင် တောင်းဆိုနိုင်ပေသည်။
ခွင့်ပြုချက်ရရှိပါက မြန်မာ တပ်မတော်အရာရှိ များ၊ ကာကွယ်ရေးဖက်ဆိုင်ရာ အရပ်ဖက် အရာရှိ အများအပြား အနေဖြင့် ဟာဝိုင်အီရှိ လုံခြုံရေး ဆိုင်ရာ လေ့လာမှု အာရှ-ပစိဖိတ် စင်တာ တွင် တက်ရောက်သင်ကြားခွင့်ရရှိမည် ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် IMET တွင် မပါဝင်သော အခြား ပရိုဂရမ်တခု ဖြစ်သည့် U.S. State Partnership Program တွင် ပါဝင်ခွင့်ရရန် တောင်းဆိုနိုင်ပေသေးသည်။ ထိုပရိုဂရမ်အရ မြန်မာတပ်မတော်အရာရှိ အများအပြားအနေဖြင့် အမေရိကန်ရှိ State National Guard တပ်များနှင့် ထိတွေ့ဆက်ဆံခွင့်ရရှိလာမည် ဖြစ်သည့်အပြင် အမေရိကန် ပြည်တွင်းရှိ သင်တန်း အမျိုးမျိုးကိုလည်း တက်ရောက်ခွင့်ရရှိလာကာ စစ်ဖက်အား အရပ်ဖက် ထိမ်းချုပ်မှု ၏ အရေးပါပုံ နှင့် နိုင်ငံတကာ စံနှုန်းများ လိုက်နာရေး တို့တွင် ပူပူနွေးနွေး အတွေ့အကြုံများ ရရှိလာနိုင်မည် ဖြစ်သည်။
အမေရိကန် အနေဖြင့်လည်း မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရှိနေစေရေး အကူအညီပေးရန် ထိတွေ့ ဆက်ဆံဖို့လိုနေပေသည်။ သို့အတွက် မြန်မာ ပြည်အား IMET ရံပုံငွေ ချပေးရန် လည်း လိုအပ်ပေသည်။ မြန်မာအရေး လေ့လာစောင့်ကြည့်သူ အချို့မှ ထိုကဲ့သို့ တွေးတောမှု မရှိကြသည်မှာလည်း နားလည်နိုင်ပါသည်။ ၎င်းတို့အနေဖြင့် အမေရိကန် စစ်တပ်မှ မြန်မာအား လက်ကမ်းစရာ မလိုပဲ နိုင်ငံရေး အရှိန်အ၀ါ ကို သုံးပြီး မြန်မာ စစ်တပ်ကို ဖိအားပေးရမည်ဟု ယူဆထားခဲ့သူများလည်း ဖြစ်သည်။ အချို့ကလည်း အမေရိကန်ထံမှ လေ့ကျင့်သင်ယူမှုများဖြင့် နိုင်ငံသားများအပေါ် ပြန်လည် အသုံးချလာမည့် အရေးကိုလည်း စိုးရွံ့မှုများ ရှိနေဆဲ ဖြစ်သည်။
ထို့အတွက် မိမိတို့ ပြောလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူအသက်အန္တရာယ် မထိခိုက်နိုင်သော လေ့ကျင်သင်ကြားပေးမှု ပြုလုပ်ရန် တောင်းဆိုသင့်ပေသည်။ အလယ်အလတ် မြန်မာ စစ်အရာရှိများအား ဒီမိုကရေစီ တန်ဖိုးများ၊ နိုင်ငံတကာ စံနှုန်းများ နားလည်လာစေခြင်းဖြင့် နောက်ပိုင်းတွင် မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်များ ပေါ်ထွန်းလာမည် ဖြစ်ပေသည်။
ထို့အပြင် ဒီမိုကရေစီ လူ့ဘောင်တွင် လွတ်လပ်သော မီဒီယာ ရှိရမည်ဆိုသည့် သဘောတရား ကို တပ်မတော်အနေဖြင့် နားလည် ပိုက်ထွေးလာရန်လည်း အထောက်အပံ့ ပေးနိုင်အုန်းမည် ဖြစ်ပေသည်။ ထို့အပြင် ရခိုင်ပြည်နယ် အခြေအနေတွင် လုံခြုံရေး တပ်ဖွဲ့များ ပါဝင်ပါတ်သက်မှုကြောင့် ဖြစ်ပေါ်လာရသော အငြင်းပွားမှုများကို လေ့လာ ဆန်းစစ်ရန် ကုလသမဂ္ဂ၏ မကြာမီက တောင်းဆိုချက်အားလည်း ကြိုဆို သင့်ကြောင်း သိရှိလာမည် ဖြစ်သည်။
ထရန့် အစိုးရအနေဖြင့်လည်း အရှေ့တောင်အာရှ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ရင့်ကျက် ခိုင်မာလာစေရန် အာရုံစိုက်သင့်ပြီး ကွန်ဂရက် အနေဖြင့်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းလာသော နိုင်ငံများအား အကူအညီပေးခဲ့ဖူးသည့် အစဉ်အလာအတိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်အား ပရိုဖက်ရှင်နယ် ဖြစ်လာစေရေး တောင်းဆိုချက်ကို လိုလိုလားလား လိုက်လျောသင့်လှပေသည်။
တပ်မတော် အနေဖြင့် လည်း အရပ်ဖက် ထိမ်းချုပ်မှု အောက်တွင် ရှိနေမှုကို လက်ခံပြီး လူ့အခွင့်အရေး နှင့် နိုင်ငံတကာ စံနှုန်းများ လေးစားလိုက်နာလာခြင်းဖြင့် သာ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဖိုးမဖြတ်နိုင်အောင် ၀င်ရောက် ကူညီပေးခြင်းမျိုး ဖြစ်ပေလိမ့်မည်။

Reference: 
https://www.facebook.com/soewai66/posts/1392911280828542
 မြန်မာ-အမေရိကန် တပ်မတော်၂ခု နီးစပ်လာချိန် တရုပ်က ဘယ်လိုတုံ့ပြန်မည်နည်း...
ယခုဆောင်းပါးတွင် တရုပ်ကဏ္ဍ ရေးသားမထားပါ...။ အထူးသဖြင့် ကချင်ပြည်နယ်သည် တရုပ်နှင့်အမေရိကန်တို့ ပြိုင်ဆိုင်မှုကြောင့် စစ်ပွဲများ မငြိမ်းချမ်းနိုင် ၏ အကြောင်းတစ်ခု ဖြစ်နေရသည်။ 

May 13, 2017

မြန်မာစစ်ခေါင်းဆောင်များ အရေးပါနေဆဲ မြန်မာ့နိုင်ငံရေး၊ ..ဆင်းရဲမွဲတေတဲ့မြန်မာနဲ့စစ်သုံးစရိတ်

မြန်မာစစ်ခေါင်းဆောင်များ အရေးပါနေဆဲ မြန်မာ့နိုင်ငံရေး
မီဒီယာဂုရုတယောက်ပြောစကား - မြန်မာပြည်ကတော့ ဆင်းရဲနေဦးမှာပဲ၊ လာပ်စားနေဦးမှာပဲ၊ နောက်၁၀နှစ်ကြာလဲ သိပ်ထူးမှာမဟုတ်ဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်လဲ လုပ်နိုင်သမျှလုပ်မှာပဲ၊ လက်နက်ကိုင်တွေ၊ အစိုးရအရာရှိကြီးတွေလဲ စားနိုင်သမျှ စားကြမှာပဲ။ ဒီတော့ ကိုယ်လဲ ဒေါ်အောင်ဆန်းစုကြည်လိုပဲ လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ရုံပါပဲ။ ပေါ့ပေါ့ပါးပါးပေါ့ ..တဲ့။ ဒါပေမဲ့ မြန်မာစစ်တပ်ကြီးက ဘေးကြပ်နံကြပ်နဲ့ စနစ်ပြောင်းပေးလိုက်ရသလို.. ဘေးကြပ်နံကြပ်နဲ့ပဲ လွှတ်တော်ထဲကထွက်သွားဖို့ မျှော်လင့်နေဆဲပါ။ အလွယ်တကူတော့ မဖြစ်နိုင်ပါဘူး။ ဒီတော့ မရေးချင်လဲ မြန်မာ့စစ်တပ်အကြောင်း ကိုယ့်ဥာဏ်တထွာတမိုက်နဲ့ ရေးလိုက်ပါဦးမယ်...။
.
.
ဆင်းရဲမွဲတေတဲ့မြန်မာနဲ့စစ်သုံးစရိတ်
စစ်သား ၄သိန်းကျော်က ကုန်ထုတ်လုပ်အား မရှိပဲ စစ်လေ့ကျင့်နေရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေလဲ သိန်းနဲ့ချီပြီး ကုန်ထုတ်လုပ်အား မရှိပဲ စစ်လေ့ကျင့်နေရတယ်။ စစ်ပြေးဒုက္ခသည်တွေလည်း အများကြီးရှိနေပါတယ်။

ဒီအကြောင်းကို အားလုံးသိကြပါတယ်။ မြန်မာ့တပ်မတော် စစ်သုံးစရိတ် အများကြီးသုံးနေခြင်းကို ချက်ခြင်း တားဆီးဖို့ လုံးဝမဖြစ်နိုင်ပါ။ သမ္မတဦးသိန်းစိန်အစိုးရ ၂၀၁၁ ကတည်းက ဘတ်ဂျတ်ရဲ့ ၁၃% ကာကွယ်ရေးအသုံးစရိတ် ဖြစ်နေပါတယ်။
.
ဒီကနေ့တော့ ကမ္ဘာ့ စစ်သုံးစရိတ် Military Expense by GDP ကိုလေ့လာကြည့်တော့ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံအဖို့ အရမ်းများနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ခတ်ရပ်စဲရေး ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပိုပြီး မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ၊ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးအလွန်အရေးကြီးကြောင်း သိပြီးဖြစ်ပေမဲ့၊ တကယ်လက်နက်ကိုင်နေသူတွေက မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်။ အရှေ့တောင်အာရှမှာလဲ စစ်သုံးစရိတ် ၃% နဲ့ ရာနှုန်းအနေနဲ့ အများဆုံးဖြစ်ပါတယ်။ ငွေပမာဏအနေနဲ့တော့ ၂.၁၄ ဘီလျံဒေါ်လာဖြစ်ပါတယ်။ အစိုးရဘတ်ဂျတ်ရဲ့ ၁၃% ကို အသုံးပြုထားပါတယ်။
http://www.indexmundi.com/g/r.aspx?v=132
.

အစိုးရသစ် တနှစ်ကျော်လာချိန်မှာလဲ ငြိမ်းချမ်းရေး ခက်ခဲနေဆဲဖြစ်ပါတယ်။ အပစ်ခတ်ရပ်စဲရေး အလွန်အရေးကြီးကြောင်း၊ မပစ်ခတ်ဘူးဆိုရင်တော့ လေနဲ့ပဲ စစ်တိုက်ရမှာ ဖြစ်လို့ ..တောင်ကိုးရီးယားနိုင်ငံလို မြောက်ကိုးရီးယား ချိန်းခြောက်မှုရှိနေလဲ တိုးတက်နေတာ လက်တွေ့ဖြစ်ရပါပါ။ ဒါကြောင့် အပစ်ခတ်ရပ်စဲရေး အလွန်အရေးကြီးကြောင်း ယခင် ဦးသိန်းစိန်အစိုးရနဲ့ ယခု ဒေါ်အောင်ဆန်းစုကြည်အစိုးရ အလွန်ကြိုးစားနေတာ တွေ့နိုင်ပါတယ်။
.
တရုပ်နိုင်ငံ
တဟုန်ထိုး တိုးတက်သွားခြင်းတွေမှာ လေ့လာကြည့်ရင်
၁။ ခေါင်းဆောင်ကောင်း တိန့်ရှောင်ဖိန့် ဦးဆောင်ခြင်း
၂။ အမေရိကန်၊ ဂျပန် အနောက်နိုင်ငံများနှင့်ချစ်ကြည်မှုရရှိခြင်း
၃။ နိုင်ငံခြားရောက် တရုပ်ပညာရှင်များစွာ ပြန်လာစေခြင်း
၎။ စစ်သုံးစရိတ်လျော့ချခြင်း၊ (စစ်တပ်နိုင်ငံရေးမှထွက်ခွာခြင်း)၊
၅။ လူမျိုးဘာသာမတူသော ပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်စေခြင်း
စတဲ့ လုပ်ရပ်များစွာ တွေ့ရမှာ ဖြစ်ပါတယ်။
.
မြန်မာနိုင်ငံမှာလည်း လူထုတခဲနက်ထောက်ခံ အာဏာရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိပါတယ်။ တရုပ်ပြည်နဲ့မတူတဲ့ အခြေအနေ များစွာ ဖြေရှင်းနေရပါတယ်။

တရုပ်၊ ဗီယက်နမ်၊ တောင်ကိုးရီးယား တို့ရဲ့အောင်မြင်မှုများ၊၊ အရှေ့အလယ်ပိုင်း အာရပ်နွေဦး၊ ကမ္ဘောဒိးယား စတဲ့ မအောင်မြင်မှုများကို မြန်မာအုပ်ချုပ်သူများ လေ့လာခွင့်ရပါတယ်။ မြန်မာအာဏာရှိ ခေါင်းဆောင်များ ညီညွတ်ဖို့လိုပါတယ်။
.
.
သုံးသပ်ချက်...
၁။ တပ်မတော်နဲ့ အစိုးရ နားလည်ညီညွတ်သွားမှ၊ ပြည်တွင်းငြိမ်းချမ်းရေး လမ်းစပွင့်ပါမယ်။ အချိန်ကာလကခု စောင့်ရပါမယ်။ ၂နှစ်လား၊ ၃နှစ်လား။ လူအကြောင်း ပေါင်းကြည့်မှသိ ဆိုတဲ့အတိုင်း လူတော်လူကောင်းတွေအချင်းချင်း ပေါင်းလို့ရပါတယ်။ ပေါင်းလို့ရသွားမှ အဲဒိတော့မှ ပြည်တွင်းငြိမ်းချမ်းရေး ရသွားပြီး၊ အပစ်ခတ်ရပ်စဲရေး အကောင်ထည်ဖေါ်နိုင်ပါမယ်။ စစ်သုံးစရိတ် လျှော့ချနိုင်ပြီး၊ တိုင်းပြည်တိုးတက်ရေးလုပ်ငန်းများ အမြန်အကောင်ထည်ဖေါ်နိုင်ပါမယ်၊ ဒါကတော့ သီအိုရီပါ၊ ဖြစ်အောင် ကြိုးစားနေကြပါတယ်။
.
၂။ ပြည်သူလူထုအတွက် မျက်ရည်နဲ့ဆုတောင်း၊ လုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေ ဘယ်လောက်များများ ရှိပါသလဲ။ ဒေါသနဲ့လုပ်ဆောင်နေသူများ၊ အညျိုးနဲ့လုပ်နေသူများ၊ ကြောက်ရွှံ့ခြင်းနဲ့လုပ်နေသူများစွာ ရှိနေပါတယ်။ ငြိမ်းချမ်းရေးမှာ ကေအိုင်အေ နဲ့ ၀ တပ်ဖွဲ့များ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးလာဖို့ လိုပါတယ်။
.
၃။ တပ်မတော်၊ အင်အယ်ဒီ၊ အတိုက်ခံပါတီ၊ တိုင်းရင်းသားလက်နက်ကိုင် တွေကို မီဒီယာအားဖြင့် ဖြစ်စေ၊ နည်းမျိုးစုံနဲ့ မြှောက်ပင့်သွေးထိုးနေသူများစွာ ရှိနေပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီခေါင်းဆောင်၂ဦးကိုပါ ပါတီ(၁၃)ခုက ရွေးကောက်ပွဲကော်မရှင်ကိုတိုင်တန်းထားတယ်။ ဒါလဲ ဒေါ်အောင်ဆန်းစုကြည် က သူတို့ကို တွေ့ဆုံလိုက်ရင် တင်းမာမှုရော့သွားမှာ ဖြစ်ပေမဲ့ မတွေ့နိုင်သေး။
.
၎။ အခုတော့ စစ်သား၊ စစ်ဗိုလ်တွေ မြို့ထဲမှာ ရုံးသွား၊ ရုံးပြန် စစ်ဝတ်စုံ မ၀တ်ရတော့ဘူး ဆိုတော့ တိုးတက်လာပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာ ၀တ်နေဆဲ၊ ငြိမ်းချမ်းရေးရင်ထွက်မယ် လို့ ကာ/ချုပ်က ပြောခဲ့ပါတယ်။။ စစ်တပ်ဝန်ကြီး ကာကွယ်ရေး၊ ပြည်တဲရေး နဲ့ နယ်စပ်ဝန်ကြီးဌာနတွေက ဘတ်ဂျတ်အများဆုံး သုံးပြီး အသေးစိတ်လဲ ဘာမှမတင်ပြကြပါ။ လျှော့ချဖို့ ဆိုတာလဲ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။ ပုံ-ဇယား၊ စစ်သုံးစရိတ် 3% of GDP or 13% of Budget.

၅။ အဓိက အကျဆုံးကတော့ လက်ရှိအင်အားကြီးလှတဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်များနဲ့ အင်အင်ဒီပါတီခေါင်းဆောင်များရဲ့ စိတ်ဓါတ်ဖြစ်ပါတယ်။ နာကျည်းမှုတွေ၊ မာန်မာနတွေ၊ မိမိနဲ့မိသားစု အနာဂါတ်စိတ်ချမှု အာမခံရဖို့အတွက် စိုးရိမ် ကြောက်ရွှံ့ခြင်းတွေက လွတ်မြောက်ဖို့၊ ခွင့်လွှတ်တတ်ဖို့လိုပါတယ်။ သူတို့တတွေ အခြေခံလူတန်းစား ဆင်းရဲမွဲတေသူဘ၀တွေကို မြင်ပြီး မျက်ရည်မကျသေးဖူး ဆိုရင်တော့ တိုင်းပြည်ကြီးလဲ လာပ်စား၊ အဂတိကြား တ၀ဲတလည်လည် ရှိနေဦးမှာပါ။
.
ဇာနီကြီး
၁၃.မေ.၂၀၁၇

April 05, 2017

အျံ့သြဘွယ်ပဲ. .(ကချင်စစ်ပြေးဒုက္ခစခန်း IDP, ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ


မြန်မာခရစ်ယာန်ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဒဏ်ခံရတဲ့မြစ်ကြီးနားမြို့ Palm Spring ဟိုတယ်မှာတွေ့ဆုံ။ 31/3/2017 EPA
မြို့ပြခေါင်းဆောင်များနဲ့ ကာသိုလစ်အသင်းတော်၊ နှစ်ခြင်းအသင်းတော် တာဝန်ရှိသူများနဲ့တွေ့ဆုံပြီး အမျိုးသား ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအဖွဲ့အစည်းများ မေလမှာကျင်းပမဲ့၂၁ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေးကွန်ဖရင့်ကို ပါဝင်ဖို့၊ NCA nationalwide ceasefire agreement အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့ပါတယ်။ ကာသိုလစ်ခရစ်ယန်ဖြစ်သူ မနမ်တူးဂျာ ကလည်း အတည်ပြုပြောဆိုပါတယ်။
ကချင်နှစ်ခြင်းအသင်းချုပ် အတွင်းရေးမှု Rev. Hkalam Samso ကလည်း internally displaced people (IDP) စစ်ရှောင် ဒုက္ခသည်စခန်းများအကြောင်း ဒုက္ခသည် ၄၂၀၀၀ အတွက် နိုင်ငံတကာက လူသားချင်းစာနာတဲ့အကူအညီများကို ကချင်၊ ရှမ်း ပြည်နယ်များကနေ ပိတ်ဆို့ထားခြင်းကို ဒ်ါအောင်အဆန်းစုကြည်ကို တင်ပြခဲ့ပါတယ်။
ကချင်ဇွံ့ဖြိုးမှုနက်ဝပ် အထွေထွေအတွင်းရေးမှုး Steven Tsa Ji ကလည်း စစ်ရှောင်စခန်းအကြောင်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀ိုင်းမော်မြို့နယ်က IDP စခန်းမှ စစ်ရှောင်ပြည်သူ ၂၅၀၀ နဲ့တွေ့ဆုံခဲ့ပါတယ်။
ရခိုင်ပြည်နယ် ဘင်္ဂလားဒုက္ခသည်များ မြန်မာတပ်မတော် စစ်ဆင်ရေးကြောင့် ထွက်ပြေး၊ လူ့အခွင့်ရေးကို U.N. Human Rights Council က ကုလသမဂ္ဂ အဖွဲ့စေလွှတ်ဖို့ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပါတယ်။
.
မုရန်



အျံ့သြဘွယ်ပဲ. .(ကချင်စစ်ပြေးဒုက္ခစခန်း IDP, ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ
.
Eleven Media News
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်လူထုခေါင်းဆောင်များနှင့် မတ် ၂၈ ရက်တွင် တွေ့ဆုံစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ယုံယုံကြည်ကြည် လက်မှတ်ရေးထိုးရန် ကချင်လူထုခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ မတ် ၂၈ ရက်တွင် ရောက်ရှိလာပြီး ကချင်လူထုခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းပုဂ္ဂိုလ် ၃၀ နှင့် တံခါးပိတ်ဆွေးနွေးမှုများ သုံးနာရီနီးပါးကြာ ပြုလုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက “ငြိမ်းချမ်းရေး ဘာကြောင့်ကြန့်ကြာနေတာလဲပေါ့။ ယုံကြည်မှုကြောင့်ပါပေါ့။ ၂၁ ရာစုပင်လုံအနေနဲ့ ကေအိုင်အို ပါဝင်လာအောင် NCA ကို ယုံယုံကြည်ကြည်နဲ့ လက်မှတ်ထိုးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ပြီး အားလုံးဆွေးနွေးနိုင်မှသာ အရှေ့ကိုရောက်နိုင်မယ်ပေါ့။ ကချင်လူထုရဲ့ သဘောထားကတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ကြမယ်ဆိုတာတော့ ၀ိုင်းစဉ်းစားကြရဦးမယ်။ ကချင်တိုင်းရင်းသားခေါင်းဆောင်တွေ အချင်းချင်းလည်း ဒီကိစ္စကို ဆွေးနွေးတိုင်ပင်ကြရဦးမှာပါ” ဟု ပြောကြားသည်။
ဆွေးနွေးပွဲတွင် အချိန်အနည်းငယ်သာ ရရှိသောကြောင့် လိုအပ်ချက်များနှင့် ပတ်သက်၍လည်း စာဖြင့်ရေးသားတင်ပြခဲ့မှုများ ရှိခဲ့ကြောင်း၊ နိုင်ငံရေး၊ လူမှုရေး၊ စစ်ရှောင်ဒုက္ခသည်စခန်းများ၏ အခြေအနေများကို တင်ပြဆွေးနွေးမှုများ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေမှုများ ရှိကြောင်း၊ ယုံ ကြည်မှုများ ပျက်ပြားနေချိန်တွင် ယခုကဲ့သို့ တွေ့ဆုံမှုမှာ ကချင်တိုင်းရင်းသားများအတွက် အားတက်စရာဖြစ်ကြောင်း တွေ့ဆုံသူများက ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကချင်လူထုနှင့် တွေ့ဆုံပြီးနောက် မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အကြောင်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်လူထုခေါင်းဆောင်များနှင့် မတ် ၂၈ ရက်တွင် တွေ့ဆုံစဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်လူထုခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ၀ိုင်းမော် ခတ်ချို စစ်ရှောင်စခန်း၊ မိုင်းနား KBC စစ်ရှောင်စခန်း၊ စန်းကား ရေဘေးရှောင်စခန်းများ၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာပရဟိတ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ အားပေးစကားများ ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ၎င်း၏ ခရီးစဉ်မှာ ငြိမ်းချမ်းရေးကိစ္စနှင့် စစ်ရှောင်သူများအား အားပေးစကားပြောကြားရန်၊ တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့ရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် စစ်ရှောင်စခန်းများသို့ မတ် ၂၈ ရက်က သွားရောက်အားပေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကချင်လူထုခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ၀ိုင်းမော်မြို့နယ်၊ ခတ်ချိုဒုက္ခသည်စခန်း၊ မိုင်းနား KBC စစ်ရှောင်စခန်း၊ မြစ်ကြီးနား ရွှေစက်ရပ်ကွက်ရှိ လန်ဆယ်ရေဘေးရှောင်စခန်း၊ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်ရှိ ပရဟိတ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ခရီးစဉ်မှာ ငြိမ်းချမ်းရေးကိစ္စနှင့် စစ်ရှောင်သူများအား အားပေးစကားပြောကြားရန်၊ တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့ရန်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ်ရောက်ရှိခဲ့စဉ်က အတူဓာတ်ပုံရိုက်ခဲ့ကြသော ကချင်အမျိုးသမီးကြီးများထဲမှ သက်ရှိထင်ရှား ကျန်ရစ်နေသေးသော အမျိုးသမီးကြီးနှစ်ဦးအား ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဉ် (Photo: Myanmar State Counsellor Office)
၎င်းက စစ်ရှောင်ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် “ကျွန်မ ကချင်ပြည်နယ်ကိုလာတာ ငြိမ်းချမ်းရေးကိစ္စက အဓိကပါ။ နောက်ပြီး စစ်ရှောင်တွေအတွက် အားပေးစကား လာပြောတာ။ တတ်နိုင်တဲ့ဘက်က လာပြီးကူညီတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ကိုလာပြီး တွေ့ရတာ ၀မ်းသာပါတယ်လို့ ပြောရတာလည်း ခက်ပါတယ်။ စစ်ဘေးရှောင်စခန်းဆိုတာ ဘယ်နိုင်ငံမှာမှ မရှိသင့်ပါဘူး။ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိလို့သာ ဒီလိုဖြစ်နေကြတာပါ။ ကျွန်မတို့ နိုင်ငံငြိမ်းချမ်းမှပဲ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေရဲ့ဘ၀ သက်သာမယ်ဆိုတာကိုတော့ ရှင်းပါတယ်။ အဲဒါကြောင့်လည်း ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေ မလစ်ဟင်းအောင် ကျွန်မတို့ ကူညီနေပါတယ်။ တတ်နိုင်သလောက်လည်း ၀ိုင်းပြီးကူညီမှာပါ။ အနာဂတ်အကျိုးအတွက် ရည်ရွယ်ချက်ကိုထားပြီး ကူညီမှုကိုလုပ်မှာပါ။ အားလုံးဝိုင်းလုပ်ကြမှာပဲ အောင်မြင်မှာပါ။ လုပ်ပေးနိုင်တာလည်း အတိုင်းအတာတစ်ခုအထိပါပဲ။ စစ်ရှောင်သူတွေဘက်ကလည်း သူများထောက်ပံနေတာကို မှီခိုနေရတာထက် ကိုယ့်လုပ်အားကိုယ်ကိုးနိုင်ဖို့၊ ကိုယ့်ဘ၀ကိုယ်ကျောင်းနိုင်အောင်လည်း ကြိုးစားစေချင်ပါတယ်။ အဓိက က ဒီလိုဖြစ်နေတာတွေက ငြိမ်းချမ်းရေးဆိုတော့ ငြိမ်းချမ်းရေးဖြစ်အောင်လည်း တတ်နိုင်တဲ့ဘက်က ကြိုးစားကြပါလို့ ကျွန်မပြောလိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ စစ်ဘေး၊ သဘာဝဘေးတွေ ရှောင်နေတာ ပြည်ထောင်စုဝန်ကြီးရဲ့ ပြောပြချက်အရဆိုရင် နှစ်သိန်းကနေ သုံးသိန်းကြားမှာ ရှိနေတယ်။ ကျွန်မတို့နိုင်ငံက လူဦးရေ ၅၃ သန်းရှိတော့ အချင်းချင်းတတ်နိုင်သလောက်ကူပြီး လုပ်ကြပါ။ ကိုယ်မိသားစုမှာ အချင်းချင်းညီညွတ်ကြတော့ ပတ်ဝန်းကျင်အိမ်တွေက လေးစားကြရတယ်။ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားတွေ အချင်းချင်း ညီညီညွတ်ညွတ် နေကြရင် နိုင်ငံတိုင်းက လေးစားရမှာပေါ့” ဟု ပြောကြားသည်။
စစ်ရှောင်စခန်းများတွင် စစ်ရှောင်သူများနှင့် တွေ့ဆုံစဉ် စစ်ရှောင်သူများက လယ်ယာမြေ ဆုံးရှုံးမှုများ၊ အကူအညီအထောက်အပံ့ လျှော့ချမှုများ၊ အလုပ်အကိုင်ရှားပါးမှုများကို တင်ပြခဲ့သည်။
Writer:
ထွန်းလင်းအောင် (မြစ်ကြီးနား)

အယ်ကွန်ဖန် (မြန်မာစစ်ဗိုလ်ချုပ်၊ မြောက်ပိုင်းတိုင်းမှုး၊ ဦးနေ၀င်း စစ်အာဏာရှင်ခေတ်က) - U Hla Swe / M Zaw Aung


အယ်ကွန်ဖန် (မြန်မာစစ်ဗိုလ်ချုပ်၊ မြောက်ပိုင်းတိုင်းမှုး၊ ဦးနေ၀င်း စစ်အာဏာရှင်ခေတ်က) မြစ်ကြီးနားဒူကထောင်ရပ်ကွက်မှာ ရှေ့ပြေးကားအလွန် နောက်ကားမှာပါလာတဲ့ တိုင်းမှုးကိုအောင်မြင်စွာလုပ်ကြံနိုင်ခဲ့ပါတယ်။ အနောက်မြောက်တိုင်း တိုင်းမှုး ဗိုလ်ထွန်းကြည် ကိုယ်တိုင်ရေးသာအုပ်မှာ အယ်ကွန်ဖန် လုပ်ကြံခံရပြီး အဲဒီရာထူးကို သတ္တိအရှိဆုံးဆိုတဲ့ ဗိုလ်ထွန်းကြည် သွားယူရမလို ဖြစ်လို့ မသွားလိုပါ လို့ရေးခဲ့ပါတယ်။ ဗိုလ်ကျော်ဘ ပဲသွားခဲ့ပါတယ်။ အခုချိန်ထိ စနိုက်ပါ ဗုံးကွဲ မြန်မာစစ်ဗိုလ်များစွာသေဆဲ့ ကချင်မျိုးကောင်းများစွာ သေဆုံးနေဆဲပါ။
.
အယ်ကွန်ဖန် လုပ်ကြံခံရပြီး၊ ဇနီး သားသမီးများနဲ့ ဒုက္ခရောက်ခဲ့ရတယ်။ သမီး အဆိုကျော် အယ်ခွန်းရီကနေ. မြေး အဆိုကျော် အယ်ဆိုင်းဇီ ကျမှ ပြန်အဆင်ပြေလာခဲ့တယ် ဆိုပဲ။ ကေအိုင်အေ လုပ်ကြံတယ်လို့ အစိုးရက စွတ်စွဲပြီး၊ ကေအိုင်အေ အဖွဲ့ကငြင်းဆိုပါတယ်။ လုပ်ကြံကေအိုင်အေ စစ်သားကို ဖမ်းမိပြီး အခုထိ နှစ်၃၀လောက် ထောင်ကျနေဆဲဖြစ်ပါတယ်။
.
အယ်ကွန်ဖန်အပြီး ဘယ်တိုင်းရင်းသားမှ ဗိုလ်မှုးကြီးရာထူးတောင် ရဖို့မလွယ်တော့ပါ။
လွှတ်တော်အမတ်ဟောင်း၊ စစ်ဗိုလ် တပ်ရင်းမှုဟောင်း ဦးလှဆွေ စာအုပ်ရေးထားပြီး ထုတ်မယ်ပြောပါတယ်။ စစ်ဝါဒီ တဦးဖြစ်လို့ စစ်တပ်ကောင်းကြောင်း ရေးမှာသေချာပေမဲ့ ကချင်လူထုအမြင်နဲ့ ဖတ်ကြည့်ပါဦးမယ်။ စာရေးဆရာ သန်းဝင်းလှိုင် ရဲ့ ဗိုလ်ချုပ်ဂွမ်းမော် အကြောင်း စာအုပ်ကတော့ တော်တော်ကောင်းပါတယ်။ ကချင်ပါတီများ ပေါင်းစည်းဖို့ လိုအပ်နေပါပြီ။ စစ်တပ် ၂၅% ပါတဲ့ ကချင်ပြည်နယ်လွှတ်တော်မှာ စစ်တပ်ကမထွက်ခွာခင် ကေအိုင်အေ ကိုယ်စားလှယ် ၁၀% လောက်တော့ ရသင့်ပါတယ်။
***********************************************
Copied from Hla Swe 's facebook (3.Apr.2017)
ကျနော် နှစ်နဲ့ချီ ပြုစုနေတဲ့
"အယ်လ်ကွန်ဖန် အားလုပ်ကြံခြင်း "
အချော ရေးပြီးသွားလို့ စာအုပ်ထုတ်မယ့် လွင်ဦးစာပေကို ပို့လိုက်ပါပြီ ၊ ဒီစာအုပ်ထဲမှာ KIA ဟာ 7 star ဆိုတဲ့ လူ ၇ ယောက်မှ စတင် ဖြစ်ပေါ်လာပုံ ၊ ရည်မှန်းချက်မှာ ဝမ်ပေါင်သမ္မတနိုင်ငံ ထူထောင်ရန် ဖြစ်ပုံ ၊ မြစ်ကြီးနား ABM ကျောင်းအုပ်ကြီး မရန် ဘရန်ဆိုင်း ရောက်လာမှ တရုပ်ကွန်မြူနစ်ပါတီ နဲ့ အဆက်အသွယ်ရပြီး တရုပ်ပြည်၌ လူ ၄၀၀ စစ်သင်တန်းတက်ကာ လက်နက်ခဲယမ်း များ အထောက်အပံ့ရရှိခဲ့ကြောင်း ၊ နောင်တွင် မော်စီတုံးပုံအားမီးရှို့ခြင်း ဝမ်ပေါင်နိုင်ငံထူထောင်ရေးကို မစွန့်လွှတ်ခြင်း တို့ကြောင့် ဗကပ တို့နှင့် သဘောထားကွဲလွဲပြီး အထောက်အပံ့ဖြတ်တောက်ခံရကြောင်း ၊ ထို့ကြောင့် ယိုးဒယား နှင့် ဘိန်း/ကျောက်စိမ်း ရောင်းချငွေမှ လက်နက်ခဲယမ်းလဲလှယ် စဉ် ငွေကိစ္စ မိန်းမ ကိစ္စများဖြင့် ခေါင်းဆောင် ဇော်ဆိုင်း ဇော်တူး ပုံရွှေဇော်ဆိုင်း တို့ ထိုင်းနယ်စပ်အနီး ရင်း ၁၁ ရင်းမှုး ဆိုင်းတူး၏သတ်ဖြတ်ခြင်းခံရကာ လမုန်တူးဂျိုင်သည် စစ်ဦးစီးချုပ်ဖြစ်လာကြောင်း ၊ လုပ်ကြံသူ ဆိုင်းတူးကိုလည်း စစ်ထောက်လှမ်းရေး စွပ်စွဲကာ သေဒဏ်ပေးခဲ့ကြောင်း ၊
လမုန်တူးဂျိုင်ဆိုသူမှာ ဗိုလ်မှုးချုပ် အယ်ကွန်ဖန် ဗိုလ်ကြီးဘဝ ၊ တပ်မတော် ကချင်သေနပ်ကိုင်တပ်ရင်း (၂) တွင်တာဝန်ထမ်းဆောင်စဉ် လင်ရှိမယား ကို ကြာကူရီရိုက်၍ ဗိုလ်ကြီး အယ်လ်ကွန်ဖန်က စစ်စည်းကမ်းအတိုင်း အရေးယူ ထောင်ချ ပြီး တပ်မတော်မှ ထုတ်ပြစ် ခံထားရသူဖြစ်ကြောင်း ၊ ၎င်း တပ်ကြပ် လမုန်တူဂျိုင်သည် KIA ၌ စစ်ဦးစီးချုပ် ဖြစ်နေစဉ် တိုင်းမှုးဖြစ်လာသော ဗိုလ်မှုးချုပ် အယ်လ်ကွန်ဖန်ကို အခဲမကြေ လက်စားခြေခြင်းဖြစ်ကြောင်း ၊ အကြောင်းပြချက်မှာ ၃၃ တန် ကျောက်စိမ်းတုံးကြီး KIA လက်မှ မပခ တပ်များ နိုင်ငံပိုင်အဖြစ် တိုက်ခိုက်သိမ်းယူ သွားခဲ့ခြင်းနှင့် ဓမ္မသစ် ဓမ္မဟောင်း အငြင်းပွားနေသောကချင်ဘုရားကျောင်းအား ဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင် အမိန့်ဖြင့် အမှု့ဖြစ်နေစဉ် ခတ္တပိတ်ထားရန် လမ်းညွှန်ချက်အား မကြေနပ်၍ ဟု အကြောင်းပြကြောင်း ၊ ထို့ပြင် အယ်လ်ကွန်ဖန် ၏ ဇနီးသည် ကချင်မဟုတ် ၊ သားသမီးများသည် ကချင်စကား မတတ် ဟု အကြောင်းပြကြောင်း ၊ လမုန်တူးဂျိုင်သည် စစ်ဦးစီးချုပ်သာဖြစ်နေသော်လည်း ခရီးထွက်လျှင်မိန်းမအများစုပါသောတပ်ဖွဲ့ကိုခေါ်သွားလေ့ရှိကြောင်း ၊ ရေချောင်းများဖြတ်ကူးရသောအခါ KIA မလေးများခြေထောက်ရေစိုမည်စိုး၍ စစ်ဦးစီးချုပ်ကိုယ်တိုင် တစ်ဦးခြင်း ကြင်နာစွာပွေ့ချီကာ ချောင်းတဖက်ကမ်းသို့ ပို့ဆောင်ပေးလေ့ရှိကြောင်း ၊
အယ်လ်ကွန်ဖန် ဆိုသူမှာ မည်သို့သောလူစားလည်း ? ၊စိန်လုံကမ္ဘာ နှင်းခဲသောတောင်ပေါ်ရွာလေးမှ အမဲလိုက် ငါးဖမ်း သီချင်းဆို ဂစ်တာတီးကျွမ်းကြင် ကာ စာတော်သောလူငယ်လေးဖြစ်ကြောင်း ၊ ရန်ကုန်တက္ကသိုလ် ဥပစာ သိပ္ပံတန်းအထိတက်ရောက်နေစဉ် နိုက်ကလပ် များ၌ ဂစ်တာတီး သီးချင်းဆို ငွေရှာပြီး မိမိကျောင်းစာရိတ်မိမိ ရိုးသားစွာရှာဖွေကျောင်းတက်ခဲ့သူဖြစ်ကြောင်း ပြည်တွင်းစစ်ကြီး အင်းစိန်တိုက်ပွဲအထိဖြစ်လာချိန်ဝယ် ကျောင်းတွေပိတ်ထားချိန် စိတ်တူကိုယ်တူ တက္ကသိုလ်ကျောင်းသား သူငယ်ချင်းများစုစည်း၍ တပ်မတော်သားများနှင့်ပူးပေါင်းကာ အင်းစိန်မှ KNDO များကိုတိုက်ထုတ်ရာတွင် ဗော်လံတီယာ အဖြစ် ပါဝင်ခဲ့ကြောင်း ၊ ထို့နောက် စစ်ထဲတွင်ဝါသနာပါသွားကာ ကျောင်းပြန်မတက်တော့ဘဲ OTS ဗိုလ်သင်တန်း အပါတ်စဉ် (၄) ကိုတက်ရောက်ခဲ့ကြောင်း ၊ ကျောက်မဲ ခလရ ၂၂ တွင်ကားမှောက်၍ ဘယ်ခြေ ၃ ပိုင်းကျိုးခဲ့ပြီး ကားမှောက်သဖြင့် စစ်စည်းကမ်းအရ လုပ်သက်လျှော့ ပြစ်ဒဏ်ခံယူရင်း၊ ဆေးရုံဆင်းသောအခါ မေမြို့ စစ်ခွေးသင်တန်းကျောင်းသို့ အပို့ခံရကြောင်း ၊
မေမြို့မှာပင် အဆိုတော်မေဆွိ မိခင် မြင့်မြင့်ခင် သူငယ်ချင်း ကျောင်းဆရာမ ဒေါ်ညွှန့်ညွှန့်မာ နှင့် ခရိယာန် ချပ်စ် တွင် ဓမ္မတေးများသီဆိုရင်းချစ်ကြိုက်လက်ထပ်ခဲ့ကြောင်း ၊ ဒေါ်ညွှန့်ညွှန့်မာ မှာ မိခင် ဗမာ ၊ ဖခင် စကော့ဒစ် လူမျိုးဖြစ်ကြောင်း ၊ ဗိုလ်ကြီး အယ်လ်ကွန်ဖန်ကို ဂစ်တာတီးသော လက်ချောင်းလေးများကိုကြည့်ပြီး ချစ်ခဲ့မိသည် ဟုဆိုကြောင်း ၊ ထို့နောက် အမေရိကန်နိုင်ငံ ဖို့ဝိန်း တွင် US Army မှ ဖွင့်လှစ်သော ခက်ခဲကြမ်းတမ်းသည့် Ranger Course ကို ပထမ အဆင့်ဖြင့်အောင်မြင်ခဲ့သော်လည်း ထိုအချိန်က အမေရိကန် တွင်အသားအရောင်ခွဲခြားမှု့စနစ်ရှိနေသေး၍ ဒုတိယ သာရသော ပြင်သစ် မှ မျက်နှာဖြူ အရာရှိကို ပထမ ပေးခဲ့ကြောင်း ၊ ထို့နောက် တပ်ရင်းမှုး ဗျူဟာမှုး တပ်မမှုး တိုင်းမှုး ဖြစ်လာကြောင်း ၊ လုပ်ကြံခံရမည့်နေ့က တိုင်းမှုးနှင့်အတူ ရှေ့တွဲနောက်တွဲအဖြစ် ၊ သားလတ်ဖြစ်သူ လယ်လ်ဘောက်ဝါ ( အဆိုတော် လယ်လွန်းဝါဖခင်) နှင့် သားငယ် အယ်လ်ဒွဲဝါ တို့သည် သူငယ်ချင်း တူးအောင် ( One ချန်ပီယံရှစ် အောင်လလဆန် ဖခင် ) နှင့်အတူ ဂေါက်ရိုက်ခဲ့ကြကြောင်း ၊
ဖခင်၏အားကစားကိုအားပေးမှု့ကြောင့်ထိုနှစ်က ကချင်ပြည်နယ် ဂေါက်အသင်းသည် တိုင်းနှင့်ပြည်နယ် အလိုက်အကြောပေး ရိုက်ချက်တွင်ပထမ ရခဲ့ကြောင်း ၊ လုပ်ကြံမည့်အဖွဲခေါင်းဆောင် ဇော်ဆိုင်း ကို ရန်ကုန် ကွန်ဖူးစိုးမြင့်သား မြင့်ဌေး က သင်တန်းကြေး ငွေကျပ် ၆၀ ဖြင့် အနီးကပ်တိုက်ခိုက်နည်းများသင်ပေးခဲ့ကြောင်း လုပ်ကြံမည့်အဖွဲ့ဖြစ်သော ၊ လဖိုင်ဇော်ဆိုင်း ၊ မရူခေါန်းမိုင် ၊ တန်ဘောမ်ထွယ်ဆန် ၊ ဇော်အိမ် တို့ (၄) ဦးသည် တိုင်းမှုးဂေါက်ရိုက်ပြန်သော ညနေပိုင်း၌ တစ်ကြိမ်စောင့်ကြည့်ပြီး နောက်နေ့တွင် လုပ်ကြံသတ်ဖြတ်မည့်မိုင်နဲကွေ့သို့ ၁၀ မိနစ်ခန့်သာကြိုတင်ရောက်ရှိခဲ့ကြောင်း (တပ်လုံခြုံရေးအဖွဲ့နှင့်တွေ၍ ပုန်းနေရသောကြောင့် ဖြစ်သည်) ယာဉ်တန်းရောက်၍ပစ်ခတ်သောအခါ လုံခြုံရေးများကပြန်မပစ်နိုင်ကြောင်း
အဘယ်ကြောင့်ဆိုသော် လုံခြုံရေးရဲဘော်များသည် ကျည်မပါသောကျည်အိမ်အလွတ်များကိုသာ တပ်ဆင်ထားကြ၍ဖြစ်ကြောင်း ( တိုင်းမှုးက သူ့ကိုသတ်မယ့် ကချင် မရှိပါဘူးဟု အမြဲပြောကြောင်း ) ပစ်ခတ်မှု့တွင် တိုင်းမှုးအား ၁၄ ချက်မှန်ပြီး PSO မှာလည်ဂုတ်တွင်တစ်ချက်မှန် ကာ နေရာတွင်ကျဆုံးကြောင်း ၊ တိုင်းမှုးမှာ ဆေးရုံအထိ အသက်ပါသေးကြောင်း ၊ ဆေးရုံလိုက်ပို့သူမှာ ထောက်လှမ်းရေးတပ်မှုး ဖြစ်ပြီး ဒုတိုင်းမှုး ဗိုလ်မှုးကြီးကျော်သန်းနှင့် လုံခြုံရေး အရာရှိ တိုင်းမှုး ယာဉ်မောင်း တို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ၊ လုပ်ကြံသူတို့သည် ကျည် တစ်ဘောက်စီသာပစ်ခတ် ပြီးထွက်ပြေးလွတ်မြောက်သွားကြောင်း ၊
အားလုံးပုဆိုးဝတ်များဖြစ်၍ အရပ်သားအသွင်ဖြစ်ကြောင်း သေနပ်များကို ဖွက်ပြီး ဆုံရပ် ညောင်ပင် တွင် (၄)ဦး မစုံဘဲ ခေါန်မိုင် ကျန်နေသေး၍ ခေါင်းဆောင်ဖြစ်သူ ဇော်ဆိုင်း က လိုက်ရှာစဉ် ရပ်ကွက်အတွင်းမှ ရေချိုးနေသော ကချင်လူငယ်များက မသင်္ကာဖြစ်ပြီး ဝိုင်းဝန်းဖမ်းဆီးခြင်းခံခဲ့ရကြောင်း ၊ ဖမ်းမိသူ ဇော်ဆိုင်းကို သေဒဏ်ပေးခဲ့သော်လည်း တသက်တစ်ကျွန်းသို့ပြောင်းလဲပေးခဲ့ကြောင်း ၊ ထိုကိစ္စ KIA ဗဟိုဌာနချုပ် ကသူတို့လုပ်တာမဟုတ် ဟုငြင်းဆိုခဲ့သော်လည်း ၂၇ နှစ်အကြာ ၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြန်လွတ်လာသော လုပ်ကြံသူ ဇော်ဆိုင်း က
" မိမိတို့ KIA ကွန်မန်ဒိုအဖွဲ့၏ တိုင်းမှုးကိုအနီးကပ်လုပ်ကြံမှု့ အောင်မြင်ခဲ့ပါတယ် " ဟု
မီဒီယာများသို့ပြောကြားခဲ့ချက်သည် KIA ဗဟိုမှ ငြင်းဆိုချက်နှင့်ကွဲလွဲနေကြောင်း ၊
စသဖြင့် ဓါတ်ပုံများ ဝေဝေဆာဆာ နဲ့ လွင်ဦးစာပေက မကြာမှီ ထွက်လာပါလိမ့်မယ် လို့ ကြိုတင် ကြော်ငြာ ထားပါရစေ ၊ ယ္ခင်ထွက်ရှိပြီးဖြစ်တဲ့ သူရကျော်ကျော်ချို စာအုပ် ကဲ့သို့ အားပေးကြပါကုန် ။
Copied from Hla Swe 's facebook (3.Apr.2017)
***********************
ဦးလှဆွေ အမြင်ဖြစ်ပါတယ်။ ကျနော့်အမြင်ကတော့ .. အယ်ကွန်ဖန်အပြီး ဘယ်တိုင်းရင်းသားမှ ဗိုလ်မှုးကြီးရာထူးတောင် ရဖို့မလွယ်တော့ပါ။
.
ပုံ - ဗိုလ်မှုးချုပ်အယ်ခွန်ဖန် (မြောက်ပိုင်းတိုင်းမှုး) နှင့် ဇနီး ဒေါ်ညွန့်ညွန့်မာ
.
Credit: U Hla Swe / M Zaw Aung
5.April.2017

ဒေါ်အောင်ဆန်းစုကြည်နဲ့ကချင် ရခိုင် အရေး. ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ နဲ့ ပင်လုံညီလာခံ - ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်နဲ့ကချင် ရခိုင် အရေး. . .
ကချင် ကေအိုင်အေတွေ
ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ နဲ့ ပင်လုံညီလာခံ  နေပြည်တော်မှာ ကေအိုင်အေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြတယ် ကောလဟာလသံ ကြားရတော့
ကေအိုင်အေ နီးစပ်သူများကို မေးကြည့်ပါတယ်။ ကေအိုင်အေ နေပြည်တော်လာဖို့ စတင်ကမ်းလှမ်းပါပြီ။ အချိန် နေရာ မပါပဲ လာပါဆိုတော့ တမျိုးပဲ တဲ့။
.
.
ကေအိုင်အေတွေ ရမ်းစိတ်ဆိုးနေတယ်
ဟုတ်လား မေးတော့ . .
ဟုတ်တယ် လို့ဖြေတယ်။
.
.
.
"ဘာကြောင့်လဲ နယ်စပ်က ကေအိုင်အေစခန်းလေးတွေ များစွာ ဂိဒေါင်စခန်းအပါအဝင် အင်အားသုံး လေကြောင်းဗုန်းကြဲ သိမ်းပြတာကြောင့်လား . ." . .မေးတော့
" ဒါကြောင့်လဲ မဟုတ်ပါဘူး" . ဖြေတယ်။
.
.
.
" အရင်လက မြန်မာပြည်လုံးဆိုင်ရာ ခရစ်ယန်သင်းအုပ်ဆရာများ ကွန်ဖရင့်မှာ ကချင်ပြည်နယ်က ကချင်သင်းအုပ်ဆရာများ ထပြီး အလွန်မကြေနပ်စွာ ရင်ဖွင့်ကြတယ်။ မြန်မာပြည် အနှံ့က ရောက်လာတဲ့ သင်းအုပ်ဆရာတချို့ ဘာသာရေးကွန်ဖရင့်မှာ နိုင်ငံရေးအသံ ကြားရတော့ အစိုးရလာဖမ်းမလား စိုးရိမ်ကြသေးတယ်။ နောက်ဆုံးတော့ ဒို့အားလုံး ကချင်ပြည်နယ် ပြသနာက အရေးကြီးတယ်။ ဝိုင်းဆုတောင်းပေးရမယ် ပြောပြီး ဆုပဲတောင်းပေးကြတယ် ဆိုပဲ။ ဘာပြသနာလဲ ?" . . မေးတော့
"နိုင်ငံရေးပြသနာပဲ" . . လို့ ဖြေပါတယ်။
.
.
.
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည် တိုက်ပွဲတွေမှာ ဘာသံမှမထွက်ဘူး။ ဒါကို ဘယ်လိုမြင်သလဲ " . .မေးတယ်။
"ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စစ်တပ်အလိုကျ လုပ်နေရပြီ။ သူက ကောင်းပါတယ်။ ကမ္ဘာသိ သြဇာကြီးတဲ့ ခေါင်းဆောင်ကြီးပါ။ လေးစားပါတယ်။ ဒါပေမဲ့ ဗမာတွေအတွက်ပဲ ကောင်းတာပါ။ ကချင်တွေအတွက်တော့ မကောင်းဘူး။ ပိုတောင် ဆိုးလာသလိုပဲ။ စစ်ရှောင်ဒုက္ခသည်တွေ ပိုတောင်များလာသေးတယ်". . လို့ ဖြေပါတယ်။
.
.
.
" ကချင်စစ်ရှောင် ဒုက္ခသည်တွေအတွက် အတိုင်ပင်ခံရုံးက ထောက်ပံ့ငွေ သိန်းထောင်နဲ့ချီ တရားဝင်ပေးနေပြီလေ။ စစ်တပ်က သဘောတူလို့ အစိုးရက တရားဝင်ကူညီ နေပြီပဲ။ ၂၀၁၂ သမတဦးသိန်းစိန်လက်ထက်ကတည်းက စစ်တပ်လေကြောင်းထိုးစစ် အကြီးကျယ် လုပ်စဉ်က ဒေါ်အောင်ဆန်းစုကြည် ငြိမ်နေပေမဲ့ စစ်ရှောင်ဒုက္ခသည်များကို ၃ကြိမ်တိုင် ကျပ်သိန်းရာချီ လှုဒါန်းခဲ့တယ် မဟုတ်လား " . . လို့
မေးလိုက်ပါတယ်။
" ဒီအတွက် စစ်ရှောင်ဒုက္ခသည်များကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဗမာစစ်တပ်သဘောကျ ဖြစ်နေပြီ။ အခုကြည့်သူပါလား . . ဦးကိုနီ မတရား အကြမ်းဖက် လုပ်ကြံခံရလို့ သေဆုံးသွားရှာတာ ဝမ်းနည်းကြောင်း စကားတခွန်းတောင် မပြောဘူးလေ။ ရခိုင်အရေးလည်း ဒီအတိုင်းပဲ . . ရခိုင်ပြည်နယ်က ထွက်တဲ့ ဓါတ်ငွေ့ နှစ်စဉ် ဒေါ်လာ ဘီလျံနဲ့ချီပြီး ရခိုင်တွေ တပြားမှမရဘူး။ အလားတူပဲ ကချင်ပြည်နယ်က ကျောက်စိမ်းတွေလဲ နှစ်စဉ် ဒေါ်လာဘီလျံ နဲ့ချီပြီးရတာ ကချင်တွေ တပြားမှမရဘူး။ ကေအိုင်အေ ကုန်သည်တွေကို အခွန်ကောက်ရတဲ့ ပိုက်ဆံနဲ့ မြစ်ကြီးနားမြို့ကို လျှပ်စစ်ပေးတယ်။ လမ်းခင်းတယ်။ ဒါတောင် စစ်တပ်ကုမဏီတွေနဲ့ အစိုးရ အီးပီစီ က ၂ဆတိုး တောင်းလို့ ပြည်မမှာ လျပ်စစ် တယူနစ် ၃၅ကျပ်. . မြစ်ကြီးနားမှာ တယူနစ် ၃၀၀ကျပ် . . ဒီလိုပဲ ကချင်တွေ အရာရာမှာ အရမ်းနစ်နာနေတာ။ သူလုပ်နေတာတွေက စစ်တပ်လုပ်စေချင်တဲ့အတိုင်း ဖြစ်နေတာ။ သူခေါင်းဆောင်မဖြစ်ရင် ကချင်ပြည်နည်အတွက် ပိုကောင်းသလိုပဲ" . . လို့ ဖြေပါတယ်။
.
.
.
"ဟာ . မလုပ်ပါနဲ့ . . ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် မလုပ်ရင် ဘယ်သူလုပ်နိုင်မှာလဲ။ ညှိနှိုင်းနေရတာပေါ့လေ။ သူ့လောက် သြဇာရှိတဲ့လူတောင် ငြိမ်နေရတာ ကြည့်ပါ။ မလွယ်တာ ဧကန်ပါပဲ။ ကချင် ရခိုင် အရေးတွေက အလွန်ခက်ခဲ ရှုပ်ထွေးတယ် ဆိုတာပြတာပါ။ မြန်မာစစ်တပ်ကြီး ကချင်ပြည်နယ်မှာ ရှိသလို တရုပ်စစ်တပ်ကြီးလဲ ကချင်နယ်စပ် ယူနန်ပြည်နယ်မှာ ရှိနေတာ သိတယ်မဟုတ်လား. . လို့
မေးကြည့်ပါတယ်။ . .
" တရုပ်နဲ့ မြန်မာ စစ်အင်အားပြိုင်ချင်သလား . . မြန်မာစစ်တပ်က ဘာလို့တရုပ်ကို ချချင်နေရတာလဲ. . မဖြစ်နိုင်ဘူး။ ကချင်ပြည်နယ်မှာ ဗမာစစ်တပ်ကြီး ရောက်နေတာ ကေအိုင်အေကို တိုက်ဖို့ပဲ ဖြစ်နိုင်တယ်။ ကေအိုင်အေ စစ်ဗိုလ်ချုပ်တွေက အားလုံးနီးပါး စစ်ဆက်မတိုက်ချင်တော့ဘူး။ စစ်တိုက်လို့ ကချင်ပြည်နယ် လူထုပဲ နစ်နာနေတာ အခုကြည့်ပါ. . စစ်ဘေးက အိုးအိမ်ပစ်ပြေးရတဲ့ ကချင်ဒုက္ခသည်တွေ ၄နှစ်ကျော်ပြီ။ အလွန်ချမ်းအေးတဲ့ ဆောင်ဒဏ်ခံ အစာရေစာလည်း မလုံလောက်။ တရုပ်အစိုးရကလည်း မောင်းထုတ်။ ဒုက္ခရောက်ရတဲ့ကြား မူးရစ်ဆေးဝါး ဆေးပြားနဲ့ ဘိန်းစိုက်ခင်းတွေကလည်း ဘိန်းဘုရင်တွေ ဝိသမစီးပွားရေးလုပ်ပြန်တယ်။ အခုတော့ ဖမ်းဆီးနေပေမဲ့ ပိုင်ရှင်မဲ့တွေချည်း ဖြစ်နေတယ်။ အဆုံးသပ်ရရင် ကချင်လူငယ်တွေ ကေအိုင်အေဖြစ်ပြီး သေနပ်ကိုင်နေရတယ်။ ကေအိုင်အေ မဖြစ်ရင် မူးယစ်သားကောင် ကျောက်စိမ်းတွင်းတူးလုပ်သား ပညာမသင်နိုင် . . တရုပ်ပြည်သွားအလုပ်လုပ် . .ချွတ်ခြုံကျနေတာ စစ်ပွဲကြောင့်ပဲ။
ကေအိုင်အေ က စစ်မတိုက်ချင်ပဲ . NCA အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ပဲ . . ကချင်ပြည်နယ် ပြည်တွင်း စစ်ပွဲတွေ ဖြစ်နေတာ ဘယ်သူ့ကြောင့်လဲ ဆိုတာ လူတိုင်းသိပါတယ်". . လို့ ဖြေပါတယ်။
.
.
.
မြန်မာငြိမ်းချမ်းလိုသူအမြင်. .
ဒါနဲ့ ကချင်ပြည်နယ် တခါမှ မရောက်ဖူးသူ ကချင်ကျေးရွာတွေကို မရောက်ဖူးသူ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူမိတ်ဆွေနဲ့ ဆက်ပြောကြပါတယ်။ သူကတော့ ကေအိုင်အေ NCA အပစ်ခတ် ရပ်စဲရေးကို ဘာပဲဖြစ်ဖြစ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စွာ လက်မှတ်ထိုသင်ကြောင်း။ လက်မှတ်ထိုးလိုက်ရင် ဗိုလ်မင်းအောင်လှိုင် တို့ အုပ်စု အငိုက်မိသွားပြီး ငြိမ်းချမ်းရေး ခရီးစဉ် လမ်းစ ပြန်ပေါ်လာမှာဖြစ်ကြောင်း ၂၅% စစ်သားတွေ အမြန်ဆုံး လွှတ်တော်ထဲက ထွက်သွားစေချင်ကြောင်း . .စသဖြင့် ပြောတာ နားထောင်ရပြန်တယ်။
.
.
.
စစ်တပ်ထောက်ခံသူအမြင်. .
ဖေ့ဘုတ်ကနေ လူသောင်းချီ လိုက်ခ် ပေးမှုရရှိထားတဲ့ ဝန်ကြီးဟောင်တဦး ရေးထားတာလည်း စစ်တပ်ဖက်ကပါပဲ။ သူကိုယ်တိုင် ကချင်ပြည်နယ်မှာ ဗိုလ်ကြီးဘဝ စစ်ဆင်ရေးတွေ လုပ်ခဲ့စဉ်အကြောင်း ကချင်လူမျိုးများအကြောင်း ခရစ်ယန်ဘာသာအကြောင်း ကချင်ပြည်နယ်မှာ ကေအိုင်အေ ပျောက်ကျားစစ်ကို နိုင်ဖို့ မလွယ်ကြောင်း သိပေမဲ့ . . သူ့အာဘော်ကတော့ တရုပ်က မပံ့ပိုးအောင် ဖြတ်တောက်ဖို့ . . တရုပ်စစ်တပ်နဲ့ မြန်မာစစ်တပ် ၂ခုပေါင်း ညီညွတ်လာရင် ကေအိုင်အေ ငြိမ်းချမ်းရေးပါလာမယ် အယူအဆတွေ တွေ့ရပါတယ်။ စစ်ဝါဒီ အမြင်တွေ သူတို့ (စစ်ဗိုလ်အငြိမ်းစားတွေ) မှာ ရှိနေတာ မဆန်းပါဘူး။
ဗိုလ်ချုပ်ဟောင်း အနောက်မြောက်တိုင်းမှုးအငြိမ်းစား ဗိုလ်ထွန်းကြည် ကတော့ . . သူကိုယ်တိုင်ရေးအထုပ္ပတိ အထူကြီး ၃တွဲ ထုတ်ပါတယ်။ ထုံးစံအတိုင်း (သူ့အပေါ်) စစ်တပ်ကကောင်းကြောင်း။ ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးကြောင့် သူ ရာထူးကထွက်ရကြောင်း။ ကချင်ပြည်နယ်ကို ကေအိုင်အေနယ်မြေ စစ်တိုင်းမှုးမလုပ်လိုကြောင်း။ သူ့သူငယ်ချင်း အယ်လ်ကွန်ဖန် တိုင်းမှုး လုပ်နေတုန်း လုပ်ကြံခံရလို့ ဗိုလ်ထွန်းကြည် တိုင်းမှုးသွားလုပ်ဖို့ ဖြစ်လာတော့ . . မသွားလိုကြောင်း လူကြီးများကို ပြောကြောင်း. .သူ့စာအုပ်မှာ ဝန်ခံရေးသားထားပါတယ်။ ကချင်ပြည်နယ်က ခက်ခဲကြောင်း စစ်ဗိုလ်ချုပ်ဟောင်းတွေမှာ သမာသမတ်အရှိဆုံးတယောက် ဖြစ်တဲ့ အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ကြီးကလဲ ပြောပါတယ်။
.
ကျန်တဲ့ စစ်အာဏာရှင်စိတ်ရှိသူတွေ စစ်ဝါဒီတွေက " ချကွာ ချကွာ. . အမြင်ရှိသူများစွာ တို့နဲ့အတူ သူတို့လည်း" ကချင်ရွာတွေ တခါမှမရောက်ဖူးကြပါဘူး။ ရောက်ဖူးသွားသူများကတော့ အပြတ်တိုက်ခိုက်နှိမ်နင်းဖို့ မလိုလားကြပါဘူး။ မဖြစ်နိုင်မှန်း သိလို့ပါ။
.
.
တရုပ် အမေရိကန် ဒေသသြဇာအတွက်ရော စီးပွားရေးအင်ပါယာချဲ့ဖို့ ကြိုးစားနေတာ တရုပ်ပဲ နိုင်နေဆဲပါ။ စစ်အာဏာရှင်ခေါင်းဆောင် ဦးသန်းရွှေ ကတော့ တရုပ်အင်ပါယာချဲ့တာ သူမတတ်နိုင်လို့ . မကာကွယ်နိုင်လို့ ဆင်းပေးသွားပါတယ်။ .ပြီးတော့ သူ့မိသားစုလဲ ဦးနေဝင်းမိသားစုလိုပဲ နာမည်ပျက် ထောင်ကျ မဖြစ်လိုတာ အဓိက ကျမယ် ပြောသူများလဲ ရှိပါတယ်။ သူ့သြဇာခံ ဦးသိန်းစိန် အစိုးရလည်း တရုပ်သြဇာ တောင့်မခံနိုင်ပါဘူး။ မြစ်ဆုံ ကြေးနီ ကျောက်စိမ်း နဲ့ ရွှေဓါတ်ငွေ့ သယံဇာတတွေနဲ့ ကချင် ရခိုင် လူမျိုးရေး ပြသနာ ရှုပ်ထွေးပြည်တွင်းစစ်. . မငြိမ်းချမ်းနိုင်ပါ။ အရေးထဲ ဗုဒ္ဓ မွတ်ဆလင် ခရစ်ယန် ဘာသာရေးကို အသုံပြု လျို့ဆော်တဲ့ မဘသ စတိုင်လ် တွေကိုလည်း သတိထားနေရပါမယ်။ ကြံခိုင်ရေးပါတီ အစိုးရလည်း လူထုလုံးဝမကြည်ဖြူတော့ ရွေးကောက်ပွဲ အပြတ်သတ်ရှုံး အာဏာလွဲပေးရပါတော့တယ်။
အခု အတိုင်ပင်ခံရုံးက ကချင်ပြည်နယ်အတွက် ခြေလှမ်း ပံ့ပိုးမှုကို ကြိုဆိုပါတယ်။ ပင်လုံညီလာခံ အတွက် ကေအိုင်အေ NCA အပစ်ခတ်ရပ် လက်မှတ်ထိုးဖို့ နိုင်ငံရေးပြသနာ အမြန်ဆုံး ဖြေရှင်ကြဖို့ မျှော်လင့်နေပါတယ်။
ဇော်အောင်(မုံရွာ)
၎.၂.၂၀၁၇
LikeShow more reactions
Commen