March 13, 2013

IDP နှင့် ရာသီဥတု

 (ခေါ်န်ဂျာ)
မနေ့က နံနက် ၂း၃၀ နာရီတွင် မိုးပြင်းထန်စွာ ရွာသွန်းခြင်း တလက်မ ပတ်လည်အရွယ်ရှိ မိုးသီးမိုးပေါက်များ ကြွေကျခြင်းကြောင့် မြန်မာနိုင်ငံ အစိုးရအုပ်ချုပ်မှု ပြင်ပ၊ KIO ၏ အရှေ့ပိုင်း ခရိုင်၊ မိုင်ဂျာယန်အနီးရှိ ပါကထောင် IDP စခန်းတွင် အိမ်ခြေ ၁၅ အိမ်ခန့် နေထိုင်လျက်ရှိသော တဲတန်း ပြိုကျ ပျက်စီးသွားခြင်း၊ အိပ်ယာ အသုံးအဆောင်များ စိုရွှဲသွားခြင်း ဖြစ်ခဲ့ရပါသည်။ 

လိုင်ဇာအနီးတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းကြောင့် တဲများ အနည်းငယ် ပျက်စီးကြောင်းသတင်းရရှိပါသည်။ 

No comments:

Post a Comment