March 13, 2013

မြင်းခြံ ငြိမ်းချမ်းရေးလမ်းလျောက်အဖွဲ့ လိုင်ဇာရောက်ပြီ


(Kachin Land News)

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြင်းခြံမှ စတင်ထွက်ခွာလာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျောက်အဖွဲ့သည် မတ်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် လိုင်ဇာမြို့သို့ရောက်ရှိခဲ့သည်။


ဘုန်းကြီး ၉ ပါး၊ အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၃၄ ပါဝင်သည့် အဖွဲ့သည် လဂျားယန်တွင် အစိုးရ စစ်တပ် ပိတ်ဆို့မူကို ၅ ရက်တိုင်ခံခဲ့ရသည်။

“ လဂျားယန်မှာ ပိတ်ထားခံရတုန်းက လိုင်ဇာမြို့က ပြည်သူတွေမျောပေးလိုက်တဲ့ အားပေးစာ လေးတွေက တကယ့်ကို အားဖြစ်စေခဲ့ပါတယ်။ ” ဟု ငြိမ်းချမ်းရေးလမ်းလျာက်အဖွဲ့တွင် ပါဝင်သူ တဦးက ပြောသည်။

ငြိမ်းချမ်းရေးအဖွဲ့ လိုင်ဇာသို့ ရောက်တော့မည့် သတင်းကြားသည့် မတ်လ ၈ ရက်နေ့မှ စတင်ကာ လိုင်ဇာမြို့ပြည်သူများက လ၀ါယန်သို့ နေ့စဉ်သွားရောက်စောင့်ဆိုင်းကြိုဆိုခဲ့ကြသည်။

“ ဗမာစစ်တပ်က လုပ်တာဟာ ဗမာတွေနဲ့မဆိုင်ဘူးလို့ ပြောလို့မရပါဘူး၊ ကျနော်တို့ တာဝန်ယူပေးရမယ် ဖြေရှင်းပေးရမဲ့အရာတွေဖြစ်ပါတယ် ” ဟို ကိုသန့်ဇင်ကပြောသည်။

“ အလှူငွေတွေ ၁၄၈ သိန်းကိုတော့ ကေအိုင်အိုက တာဝန်ရှိသူတွေကို ပေးသွားမှာပါ။ ဒီအပေါ်မှာ ဘာမှ အမြတ်ထုတ်ဖို့ နာမည်ကြီးအောင်လုပ်ဖို့မရှိပါဘူး၊ ဒါပြီးရင် ဘာမှ ဆက်လုပ်ဖို့စီစဉ်ထားတာ မရှိပါဘူး ” ဟု ကိုသန့်ဇင်ကပြောသည်။

ငြိမ်းချမ်းရေးလမ်းလျောက်အဖွဲ့သည် လိုင်ဇာမြို့ အဝေးပြေးကားဝင်းမှ ဟိုတယ်တွင် နေထို်င်လျက်ရှိပြီး ဒုက္ခသည် စခန်းများသို့လည်း သွားရောက်မည်ဖြစ်သည်။


No comments:

Post a Comment